မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Sunday, May 1, 2016

ရီးရဲလ်၊ ဘာစီလိုနာ၊ အက်သလက်တီကို ထိပ်ဆုံး ၃ သင်းလုံး အနိုင်ရ (ရုပ်သံဟိုက်လိုက်)




ဧပြီ ၃၀ ရက်နေ့က ယှဉ်ပြိုင် သွားတဲ့ စပိန် လာလီဂါ မှာတော့ ဖလား ရရေး အပြိုင်ဆိုင် ဖြစ်နေတဲ့ ထိပ်ဆုံးက အသင်းကြီး ၃ သင်းလုံး အနိုင်ရ သွားပါတယ်။

စပိန် လာလီဂါ အမှတ်ပေး ဇယား တတိယ နေရာမှာ ရပ်တည် နေတဲ့ ရီးရဲလ် မက်ဒရစ်ကတော့ အဝေးကွင်းမှာ ရီးရဲလ် ဆိုစီဒက်ကို ဂျရတ် ဘေးလ်ရဲ့ မိနစ် ၈၀ သွင်းဂိုးနဲ့ အဖိုးတန် ၃ မှတ် ရရှိ သွားတာ ဖြစ်ပါတယ်။

ရီးရဲလ်ဟာ ဒီပွဲအနိုင်ကြောင့် အမှတ်ပေးဇယားမှာ ပထမနေရာက ဘာစီလိုနာနဲ့ ဒုတိယနေရာက အက်သလက်တီကို မက်ဒရစ် တို့ရဲ့အောက် ၁ မှတ်အကွာ ၈၄ မှတ်နဲ့ တတိယနေရာမှာ ဆက်လက်ရပ်တည်နေပါတယ်။

အမှတ်ပေးဇယားမှာ ပထမနေရာက ဘာစီလိုနာကလည်း အဝေးကွင်းမှာ ရီးရဲလ်ဘက်တစ်အသင်းကို ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိသွားပါတယ်။

ဘာစီလိုနာအတွက် အနိုင်ဂိုးတွေကိုတော့ အိုင်ဗန်နဲ့ ဆွာရက်ဇ်တို့က ပွဲချိန် မိနစ် ၅၀ နဲ့ ၈၁ မိနစ်တွေမှာ အသီးသီးသွင်းယူခဲ့ကြတာ ဖြစ်ပါတယ်။

ဘာစီလိုနာအသင်းဟာ ဒီပွဲအနိုင်ကြောင့် အမှတ်ပေးဇယားမှာ ရမှတ် ၈၅ မှတ်နဲ့ ပထမနေရာမှာ ဆက်လက်ရည်တည်နေပါတယ်။

တခြားပွဲစဉ်တခုမှာလည်း အမှတ်ပေးဇယား ဒုတိယနေရာက အက်သလက်တီကို အသင်းက အိမ်ကွင်းမှာ ဗာလက်ကာနိုအသင်းကို ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိသွားပါတယ်။

အက်သလက်တီကိုအသင်းဟာ ဒီပွဲအနိုင်ကြောင့် အမှတ်ပေးဇယားမှာ ရမှတ် ၈၅ မှတ်နဲ့ ဒုတိယနေရာမှာ ဆက်လက်ရပ်တည်နေပါတယ်။

ဒီနှစ် စပိန်လာလီဂါ ပွဲစဉ်တွေ ပြီးဆုံးခါနီးမှာ အသင်းကြီး ၃ သင်းထဲက ဘယ်အသင်း ဖလားရမလဲဆိုတာကတော့ ရင်ခုန်စွာနဲ့ ဆက်လက်စောင့်ကြည့်ကြရမှာ ဖြစ်ပါတယ်။







by ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/147647

No comments:

Post a Comment