
အင်္ဂလန် ပရီးမီးယားလိဂ်က လက်စတာ အသင်း အတွက် အောင်ပွဲ ခံဖို့ မြို့တော်ဝန်က ပြင်ဆင်မှုတွေ စတင် လုပ်ဆောင် နေပါတယ်။
လက်စတာ မြို့တော်ဝန် ကတော့ လက်စတာ စီးတီး ဘောလုံး အသင်းရဲ့ ခေါင်းစီး ပ၀ါတွေကို လေဘာတီ အရုပ်နားမှာ လိုက်လံ ချိတ်ဆွဲနေ ပါတယ်။
ဧပြီ ၃၀ ရက်နေ့ကစားမယ့် ပရီးမီးယားလိဂ်ပွဲစဉ်မှာ မန်ချက်စတာယူနိုက်တက်အသင်းကို အနိုင်ရရင်တော့ လက်စတာအသင်းက ပရီးမီးယားလိဂ်မှာ ပထမဆုံးအကြိမ် ဗိုလ်စွဲမှာ ဖြစ်ပါတယ်။
လက်စတာအသင်းဟာ ပရီးမီးယားလိဂ်မှာ ကစားဖို့ ၃ ပွဲကျန်နေပြီး ၃ ပွဲထဲက တပွဲ အနိုင်ကစားနိုင်ရင် ဗိုလ်စွဲပြီ ဖြစ်ပါတယ်။
By ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/147559

No comments:
Post a Comment