
၂၀၁၆ အေအက်ဖ်အက်ဖ် ဆူဇူကီး ဖလား ပြိုင်ပွဲ အတွက် အုပ်စု မဲခွဲမှု aတွကို ရန်ကုန်မြို့ ပြည်လမ်း နိုဗိုတယ် ဟိုတယ်မှာ သြဂုတ် ၂ ရက်နေ့က ပြုလုပ် ခဲ့ပါတယ်။
မြန်မာ အသင်းဟာ အုပ်စု ခ မှာ မလေးရှား၊ ဗီယက်နမ်၊ ခြေစစ်ပွဲ အောင်တဲ့ အသင်းတွေနဲ့ အတူ ကျရောက် ပါတယ်။
အုပ်စု က မှာတော့ ဖိလစ်ပိုင်၊ ထိုင်း၊ စင်ကာပူနဲ့ အင်ဒိုနီးရှားတို့ တအုပ်စုတည်း ကျရောက် နေတာပါ။
အုပ်စု ခ ပွဲစဉ်တွေကို မြန်မာက အိမ်ရှင်အဖြစ် လက်ခံ ကျင်းပ သွားမှာပါ။
ဆီမီးဖိုင်နယ်နဲ့ ဖိုင်နယ်ပွဲတွေကို ဆူဇူကီးဖလားပြိုင်ပွဲ ကျင်းပပုံအတိုင်းပဲ အိမ်ကွင်း အဝေးကွင်း နှစ်ကျော့စနစ်နဲ့ ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။
ဆူဇူကီးဖလားပြိုင်ပွဲကို လာမယ့် နိုဝင်ဘာ ၁၇ ရက်နေ့မှာ စတင်သွားမှာ ဖြစ်ပါတယ်။
သတင်းစာရှင်းလင်းပွဲမှာတော့ မြန်မာနည်းပြ ဦးကြည်လွင်က လေ့ကျင့်ပြင်ဆင်မှုတွေ စလုပ်နေပြီး သေသေချာချာ ပြင်ဆင်ယှဉ်ပြိုင်မယ်လို့ ပြောသွားပါတယ်။
by ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/162015

No comments:
Post a Comment