မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Thursday, June 30, 2016

တိုက်စစ်မှူး အီဗရာဟီမိုဗစ်ကို မန်ယူ စာချုပ် ချုပ်ရန် နီးစပ်




ဆွီဒင် တိုက်စစ်မှူး အီဗရာဟီ မိုဗစ်ဟာ မန်ချက်စတာ ယူနိုက်တက် အသင်းကို ပြောင်းရွှေ့ဖို့ အတွက် နီးစပ် နေပါတယ်။

အသက် ၃၄ နှစ် အရွယ် တိုက်စစ်မှူးရဲ့ မန်ယူကို ပြောင်းရွှေ့ရေးဟာ ဒီတပတ် အကုန်မှာ ဖြစ်လာဖို့ ရှိတယ်လို့ ဗြိတိသျှ မီဒီယာတွေမှာ ဖော်ပြ နေပါတယ်။

ပြင်သစ် ကလပ် ပီအက်စ်ဂျီ အသင်းကို စွန့်ခွာ လာတဲ့ အီဗရာဟီ မိုဗစ်ဟာ မန်ယူ အသင်းနဲ့ ၁ နှစ် စာချုပ် ချုပ်ဆိုဖို့ ရှိနေ ပါတယ်။

အကယ်၍ စာချုပ် ချုပ်ဆိုဖြစ်ခဲ့ရင် မန်ယူနည်းပြသစ် မော်ရင်ဟိုလက်ထက် ဒုတိယမြောက် ခေါ်ယူတဲ့ ကစားသမား ဖြစ်လာမှာပါ။

မန်ယူဟာ ဒေါ့မွန်ကလပ် ကွင်းလယ်ကစားသမားဖြစ်တဲ့ မစ်ခီတာရန်ကိုလည်း ခေါ်ယူဖို့ ကမ်းလှမ်းထားပါတယ်။

မန်ယူကခေါ်ယူမယ့် တိုက်စစ်မှူး အီဗရာဟီမိုဗစ်ဟာ ပြီးခဲ့တဲ့ရာသီက ပီအက်စ်ဂျီအတွက် ၃၈ ဂိုး သွင်းပေးထားပါတယ်။

ဓာတ်ပုံ - ရိုက်တာ

by ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/157018

No comments:

Post a Comment