မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း

ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Sunday, April 30, 2017

စတာရစ်​ခ်ျ​အတွက်​​ ပြောင်း​ရွှေ့​ကြေးကို လီဗာပူးလ်​အသင်း ​ပေါင်​သန်း ၄၀ သတ်​မှတ်​မည်




ဧပြီ ၃၀၊ လီဗာပူးလ်

အင်္ဂလန်​ တိုက်​စစ်​မှူး စတာရစ်​ခ်ျ​ အ​နေဖြင့်​ ​နွေရာသီတွင်​ အန်​ဖီးလ်​မှ ထွက်​ခွာရန်​ ဆုံးဖြတ်​ ဖြစ်​ပါက လီဗာပူးလ်​ အသင်းက ​ပြောင်း​ရွှေ့​ကြေး​ ပေါင်​သန်း ​၄၀ သတ်​မှတ်​မည်​ ဖြစ်​သည်​။

စတာရစ်​ခ်ျ​ကို ပီအက်​စ်​ဂျီ အသင်းက ဆွဲ​ဆောင်​​နေသည့်​ အပြင်​ ဝက်​စ်​ဟမ်းအသင်းနည်းပြ ဘီလစ်​ကလည်း စိတ်​ဝင်​စား သည်​ဟု ​ပြောဆို ထားသည်​။

သို့​သော်​ ၎င်းသည်​နည်းပြက​လော့ပ်​လက်​ထက်​တွင်​ ပုံမှန်​ပွဲထွက်​ခွင့်​အတွက်​ရုန်းကန်​​နေရပြီး ရာသီအစပိုင်းက တင်​ပါးဒဏ်​ရာ​နှင့်​ ဗိုင်းရပ်​စ်​​ကြောင့်​ အနားယူခဲ့ရသည်​။

အသင်းအတွက်​ ၁၁၅ ပွဲကစား ၅၉ သွင်းထားပြီး ကမ္ဘာ့ဖလား​ခြေစစ်​ပွဲတွင်​ အင်္ဂလန်​အတွက်​ ရှစ်​ဂိုးသွင်းထားသည့်​ စတာရစ်​ခ်ျ​အတွက်​ အပြိုင်​အဆိုင်​များစွာရှိ​လာလိမ့်​မည်​ဟု လီဗာပူးလ်​အသင်းက ယူဆထားသည်​။

မာ​ဆေးဆိုက်​ဒ်​ကလပ်​အ​နေဖြင့်​ တိုက်​စစ်​မှူးများ​ရောင်းချရာမှ​ပြောင်း​ရွှေ့​ကြေးများစွာရသည့်​ အစဉ်​အလာများရှိခဲ့ဖူးသည်​။

တောရက်​စ်​ကို ချယ်​လ်​ဆီးသို့​ ပေါင်းငန်း ၅၀၊ ဆွာရက်​ဇ်​ကို ဘာစီလိုနာသို့ ​ပေါင်​ ၇၅ သန်း၊ ဘန်​တီကီကို ပဲ​လေ့စ်​သို့​ပေါင်​ ၃၂ သန်းဖြင့်​ ​ရောင်းချ ခဲ့ခြင်းဖြစ်​သည်​။

Ref; Daily Mail


From : မဇ္ဈိမ မီဒီယာ by ​ဝေဘုန်းလူ

Originally published at - http://www.mizzimaburmese.com/article/26399

Read More »

ဝုဖ်စ်ဘတ်ကို ၆ ဂိုးပြတ်အနိုင်ယူပြီး ဘိုင်ယန်က ဂျာမန်ဘွန်ဒစ်လီဂါဖလား သိမ်းပိုက်




မနေ့ ညက ယှဉ်ပြိုင် ကစားတဲ့ ဂျာမန် ဘွန်ဒစ် လီဂါ ပွဲစဉ် မှာတော့ ဘိုင်ယန် မြူးနစ်အသင်းက အဝေးကွင်းမှာ ၀ုဖ်စ်ဘတ်ကို ၆ ဂိုးပြတ် အနိုင်ရရှိ သွားပြီး ချန်ပီယံ ဖြစ်သွား ပါတယ်။

