မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Friday, January 20, 2017

အကောင်းဆုံး ကင်းမြီးကောက် ပုံစံသွင်းဂိုး ၁၀ ဂိုး




ဘောလုံးပွဲ တပွဲမှာ သွင်းဂိုး ၁ ဂိုးရဖို့ အတွက် မလွယ်ကူ သလို တသင်းလုံး အပေးအယူ မျှမျှနဲ့ ကြိုးစား အားထုတ်မှသာ ရရှိနိုင် တာပါ။

အဲဒီလို သွင်းဂိုးတွေ ထဲကမှ တဘက် အသင်းကို ကင်းမြီးကောက် ပုံစံနဲ့ ဂိုးသွင်းနိုင်ဖို့ ဆိုတာ အတော် မလွယ်ကူ သလို သွင်းယူနိုင် ခဲ့မယ်ဆိုလည်း တကယ့်ကို အံ့အား သင့်ဖွယ် အဖြစ် အပျက်ပါပဲ။

အဲဒီလို မလွယ်ကူ လှတဲ့ ကင်းမြီးကောက် ထောင်ပြီး ဂိုးသွင်းယူ ခဲ့တဲ့ အကောင်းဆုံးဂိုး ၁၀ ဂိုးကို ယူကျု အင်တာနက် စာမျက်နှာမှာ စုစည်း ဖော်ပြ ထားပါတယ်။

အဲဒီအထဲမှာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၂၆ ရက်က ကန်သွားခဲ့တဲ့ မန်ယူ-ဆန်းဒါးလန်းပွဲစဉ်မှာ မန်ယူကွင်းလယ်လူ အမ်ခီတာရန်းရဲ့ ကင်းမြီးကောက်ပုံစံနဲ့ လှလှပပ ကန်သွင်း ဟန်၊ ဒီနှစ် ဇန်နဝါရီ ၁ ရက်က ကန်ခဲ့တဲ့ အာဆင်နယ်-ခရစ္စတယ် ပဲလေ့စ် ပွဲစဉ်မှာ အာဆင်နယ် တိုက်စစ်မှူး ဂျရူးရဲ့ ကင်းမြီးကောက်ပုံစံ လှလှပပ ကန်သွင်းခဲ့တဲ့ ဂိုးတွေလည်း ပါဝင် ခဲ့ပါတယ်။



From : ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/185025

No comments:

Post a Comment