မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Thursday, February 18, 2016

ရာသီကုန်တွင် ရတနာပုံကို ကျော်ဖြတ်၍ ချန်ပီယံဖြစ်ရန် ယုံကြည်ဟု မာယန်ဆို



ရန်ကုန်အသင်းနှင့် ဟော်ရဇွန် အသင်းတို့ ပွဲအပြီး သတင်းစာ ရှင်းလင်းပွဲ၌ ရန်ကုန် အသင်းနည်းပြ မာယန်အား တွေ့ရစဉ် (ဓာတ်ပုံ-ရွှေဘုတ်)

ဖေဖော်ဝါရီ ၁၈ ၊ ရန်ကုန်

မြန်မာ နေရှင်နယ်လိဂ် လက်ရှိ ချန်ပီယံ ရန်ကုန် ယူနိုက်တက် အသင်း အနေဖြင့် ၂၀၁၆ ဘောလုံး ရာသီကုန်တွင် အမှတ်ပေး ဇယားထိပ်ဆုံးမှ ရတနာပုံ အသင်းကို ကျော်ဖြတ်ကာ ချန်ပီယံ ဖြစ်ရန် ယုံကြည်သည် ဟု နည်းပြချုပ် မာယန်က ဆိုသည်။

မြန်မာ နေရှင်နယ်လိဂ် ပွဲစဉ် ၆ ပြီးဆုံး ချိန်၌ ရန်ကုန် ယူနိုက်တက် အသင်းသည် ရမှတ် ခုနစ်မှတ်ဖြင့် အမှတ်ပေး ဇယား အဆင့်ခုနစ် နေရာတွင်သာ ရပ်တည်နေပြီး ထိပ်ဆုံးမှ ရတနာပုံ အသင်းနှင့် ၁၁ မှတ်အထိ ကွာဟလျက် ရှိသည်။

“အသင်းက လက်ရှိမှာ ပုံမှန် ခြေစွမ်းကို ပြန်ရ နေပါပြီ။ အသင်းကို ရောက်လာ ကတည်း ကလည်း ချန်ပီယံဆု အတွက် ရောက်လာ ခဲ့တာပါ။ ရာသီကုန်မှာ ချန်ပီယံ ဖြစ်ဖို့ ယုံကြည် ပါတယ်။

မယုံကြည်ရင် ကျွန်တော် အနေနဲ့ ဒီနည်းပြ ထိုင်ခုံမှာ ထိုင်နေမှာ မဟုတ်ပါဘူး။ အဲဒီ့ အတွက်လည်း အသင်းကို တစ်ပွဲချင်း ပိုကောင်း လာအောင်လို့ သေချာ ပြင်ဆင်သွားမှာပါ ” ဟု ရန်ကုန် အသင်း နည်းပြချုပ် မာယန်ကပြော သည်။

ရန်ကုန် ယူနိုက်တက် အသင်းသည် မြန်မာ နေရှင်နယ်လိဂ် သမိုင်းတွင် လေးကြိမ်တိုင် ချန်ပီယံဆု ရရှိ ခဲ့သော်လည်း ယခုနှစ် ရာသီတွင် ရာသီအစ အဖွင့် ပွဲစဉ်များ၌ တည်ငြိမ်မှု မရှိပဲ နိုင်ငံခြားသား နည်းပြ အပြောင်း အလဲ၊ ကစားသမား အပြောင်းအလဲ များလည်း ဖြစ်ခဲ့သည်။

မဇ္ဈိမသတင်း by mizzima

Originally published at - http://mizzimaburmese.com/article/11333


No comments:

Post a Comment