
အောက်တိုဘာ ၄ ရက်က ယှဉ်ပြိုင် သွားတဲ့ ချန်ပီယံလိဂ် အုပ်စု ဂျီ ပွဲစဉ်တွေ မှာတော့ အင်္ဂလန် ပရီးမီးယားလိဂ် ကလပ် ချဲလ်ဆီး အသင်းက ယူကရိန်း ကလပ် ဒိုင်နမိုကိယက်ဗ်ကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင် ရရှိ သွားပါတယ်။
စတန်းဖို့ဒ် ဘရစ်မှာ ကစားတဲ့ ဒီပွဲ ပထမပိုင်း ၃၄ မိနစ်မှာ အလက်ဇန္ဒား ဒရာကိုဗစ်က ကိုယ့်ဂိုး ကိုယ်သွင်းမိတဲ့ အတွက် ချဲလ်ဆီး အသင်းက ၁ ဂိုး ဂိုးမရှိနဲ့ ဦးဆောင် ထားနိုင်ပါတယ်။
ဒါပေမယ့်လည်း ဒုတိယပိုင်း ၇၇ မိနစ်မှာ ဒရာကိုဗစ်က ဒိုင်နမိုကိယက်ဗ် အတွက် ချေပဂိုး ပြန်လည် သွင်းယူသွားတဲ့ အတွက် ၁ ဂိုးစီ သရေကျ သွားပါတယ်။
ဒီနောက် ဒုတိယပိုင်း ၈၃ မိနစ်မှာတော့ ၀ီလီယံက ချဲလ်ဆီး အသင်းအတွက် အနိုင်ဂိုး သွင်းယူ သွားခဲ့ပါတယ်။
ဒီပွဲမှာ ချဲလ်ဆီး အသင်းက ဘောလုံး ပိုင်ဆိုင်မှု ၅၄ ရာခိုင်နှုန်း အထိ ရှိခဲ့ပါတယ်။
ဒီအနိုင်ကြောင့် နည်းပြမော်ရင်ဟို ရင်ဆိုင်နေရတဲ့ ဖိအားတချို့ သက်သာရာ ရသွား ခဲ့ပါတယ်။
ချဲလ်ဆီးပရိသတ်တွေ အပါအ၀င် မိသားစုဝင်တွေ ကလည်း ဖိအားတွေ ရင်ဆိုင်နေရတဲ့ မော်ရင်ဟိုကို ထောက်ခံ ခဲ့ပါတယ်။
အောက်တိုဘာ ၄ ရက်ညကပဲ ယှဉ်ပြိုင် သွားတဲ့ အုပ်စု ဂျီ အခြား ပွဲစဉ်မှာတော့ ပေါ်တူဂီ ကလပ် ပေါ်တိုက အစ္စရေး ကလပ် မက္ကာဘီ တဲလ်အဗစ်ကို ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရသွားပါတယ်။
အုပ်စု ဂျီမှာ ၄ ပွဲစီ ကစားပြီးချိန် ပေါ်တိုအသင်းက ၁၀ မှတ်နဲ့ ပထမ၊ ချဲလ်ဆီးအသင်းက ၇ မှတ်နဲ့ ဒုတိယ၊ ဒိုင်နမိုကိယက်ဗ်က ၅ မှတ်နဲ့ တတိယ၊ မက္ကာဘီ တဲလ်အဗစ်က အမှတ်မရသေးဘဲ အုပ်စုနောက်ဆုံးမှာ အသီးသီး ရပ်တည်နေပါတယ်။
by ဒီဗွီဘီ
Original link - http://burmese.dvb.no/archives/120197
ဒီပို့စ်လေးကို နှစ်သက်တယ်ဆိုရင် | လုပ်နိုင်ပါတယ်။ |

No comments:
Post a Comment