မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Sunday, May 1, 2016

နေရောင်ခြည်ဖြင့် ထွန်းညှိခဲ့သည့် အိုလံပစ် မီးရှူးတိုင် လွှဲပြောင်း




နေရောင်ခြည်နဲ့ ထွန်းညှိခဲ့တဲ့ အိုလံပစ် မီးရှူးတိုင်ကို ရီယို အိုလံပစ် ကျင်းပရေး ကော်မတီ လက်ကို လွှဲပြောင်း ပေးအပ် လိုက်ပါတယ်။

ဘရာဇီး အိုလံပစ် ပွဲတော် မတိုင်ခင် ရက်ပေါင်း ၁၀၀ တိတိ အလိုမှာ အေသင်မြို့က ပါနာသီနရစ် အားကစား ကွင်းကြီးမှာ အခမ်း အနားနဲ့ လွှဲပြောင်း ပေးခဲ့တာပါ။

ဧပြီ ၂၈ ရက်နေ့ မလွှဲပြောင်းပေးခင်မှာ ဂရိနိုင်ငံ အတွင်း ၆ ရက်တာ လှည့်လည် ခဲ့ပါတယ်။ အိုလံပစ် မီးရှူးတိုင်ကို ဂရိနိုင်ငံကနေ တဆင့် နိုင်ငံတကာ အိုလံပစ် ကော်မတီ ရုံးစိုက်ရာ ဆွစ်ဇလန် နိုငိငံ ဂျီနီဗာ၊ လောစန်မြို့တို့ကို ဆက်လက် သယ်ဆောင်မှာပါ။

မီးရှူးတိုင်ကို လေယာဉ်ပေါ်တင် သယ်ဆောင်လို့ ရအောင်၊ လေထန်တဲ့ အခါမျိုးမှာတောင် မီးငြိမ်း မသွားအောင် စနစ်တကျ လုံလုံခြုံခြုံ စီစဉ် ထားပါတယ်။

နေရောင်ခြည်ကနေ ထွန်းညှိထားတဲ့ မီးတောက်ကနေ မီးရှူးတိုင်တွေ အမြောက် အမြားကို ထွန်းညှိ ထားတာကြောင့် မမျှော်လင့်ဘဲ မီးတတိုင် ငြိမ်းသွား ခဲ့ရင်တောင် တခြား မီးရှူးတိုင်တွေကို အိုလံပစ် မီးရှူးတိုင် အဖြစ် အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။


by ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/147652

No comments:

Post a Comment