ဘိုင်ယန် အသင်းဟာ အဝေး ကွင်းမှာ ယှဉ်ပြိုင် ကစားခဲ့ ရတာ ဖြစ်ပေမယ့် ဘောလုံး ပိုင်ဆိုင်မှု အသားစီးနဲ့ ဂိုးပြတ် အနိုင်ရရှိ ခဲ့တာဖြစ်ပါတယ်။

ဘိုင်ယန်အသင်းအတွက် အနိုင်ဂိုးတွေကိုတော့ လီဝန်ဒေါ့စကီးက ၂ ဂိုးနဲ့ ဒေးဗစ်အယ်လ်ဘာ၊ ရော်ဘင်၊ မူလာ၊ ကင်မစ်ခ်ျတို့က ၁ ဂိုးစီ အသီးသီး သွင်းယူခဲ့ကြတာ ဖြစ်ပါတတယ်။

ဘိုင်ယန်မြူးနစ်ဟာ ဂျာမန်ဘွန်ဒစ်လီဂါ အမှတ်ပေးဖလား ပွဲစဉ်တွေမပြီးဆုံးသေးပေမယ့် ဒုတိယနေရာက လိုင်ဇစ်ကို ၁၀ မှတ်အသာနဲ့ ချန်ပီယံဖလား ရရှိသွားပြီ ဖြစ်ပါတယ်။



From : ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/203899

Read More »

ဖလားရရေး အပြိုင်ဆိုင် ဖြစ်နေသည့် ရီးရဲလ်နှင့် ဘာစီလိုနာတို့ အနိုင်ရရှိ




မနေ့ ညက ယှဉ်ပြိုင် ကစားခဲ့ ကြတဲ့ စပိန် လာလီဂါ ပွဲစဉ်တွေ မှာတော့ ဖလား ရရေး အပြိုင်ဖြစ် နေတဲ့ ရီးရဲလ် မက်ဒရစ် နဲ့ ဘာစီလိုနာတို့ အသီးသီး အနိုင် ရရှိခဲ့ ကြပါတယ်။

ရီးရဲလ် အသင်း ကတော့ အိမ်ကွင်းမှာ ဗလင်စီယာ အသင်းကို ၂-၁ ဂိုးနဲ့ အနိုင် ရရှိခဲ့တာ ဖြစ်ပါတယ်။ ရီးရဲလ်ဟာ အိမ်ရှင်ဖြစ်တာနဲ့ အညီ ဘောလုံး ပိုင်ဆိုင်မှု အသာစီးယူ ကစားနိုင်ခဲ့ပါတယ်။



ရီးရဲလ်အသင်းအတွက် ပထမဂိုးကို ပွဲချိန် ၂၇ မိနစ်မှာ ရော်နယ်ဒိုက သွင်းယူခဲ့တာ ဖြစ်ပါတယ်။ ဒီနောက် ပွဲချိန် ၅၇ မိနစ်မှာ ရီးရဲလ်က ပင်နယ်တီ ရရှိခဲ့ပြီး ရော်နယ်ဒို ကန်သွင်းရာ ဂိုးမ၀င်ခဲ့လို့ နစ်နာခဲ့ရပါတယ်။

ဗလင်စီယာအတွက် ခြေပဂိုးကိုတော့ ပွဲချိန် ၈၂ မိနစ်မှာ ဒန်နီရယ်က သွင်းယူခဲ့ပြီး ရီးရဲလ်အတွက် အဖိုးတန် အနိုင်ဂိုးကိုတော့ မာဆယ်လိုက ပွဲချိန် ၈၆ မိနစ်မှာ သွင်းယူခဲ့တာ ဖြစ်ပါတယ်။

