
ချန်ပီယံလိဂ် အုပ်စု အေ ဒုတိယ ပွဲစဉ် အဖြစ် ပရီးမီးယားလိဂ် ကလပ် အာဆင်နယ်နဲ့ ဆွစ်ဇာလန် ကလပ် ဘေဆယ်တို့ စက်တင်ဘာ ၂၈ ရက်ညက ယှဉ်ပြိုင်ရာ အာဆင်နယ်က အိမ်ကွင်းမှာ သီယိုဝေါလ်ကော့ရဲ့ ပထမပိုင်း သွင်းဂိုး ၂ ဂိုးနဲ့ အနိုင်ရ သွားပါတယ်။
အာဆင်နယ် အတွက် အနိုင် ဂိုးတွေကို ပထမပိုင်း ၇ မိနစ်နဲ့ ၂၆ မိနစ်တို့မှာ ဝေါလ်ကော့က သွင်းယူပေး ခဲ့တာပါ။
အာဆင်နယ်ဟာ ဒီပွဲမှာ ဘောလုံးပိုင်ဆိုင်မှု ၆၅ ရာခိုင်နှုန်းအထိ ရှိခဲ့ပြီး ဂိုးကန်သွင်းခွင့်တွေမှာလည်း အပြတ်အသတ် အသာစီးရခဲ့ပါတယ်။
ဒီပွဲမှာ အာဆင်နယ်အတွက် ဂိုးမသွင်းနိုင်ခဲ့ပေမယ့် အသင်းကို အကောင်းဆုံး အထောက်အပံ့ပေးခဲ့တဲ့ ဆန်းချက်ဇ်က ဒီပွဲအတွက် အကောင်းဆုံး ကစားသမား အဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။
အုပ်စု အေ အခြားပွဲစဉ်မှာတော့ ပြင်သစ်ထိပ်သီးကလပ် ပီအက်စ်ဂျီက ဘူလ်ဂေးရီးယားကလပ် လူဒိုဂိုရက်စ်ကို ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရသွားပါတယ်။
ဒီအုပ်စုက ၂ ပွဲစီ ကစားပြီးချိန်မှာ ပီအက်စ်ဂျီနဲ့ အာဆင်နယ်တို့က ရမှတ် ၄ မှတ်စီ တူညီနေပေမယ့် သွင်းဂိုးသာတဲ့ ပီအက်စ်ဂျီက အုပ်စု ပထမ၊ အာဆင်နယ်က အုပ်စုဒုတိယ၊ လူဒိုဂိုရက်စ်က အုပ်စု တတိယနဲ့ ဘေဆယ်က အုပ်စုနောက်ဆုံးမှာ အသီးသီး ရပ်တည်နေပါတယ်။
From : ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/170153

No comments:
Post a Comment