မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Sunday, February 26, 2017

တော့တင်ဟမ် ဟော့စပါးစ်က စတုတ်ကို ၄ ဂိုး ဂိုးမရှိဖြင့် အနိုင်ယူ (ရုပ်သံဟိုက်လိုက်)




ဖေဖော်ဝါရီ ၂၆ ရက်နေ့က ယှဉ်ပြိုင်တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၂၆ မှာ တော့တင်ဟမ် ဟော့စပါးစ်က တိုက်စစ်မှူး ဟယ်ရီကိန်းရဲ့ ဟက်ထရစ်ဂိုး အပါအဝင် ၄ ဂိုး ဂိုးမရှိနဲ့ စတုတ်ကို အနိုင်ရ သွားပါတယ်။

လောလော လတ်လတ် ယူရိုပါလိဂ်က ထွက်ခဲ့ရလို့ စိတ်ပျက်နေ ရတဲ့ စပါးစ် ပရိသတ်တွေ အတွက် ဒီဂိုးပြတ်နိုင်ပွဲက ဖြေသိမ့်ရာ ရခဲ့ပါတယ်။

ဒီပွဲမှာ စပါးတိုက်စစ်မှူး ဟယ်ရီကိန်းက ပွဲချိန် ၁၄ မိနစ်၊ ၃၂ မိနစ်နဲ့ ၃၇ မိနစ်တွေမှာ ၃ ဂိုး ဆက်သွင်းပေး ခဲ့သလို ဒီပွဲအတွက် အကောင်းဆုံး ကစားသမား အဖြစ်လည်း သတ်မှတ် ခံခဲ့ရပါတယ်။

စပါးစ်အတွက် ပွဲသိမ်းအနိုင်ဂိုးကိုတော့ ပထမပိုင်းပြီးခါနီး နာကျင်အချိန်ပိုမှာ တိုက်စစ်မှူး အယ်လီက သွင်းယူပေးခဲ့ပါတယ်။

ဒီပွဲအနိုင်ရတဲ့တွက် စပါးစ်အသင်းဟာ မန်စီးတီးအသင်းထက် တပွဲပို၊ တမှတ်အသာနဲ့ အမှတ်ပေးဇယား ဒုတိယနေရာကို တက်လှမ်းနိုင်ခဲ့ပါတယ်။

စတုတ်ကတော့ ရမှတ် ၃၂ မှတ်နဲ့ အဆင့် ၁၀ မှာပဲ ရပ်တည်နေပါတယ်။



From : ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/191722

No comments:

Post a Comment