ဘာစီလိုနာအသင်းကတော့ အဝေးကွင်းမှာ အက်စ်ပန်ညှော်အသင်းကို ၃ ဂိုးပြတ်အနိုင်ရရှိခဲ့ပါတယ်။

ဘာစီလိုနာအတွက် အနိုင်ဂိုးတွေကို လူးဝစ်ဆွာရက်ဇ်က ၂ ဂိုးနဲ့ အီဗန်က ၁ ဂိုး သွင်းယူခဲ့ကြတာဖြစ်ပါတယ်။

ဘာစီလိုနာအသင်းဟာ အမှတ်ပေးဇယားမှာ ၃၅ ပွဲကစား ရမှတ် ၈၁ မှတ်နဲ့ ထိပ်ဆုံးမှာ ရပ်တည်နေပြီး ရဲးရဲလ်ကတော့ ၃၄ ပွဲကစား ရမှတ် ၈၁ မှတ် ဂိုးကွာခြားချက်ကြောင့် ဒုတိယ နေရာမှာ ရပ်နေပါတယ်။



From : ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/203899

Read More »

လာမည့်ရာသီ စပါးအသင်း အိမ်ကွင်းပွဲစဉ်များ ၀င်ဘလေ ကွင်းတွင် ကျင်းပမည်




စပါး အသင်းဟာ လာမယ့် ရာသီမှာ အိမ်ကွင်း ပွဲစဉ်တွေကို ၀င်ဘလေ ကွင်းမှာ ပြောင်းလဲ ကျင်းပမယ်လို့ အသင်း ဥက္ကဋ္ဌ လီဗိုင်းက အတည်ပြု ပြောကြား လိုက်ပါတယ်။

လက်ရှိ စပါး အသင်းရဲ့ အိမ်ကွင်း ဖြစ်တဲ့ ၀ိုက်ဟတ်လိန်း ကွင်းကို ပရိသတ် ၆၁၀၀၀ ၀င်ဆံ့တဲ့ ကွင်းအဖြစ် တည်ဆောက်နေ တာကြောင့် အင်္ဂလန် ဘောလုံး အဖွဲ့ချုပ် ပိုင်ဆိုင်တဲ့ ၀င်ဘလေ ကွင်းမှာ ပြောင်းရွှေ့ကျင်းပဖို့ ဆုံးဖြတ် ခဲ့တာပါ။

စပါးအသင်းအနေနဲ့ လာမယ့်ဘောလုံးရာသီမှာ ချန်ပီယံလိဂ်ပြိုင်ပွဲလည်း ယှဉ်ပြိုင်ကစားရမယ့်အခြေနေမှာ ရှိနေပါတယ်။

ပရိသတ် ၉ သောင်း ၀င်ဆံ့တဲ့ ၀င်ဘလေကွင်းဟာ စပါးအသင်းလက်ရှိ ကစားနေတဲ့ ၀ိုက်ဟတ်လိန်းကွင်းနဲ့ ၁၂ မိုင်လောက်ဝေးကွာပြီး အင်္ဂလန် လက်ရွေးစင် အသင်းရဲ့ ပွဲစဉ်တွေနဲ့ ရှုံးထွက် ဖလား ဗိုလ်လုပွဲတွေ လက်ခံ ကျင်းနေတာ ဖြစ်ပါတယ်။

စပါးအသင်းဟာ လာမယ့်ရာသီမှာပဲ ၀င်ဘလေကွင်းကို ငှားရမ်းအသုံးပြုမှာဖြစ်ပြီး လာမယ့် ၂၀၁၉ ခုနှစ်မှာတော့ လက်ရှိတည်ဆောက်နေတဲ့ ပရိသတ် ပရိသတ် ၆၁၀၀၀ ဆံ့ ၀ိုက်ဟတ်လိန်းကွင်းကိုပဲ ပြန်လည်အသုံးပြုမှာဖြစ်တယ်လို့သိရပါတယ်။

From : ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/203899

Read More »

Saturday, April 29, 2017

ပရီးမီးယားလိဂ်ဖလားရရှိရေး တိုက်ပွဲဝင်ရန် စွမ်းပကားများရှိနေပြီဟု စပါးနည်းပြ ပြောကြား




လန်ဒန် - နှစ်ပေါင်း ၂၀ ကျော် အထိ အာဆင်နယ် အသင်းထက် နိမ့်သော အဆင့်ဖြင့်သာ ရာသီ ကုန်ဆုံးခွင့် ရခဲ့သည့် မိမိတို့ စပါး အသင်းသည် ယခု အခါ ပြီးခဲ့သော ရာသီ ကထက် ပိုမို ရင့်ကျက်လာ ပြီဖြစ်ကာ ပရီးမီးယားလိဂ် ဖလား ရရှိရေး တိုက်ပွဲ ၀င်ရန် စွမ်းပကား ပိုရှိနေပြီဟု စပါးနည်းပြ ပိုချက် တီနိုက ပြောသည်။

ရာသီကုန်ရန် ငါးပွဲသာလိုတော့သည့်အချိန်၌ စပါးသည် အာဆင်နယ်ကို ယနေ့ညအနိုင်ရပါက ၁၇ မှတ်ဖြတ်ထားနိုင်မည်ဖြစ်ကာ ၂၂ နှစ်အတွင်း ပထမဆုံး အကြိမ် အာဆင်နယ်ထက် အဆင့်ပိုမြင့်သောနေရာဖြင့် ရာသီကုန်ဆုံးခွင့်ရမည်ဖြစ်သည်။

သို့သော်အာဆင်နယ်ထက် အဆင့်ပိုမြင့်သော နေရာရရှိရေး ထက် ပရီးမီးယားလိဂ်ဖလား ရရှိ ရေးသာ အဓိကအာရုံစိုက်ထား သည်ဟု ပိုချက်တီနိုက ပြော သည်။

အာဆင်နယ်သည် စပါးအ သင်းထက် မြင့်သောနေရာဖြင့် ရာသီကုန်ဆုံးခွင့်ရရေးသည် နှစ် ပေါင်း ၂၀ အထိ အရေးမကြီးခဲ့ သော်လည်း ယခုအရေးကြီးလာပြီ ဖြစ်ကြောင်း အာစင်ဝင်းဂါးက ပြောကြားသည်။

တစ်သင်းတည်းသော ဖလားပြိုင်ဘက်ချယ်လ်ဆီးက အမှတ် ပေးဇယားထိပ်ဆုံး၌ လေးမှတ် ဖြတ်၍ ဦးဆောင်ထားစဉ် စပါး က ချယ်လ်ဆီးကို အမီလိုက်ရန် ကြိုးပမ်းနေပြီး ယခင်ကကဲ့သို့ ကပ်၍ ရှုံးနိမ့်ရသလိုမျိုး ထပ်မံမကြုံ တွေ့စေရန် ပိုချက်တီနိုက အသင်းသားများအား တိုက်တွန်းထား သည်။

မိမိတို့အသင်းသည် ယခင် ထက်ပို၍ တိုးတက်လာပြီး ဖလားရရေးတိုက်ပွဲဝင်ရန် စွမ်းအားများလည်း ပိုမိုရှိနေပြီဟု ယုံကြည် ကြောင်း ပိုချက်တီနိုက ပြော ကြားသည်။

လာမည့်ရာသီတွင် အိမ် ကွင်းပွဲများကို ၀င်ဘလေကွင်း၌ ယှဉ်ပြိုင်မည့် စပါးအသင်းသည် ယင်းအခြေအနေကြောင့် ရိုက်ခတ်မှုများရှိလာနိုင်သည်ဟု အာစင်ဝင်းဂါးက ပြောသည်။

—Ref:Goal/Sky

From : 7 Day daily news

Originally published at - http://www.7daydaily.com/story/94827

Read More »

