မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Saturday, June 24, 2017

မြန်မာနဲ့ ထိုင်း ခြေစမ်းပွဲ ကစားမယ်


မြန်မာ လက်ရွေးစင် အသင်း ဟာ ထိုင်း အသင်းနဲ့ မန္တလေးမြို့မှာ ခြေစမ်းပွဲ ကစားမယ်လို့ မြန်မာ ဘောလုံး အဖွဲ့ချုပ်က သတင်း ထုတ်ပြန် လိုက်ပါတယ်။ အောက်တိုဘာလ ၅ ရက်နေ့မှာ ခြေစမ်းပွဲ ယှဉ်ပြိုင် ကစားမှာ ဖြစ်ပါတယ်။ မြန်မာ အသင်း ဟာ အောက်တိုဘာ ၁၀ ရက်နေ့မှာ တာဂျစ္စတန် အသင်းနဲ့ အာရှ ဖလားခြေစစ်ပွဲ ကစားမှာ ဖြစ်ရာ ခြေစစ်ပွဲ မတိုင်ခင် ထိုင်းအသင်းနဲ့ ခြေစမ်းပွဲ ကစားတာ ဖြစ်ပါတယ်။ ခြေစမ်းပွဲကို မူလက ရန်ကုန်မြို့မှာ ကစားဖို့ စီစဉ် ထားပေမယ့် မန္တလေး ပရိသတ်တွေ ကြည့်ရှူနိုင်ဖို့ ပြောင်းလဲ ကျင်းပခဲ့တာ ဖြစ်ပါတယ်။ မြန်မာ လက်ရွေးစင် အသင်းဟာ စင်္ကာပူ၊ အင်ဒိုနီးရှား အသင်းတို့နဲ့ ခြေစမ်းပွဲတွေ ကစားခဲ့ ပြီးနောက် ထိုင်း အသင်းနဲ့ ခြေစမ်းပွဲ ကစားတာ ဖြစ်ပါတယ်။ မြန်မာ လက်ရွေးစင် အသင်းဟာ အာရှဖလား ခြေစစ်ပွဲ နောက်ဆုံး လက်ကျန်ပွဲတွေ အဖြစ် အိန္ဒိယ ၊ ကာဂျစ္စတန်တို့ နဲ့ အိမ်ကွင်း၊ အဝေးကွင်း ကစားရဖို့ ရှိနေ ပါသေးတယ်။ From : Myanmar Cable News Originally published at - http://www.mcntv.biz/news/international-news/39918/

No comments:

Post a Comment