မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Monday, December 5, 2016

လီဗာပူးကို ၄ ဂိုး ၃ ဂိုးဖြင့် ဘုန်းမောက် အနိုင်ယူ (ရုပ်သံဟိုက်လိုက်)




တနင်္ဂနွေနေ့က ယှဉ်ပြိုင် သွားတဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ ဘုန်းမောက် အသင်းက နာမည်ကြီး လီဗာပူးကို နောက်ကနေ လိုက်ကစားပြီး ၄ ဂိုး ၃ ဂိုးနဲ့ အနိုင်ရ သွားပါတယ်။

ဘုန်းမောက် အတွက်တော့ ပရီးမီးယားလိဂ်မှာ လီဗာပူး အသင်းကို ပထမဆုံး အကြိမ် အနိုင်ရတာ ဖြစ်ပါတယ်။

လီဗာပူးက အဝေးကွင်းမှာ ပထမပိုင်း မှာတင် မာနီနဲ့ အိုရီဂီတို့ရဲ့ သွင်းဂိုး ၂ ဂိုးနဲ့ ဦးဆောင် ကစား ခဲ့ပါတယ်။

ဒုတိယ ပိုင်းမှာ ဘုန်းမောက် အတွက် ချေပဂိုးကို ၅၆ မိနစ်မှာ ပင်နယ်တီကနေ သွင်းယူ ပါတယ်။

အဲဒီနောက် ၆၄ မိနစ်မှာ လီဗာပူး အတွက် တတိယဂိုးကို ကန်က သွင်းယူပြီး အိမ်ရှင် အတွက် ဒုတိယချေပ ဂိုးကို ၇၆ မိနစ်မှာ သွင်းယူပါတယ်။

နောက် ၂ မိနစ် အကြာမှာပဲ တတိယ ချေပဂိုး သွင်းယူပြီး နာကျင်အချိန်ပိုမိနစ်မှာ အနိုင်ဂိုး ရသွားတာပါ။

ဒီပွဲမှာ လီဗာပူးအသင်း ခြေအသာနဲ့ ကစားနိုင်ပေမယ့် နောက်တန်းအမှားတွေကြောင့် အရှုံးပေးလိုက်ရတာပါ။

ဒီပွဲရှုံးလို့ လီဗာပူးက အမှတ် ၃၀ နဲ့ အဆင့် ၃၊ ဘုန်းမောက်က ၁၈ မှတ်နဲ့ အဆင့် ၁၀ မှာ ရှိနေပါတယ်။



From : ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/178569

No comments:

Post a Comment