လူကာကူကို ဂိုးမသွင်းနိုင်အောင် ထိန်းချုပ်မည်ဟု နည်းပြ ကွန်တီ ပြော




ယခု သီတင်း ပတ်တွင် အဲဗာတန် တိုက်စစ်မှူး လူကာကူ ကို အနီးကပ် စောင့်ကြည့် မည်ဟု ချယ်လ်ဆီး နည်းပြက အတည်ပြု ပြောကြား သော်လည်း ယင်းမှာ လူကာကူကို နွေရာသီတွင် ခေါ် ယူရေးထက် တနင်္ဂနွေ နေ့တွင် ၎င်း ဂိုးမသွင်း နိုင်အောင် ထိန်းချုပ် ရန်ဖြစ်သည်။

ချယ်လ်ဆီးအသင်းသည် တရုတ်ကလပ်သို့ ပြောင်းရွှေ့ရန် တစ်ပြေးနေသော ကော်စတာနေ ရာ၌ အစားထိုးရန် လူကာကူကို ဒေါ်လာ ၂၈ သန်းဖြင့် ၀ယ်ယူမည် ဟု သတင်းများတွင် အကြိမ်ကြိမ် ဖော်ပြခံရသည်။

လူကာကူသည် ကော်စတာ ၏ ၁၉ ဂိုးထက်ပိုမိုများသော ဂိုး ပေါင်း ၂၄ ဂိုးသွင်းယူသည့် ပရီးမီး ယားလိဂ် ထိပ်တန်းဂိုးသွင်းရှင်ဖြစ် ပြီး ချယ်လ်ဆီးအနေဖြင့် ယနေ့ည အဲဗာတန်နှင့်တွေ့ဆုံချိန်တွင် ၎င်း ကို ထိန်းချုပ်ရမည်ဖြစ်သည်။

‘‘သူဟာ အရမ်းကောင်းတဲ့ ကစားသမားပါ။ ဒီရာသီမှာ ဂိုး တွေအများကြီးသွင်းနေပါတယ်။ သူ့ကို သေသေချာချာစောင့်ကြည့် သွားရပါမယ်’’ဟု ချယ်လ်ဆီးနည်းပြကွန်တီက ပြောသည်။

လူကာကူကို အသင်းတွင် ရှိ စေချင်ပါသလားဟု မေးမြန်းရာမိမိ အတွက်ဆိုလျှင် လက်ရှိကစား သမားများသာ အကောင်းဆုံးဖြစ် သည်ဟု ကွန်တီကပြောသည်။

From : 7 Day daily news

Originally published at - http://www.7daydaily.com/story/94826

Read More »

ဒီဂီယာကို ဆုံးရှုံးပါက မန်ယူအသင်း ကြီးမားသည့်ပြဿနာ ရင်ဆိုင်ရမည်ဟု ဂယ်ရီနဗီးလ်ပြော


during the Barclays Premier League match between XXX and XXX at Etihad Stadium on March 20, 2016 in Manchester, United Kingdom.


မန်ချက်စတာ ယူနိုက်တက် အသင်း အနေနဲ့ ဂိုးသမား ဒီဂီယာကို ဆုံးရှုံး ရမယ် ဆိုရင် ကြီးမားတဲ့ ပြဿနာ တွေနဲ့ ကြုံတွေ့ ရနိုင် တယ်လို့ ကစားသမားဟောင်း ဂယ်ရီနဗီးလ်က သုံးသပ် ပြောကြား လိုက်ပါတယ်။

မန်ယူ အသင်းရဲ့ စပိန် ဂိုးသမား ဒီဂီယာကို ရီးရဲလ်မက်ဒရစ်အသင်းက လာမယ့် နွေရာသီမှာ ခေါ်ယူဖို့ပြင်ဆင်နေတာပါ။

