မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Wednesday, July 5, 2017

တော့တင်ဟမ်က လာမည့်ရာသီ ဝတ်ဆင်မည့် ဂျာစီသစ် မိတ်ဆက် ပြသ




တော့တင်ဟမ် ဟော့စပါး အသင်းဟာ လာမယ့် ရာသီမှာ ဝတ်ဆင်မယ့် Nike အမှတ် တံဆိပ် ဂျာစီသစ်ကို တရားဝင် မိတ်ဆက် ပြသ လိုက်ပါတယ်။

စပါး အသင်းရဲ့ Nike ဂျာစီသစ် ဒီဇိုင်းဟာ သူတို့ရဲ့ ရိုးရာ အရောင်ဖြစ်တဲ့ အဖြူရောင်ကို အဓိက ထားပြီး ကော်လံနဲ့ ချိုင်းအောက်တွေမှာ အနက်ရောင်အဆင်း သေးသေးလေးတွေ ပါဝင်ပါတယ်။

အဝေးကွင်းဝတ်စုံဒီဇိုင်းကတော့ အနက်ရောင် ပြောင်ဖြစ်ပါတယ်။

စပါးအသင်းဟာ ပြီးခဲ့တဲ့ရာသီက အမေရိကန် အားကစားပစ္စည်းထုတ်လုပ်တဲ့ ကုမ္ပဏီဖြစ်တဲ့ အန်ဒါအာမောနဲ့ လမ်းခွဲခဲ့တာပါ။

စပါးအသင်းအနေနဲ့ အမေရိကန်ထုတ် Nike ဂျာစီ စပွန်ဆာအတွက် တနှစ်ကို ပေါင် သန်း ၃၀ ရရှိမှာဖြစ်ပြီး ဂျာစီစပွန်ဆာတန်ဖိုး အများဆုံးရတဲ့ ကလပ် အသင်း စာရင်းမှာ နံပါတ် ၉ ချိတ်ခဲ့ပါတယ်။

စပါးအသင်းရဲ့ ဂျာစီသစ်မိတ်ဆက်ပြသပွဲမှာ အဓိက ကစားသမားတွေဖြစ်တဲ့ ဂိုးသမားလိုရစ်၊ ဟယ်ရီကိန်း၊ အယ်လီတို့ ပါဝင်ခဲ့ပေမယ့် အသင်းပြောင်းမယ်လို့ သတင်းထွက်နေတဲ့ နောက်ခံလူ ဝေါ်ကာတော့ ပါဝင်လာခြင်း မရှိပါဘူး။

From : ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/216176

No comments:

Post a Comment