
ပရီးမီးယားလိဂ် ကလပ် ဟားစီးတီးအသင်းက လစ်လပ်နေတဲ့ နည်းပြ ရာထူး နေရာမှာ အိုလံပီယာကို့စ် နည်းပြဟောင်း မာကို ဆေးဗားကို ခန့်အပ်ကြောင်း အတည်ပြု လိုက်ပါတယ်။
အသက် ၃၉ နှစ်အရွယ် ပေါ်တူဂီသား နည်းပြ ဆေးဗားကို ဒီနှစ်ရာသီ မကုန်ခင်အထိ စာချုပ် ချုပ်ဆိုလိုက်တာပါ။
ဟားစီးတီးအသင်းက သူ့ကို ထုတ်ပယ်လိုက်တဲ့ နည်းပြ မိုက်ဖီလန်ရဲ့ နေရာမှာ အစားထိုးလိုက်တာ ဖြစ်ပါတယ်။
ဟားစီတီးအသင်းဟာ လတ်တလောမှာ ရလဒ်တွေ ဆိုးဝါးနေတာပါ။
လောလောဆယ်မှာ ဟားစီးတီးအသင်းဟာ ပရီးမီးယားလိဂ် အမှတ်ပေးဇယားရဲ့ အောက်ဆုံးအဆင့်မှာ ရပ်တည်နေပါတယ်။
From : ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/182838





No comments:
Post a Comment