ဒီဂီယာဟာ မန်စီးတီးနဲ့ ဂိုးမရှိသရေကျခဲ့တဲ့ ဒါဘီပွဲစဉ်မှာ အကောင် ဆုံးလက်စွမ်းပြခဲ့ပြီး သူ့ရဲ့နေရာကို အစားထိုးဖို့ခက်ခဲတယ်လို့ ဂယ်ရီနဗီးလ်ကဆိုပါတယ်။

ဒါ့အပြင် ဒီဂီယာရဲ့ လက်စွမ်းဟာ လက်ရှိအချိန်မှာ ထိပ်တန်းအဆင့်ကို ရောက်ရှိနေပြီဖြစ်တာကြောင့် မန်ယူအနေနဲ့ အသင်းမှာ ဆက်ပြီး ထိန်းသိမ်းဖို့လိုတယ်လို့ ဆိုပါတယ်။

ဒီဂီယာဟာ ချဲလ်ဆီးက ကော့တွိုက်၊ ဘိုင်ယန်မြူးနစ်က နူအာတို့ရဲ့အဆင့်ကို ရောက်ရှိနေပြီး စပါးဂိုးသမားလိုရစ်ထက် ပိုကောင်းတဲ့ ကစားသမားဖြစ်တယ်လို့လည်း နဗီးလ်ကချီးကျူးပြောကြားခဲ့ပါတယ်။

အသက် ၄၂ နှစ်ရှိ ဂယ်ရီနဗီးလ်ဟာ ၁၉၉၂ ခုနှစ်ကနေ ၂၀၁၁ ခုနှစ်အထိ မန်ယူအသင်းမှာ ၁၉ နှစ်ကြာ ကစားခဲ့ပြီး စုစုပေါင်းပွဲ ၆၀၀ ကျော် ကစားခဲ့သူ ဖြစ်ပါတယ်။

From : ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/203785

Read More »

နောက်ခံလူ လိုဗရန်ကို လီဗာပူးအသင်း စာချုပ်သက်တမ်း ထပ်တိုး




လီဗာပူး အသင်းဟာ နောက်တန်း ကစား သမား လိုဗရန်ကို ၂၀၂၁ ခုနှစ် အထိ စာချုပ် သက်တမ်း တိုးလိုက် ပါတယ်။

အသက် ၂၇ နှစ်ရှိ ခရိုအေးရှား နောက်တန်း ကစားသမား လိုဗရန်ဟာ လာမယ့်နှစ်မှာ စာချုပ် သက်တမ်း ကုန်ဆုံးမှာ ဖြစ်တာကြောင့် လီဗာပူး အသင်းက စာချုပ် သက်တမ်း တိုးလိုက် တာပါ။

လီဗာပူးအသင်းနဲ့ စာချုပ်သက်တမ်းတိုးနိုင်ခဲ့တာကြောင့် ပျော်ရွှင်မိပြီး လီဗာပူးအသင်းမှာ ကစားနိုင်သမျှ ဆက်ပြီးကစားချင်တာက သူ့ရဲ့အိပ်မက်ဖြစ်တယ်လို့ လိုဗရန်က စာချုပ်ချုပ်ဆိုအပြီးမှာ ပြောကြားခဲ့ပါတယ်။

လိုဗရန်ဟာ ၂၀၁၄ ခုနှစ်က ဆောက်သမ်ပတန်အသင်းကနေ ပေါင်သန်း ၂၀ နဲ့ ပြောင်းရွှေ့လာတာဖြစ်ပြီး တစ်နှစ်ထက်တစ်နှစ် ပိုကာင်းအောင်ကစားနိုင်ခဲ့တယ်လို့ လိုဗရန် ကဆက်ပြောပါတယ်။

လီဗာပူးနောက်တန်းကစားသမား လိုဗရန်ဟာ ဒီနှစ်ရာသီမှာ အသင်းအတွက် ၂၈ ပွဲကစားထားပြီး ၂ ဂိုးသွင်းယူထားပါတယ်။

