မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Saturday, April 29, 2017

ဒီဂီယာကို ဆုံးရှုံးပါက မန်ယူအသင်း ကြီးမားသည့်ပြဿနာ ရင်ဆိုင်ရမည်ဟု ဂယ်ရီနဗီးလ်ပြော


during the Barclays Premier League match between XXX and XXX at Etihad Stadium on March 20, 2016 in Manchester, United Kingdom.


မန်ချက်စတာ ယူနိုက်တက် အသင်း အနေနဲ့ ဂိုးသမား ဒီဂီယာကို ဆုံးရှုံး ရမယ် ဆိုရင် ကြီးမားတဲ့ ပြဿနာ တွေနဲ့ ကြုံတွေ့ ရနိုင် တယ်လို့ ကစားသမားဟောင်း ဂယ်ရီနဗီးလ်က သုံးသပ် ပြောကြား လိုက်ပါတယ်။

မန်ယူ အသင်းရဲ့ စပိန် ဂိုးသမား ဒီဂီယာကို ရီးရဲလ်မက်ဒရစ်အသင်းက လာမယ့် နွေရာသီမှာ ခေါ်ယူဖို့ပြင်ဆင်နေတာပါ။

ဒီဂီယာဟာ မန်စီးတီးနဲ့ ဂိုးမရှိသရေကျခဲ့တဲ့ ဒါဘီပွဲစဉ်မှာ အကောင် ဆုံးလက်စွမ်းပြခဲ့ပြီး သူ့ရဲ့နေရာကို အစားထိုးဖို့ခက်ခဲတယ်လို့ ဂယ်ရီနဗီးလ်ကဆိုပါတယ်။

ဒါ့အပြင် ဒီဂီယာရဲ့ လက်စွမ်းဟာ လက်ရှိအချိန်မှာ ထိပ်တန်းအဆင့်ကို ရောက်ရှိနေပြီဖြစ်တာကြောင့် မန်ယူအနေနဲ့ အသင်းမှာ ဆက်ပြီး ထိန်းသိမ်းဖို့လိုတယ်လို့ ဆိုပါတယ်။

ဒီဂီယာဟာ ချဲလ်ဆီးက ကော့တွိုက်၊ ဘိုင်ယန်မြူးနစ်က နူအာတို့ရဲ့အဆင့်ကို ရောက်ရှိနေပြီး စပါးဂိုးသမားလိုရစ်ထက် ပိုကောင်းတဲ့ ကစားသမားဖြစ်တယ်လို့လည်း နဗီးလ်ကချီးကျူးပြောကြားခဲ့ပါတယ်။

အသက် ၄၂ နှစ်ရှိ ဂယ်ရီနဗီးလ်ဟာ ၁၉၉၂ ခုနှစ်ကနေ ၂၀၁၁ ခုနှစ်အထိ မန်ယူအသင်းမှာ ၁၉ နှစ်ကြာ ကစားခဲ့ပြီး စုစုပေါင်းပွဲ ၆၀၀ ကျော် ကစားခဲ့သူ ဖြစ်ပါတယ်။

From : ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/203785

No comments:

Post a Comment