မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Saturday, June 24, 2017

ဆောက်သမ်ပတန် နည်းပြသစ် အဖြစ် ပယ်လီဂရီနိုကို ခန့်အပ်




ပရီးမီးယားလိဂ် ကလပ် ဆောက်သမ် ပတန် အသင်းက နည်းပြသစ် အဖြစ် မရီစီယို ပယ်လီဂရီနိုကို ခန့်အပ် လိုက်ပါတယ်။

အသက် ၄၅ နှစ် အရွယ် ပယ်လီဂရီနိုကို ဒီလ အစောပိုင်းမှာ အထုတ်ခံ လိုက်ရတဲ့ နည်းပြ နေရာမှာ အစားထိုး ခန့်လိုက် တာပါ။

နည်းပြ ပယ်လီ ဂရီနီဟာ စပိန်လာလီဂါ ကလပ် အာလာဗက်စ်အသင်းမှာ နည်းပြ လုပ်ခဲ့ပြီး အသင်းကို စပိန်ဖလား ဗိုလ်လုပွဲအထိ ပို့ဆောင်ပေးနိုင် ခဲ့ပါတယ်။ ဗိုလ်လုပွဲမှာတော့ ဘာစီလိုနာအသင်းကို ရှုံးနိမ့်ခဲ့ပါတယ်။

အာလာဗက်စ်အသင်းဟာ ပြီးခဲ့တဲ့ လာလီဂါရာသီ အမှတ်ပေးဇယားရဲ့ အဆင့် ၉ နေရာမှာ ရပ်တည်နိုင်ခဲ့ပါတယ်။

ဆောက်သမ်ပတန်အသင်းက အာဂျင်တီးနားသား နည်းပြသစ်ကို ၃ နှစ်စာချုပ်နဲ့ သဘောတူထား ဖြစ်ပါတယ်။

နည်းပြ ပယ်လီဂရီနိုဟာ ကစားသမားဘ၀တုန်းက လီဗာပူးနဲ့ ဗယ်လန်စီယာအသင်းတို့မှာ ကစားခဲ့ဖူးပါတယ်။

From : ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/214192

No comments:

Post a Comment