From : ဒီဗွီဘီ by လွှမ်းမိုးအောင်

Originally published at - http://burmese.dvb.no/archives/203785

Read More »

အင်တာမီလန် လူငယ်အသင်းနှင့် မြန်မာလူငယ် အသင်းတို့ ခြေစမ်းပွဲ နှစ်ပွဲ ကစားရန် စီစဉ်




အီတလီ စီးရီးအေ ထိပ်သီး ကလပ် အင်တာမီလန် ယူ-၁၈ အသင်းနဲ့ မြန်မာ လူငယ် အသင်းတို့ ခြေစမ်းပွဲနှစ်ပွဲ ကစားဖို့ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်က စီစဉ်နေ ပါတယ်။

ဒီခြေစမ်းပွဲကို လာမယ့် သြဂုတ်လ ဒုတိယပတ် သုဝဏ္ဏကွင်းမှာ ယှဉ်ပြိုင်ကစားဖို့ စီစဉ်ထားတာဖြစ်ပြီး အင်တာမီလန်အသင်းနဲ့ နောက်ဆုံးအဆင့် ဆွေးနွေး မှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။

ခြေစမ်းပွဲ ကစားဖြစ်မယ်ဆိုရင် အင်တာမီလန်အသင်းက ယူ-၁၈ အသင်းနဲ့ လာရောက် ခြေစမ်းမှာဖြစ်ပြီး မြန်မာ ယူ-၁၈၊ ယူ-၂၂ အသင်းတွေနဲ့ ခြေစမ်းပွဲနှစ်ပွဲ ကစားမှာပါ။

“ခြေစမ်းပွဲဖြစ်ဖို့က ၇၅ ရာခိုင်နှုန်းလောက် လုပ်ဆောင်ပြီးပါပြီ။ အင်တာမီလန် အသင်းနဲ့က လူငယ်ဘောလုံး တိုးတက်ရေးအတွက်လည်း ပူးပေါင်းဆောင်ရွက်ဖို့ မနှစ်ကတည်းက ဆွေးနွေးထားတာပါ။ သူတို့ဘက်က ရာနှုန်းပြည့် အတည်ပြုချက် မရသေးတဲ့အတွက် သတင်းမထုတ်ပြန်သေးတာပါ။

အင်တာမီလန်လူငယ်အသင်းလာရင် ဒီမှာ တည်းခိုနေထိုင် သွားလာရေးတွေ စီစဉ်ဖို့၊ ပွဲကစားကြေး ပေးဖို့နဲ့ ခြေစမ်းပွဲ နှစ်ပွဲကို ပံ့ပိုး ကူညီမယ့် စပွန်ဆာ ကိစ္စတွေ အပြင် ခြေစမ်းမယ့် နေ့တွေကိုလည်း အတည်ပြုနိုင်ဖို့ ဆွေးနွေးနေပါတယ်။

အတည်ဖြစ်ပြီဆိုရင် တရားဝင် သတင်းထုတ်ပြန်ပေးပါ့မယ်” လို့ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် မီဒီယာဒါရိုက်တာ ဦးဇော်မင်းထိုက်က ပြောပါတယ်။

ဒီနှစ်အတွင်းမှာ မြန်မာ ယူ-၁၈အသင်းဟာ အာဆီယံ ယူ-၁၈ နဲ့ အာရှ ယူ-၁၉ ခြေစစ်ပွဲတွေ ယှဉ်ပြိုင်ကစားဖို့ရှိနေပြီး မြန်မာ ယူ-၂၂ အသင်းကလည်း ဆီးဂိမ်း ပြိုင်ပွဲနဲ့ အာရှ ယူ-၂၃ ခြေစစ်ပွဲတွေ ဝင်ရောက်ယှဉ်ပြိုင်ဖို့ ရှိနေပါတယ်။

From : ဒီဗွီဘီ by လွှမ်းမိုးအောင်

Originally published at - http://burmese.dvb.no/archives/203767

Read More »