မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။
Showing posts with label စကွက်ရှ်. Show all posts
Showing posts with label စကွက်ရှ်. Show all posts

Saturday, December 26, 2015

3 minute Sports (Squash ကစားနည်း)




ကြက်တောင် ကစားနည်းနဲ့ ဆင်တူတဲ့ Squash ကစားနည်းက မြန်မာနိုင်ငံကို ရောက်ရှိ နေပါပြီ။

ဒီကစားနည်း မှာ ဘယ်လို စည်းမျဉ်း သတ်မှတ် ချက်တွေ ရှိနေလဲ၊ လက်ရှိ Squash အသင်းက ကစားသမား တွေရဲ့ အခြေ အနေ စတာတွေကို သရီးမိနစ် စပေါ့စ် အစီအစဉ်မှာ ကြည့်ရမှာပါ။



From: Mizzima Channel - YouTube

Original link - https://www.youtube.com/channel/UCk9f0cLiMmtchQySOogzoig


Read More »

Wednesday, December 23, 2015

မြန်မာ Squash ကစားသမားများ မလေးရှား ဆီးဂိမ်းမှသာ ဆုတံဆိပ် မျှော်မှန်းနိုင်မည်



နည်းပြ ဒီလန်းမှ ကစားသမားများအား ကြံ့ခိုင်ရေး ပြုလုပ်ပေး နေစဉ်။ (ဓာတ်ပုံ - သောကြာ)

ဒုတိယ အကြိမ်မြောက် အရှေ့တောင်အာရှ Squash ပြိုင်ပွဲကို မြန်မာနိုင်ငံမှ အိမ်ရှင် အဖြစ် လက်ခံ ကျင်းပရန် စီစဉ်ထားပြီး အဆိုပါ ပြိုင်ပွဲတွင် မြန်မာ Squash ကစား သမားများ အနေဖြင့် ဆုတံဆိပ် ရရန် မလွယ် ကူသေးဘဲ လာမည့် ၂၀၁၇ မလေးရှား ဆီးဂိမ်းမှသာ ဆုတံဆိပ် မျှော်မှန်းနိုင်မည်ဟု နည်းပြ ဒီလန်းက မဇ္ဈိမသို့ ပြောသည်။

ဒုတိယ အကြိမ်မြောက် အရှေ့ တောင်အာရှ Squash ချန်ပီယံရှစ်ပြိုင်ပွဲကို ဇန်န၀ါရီလ ၁၁ ရက်မှ ၁၇ ရက်ထိ နေပြည်တော်တွင် ကျင်းပမည်ဖြစ်ပြီး အဆိုပါပြိုင်ပွဲသို့ အရှေ့တောင်အာရှနိုင်ငံ ခြောက်နိုင်ငံခန့် ၀င်ပြိုင်ဖွယ် ရှိနေသည်။

ဒုတိယအကြိမ်မြောက် အရှေ့တောင်အာရှ Squash ၀င်ပြိုင်မည့် မြန်မာ့လက်ရွေးစင် Squash အသင်းကို သြစတြေးလျနိုင်ငံသား နည်းပြ ဒီလန်းမှ စေတနာဖြင့် အခမဲ့ သင်ကြားပေးနေသည်။ '

အိမ်ရှင်လုပ်မယ့် ပြိုင်ပွဲမှာတော့ ဆုတံဆိပ်ရဖို့ မလွယ်ကူသေး ပါဘူး။ အခု တဖြည်းဖြည်းနဲ့ ပိုကောင်းလာပါပြီ။ အဓိက မျှော်မှန်းနိုင်တာတော့ လာမယ့် ဆီးဂိမ်းပါ။ လာမယ့် သုံးနှစ်အတွင်းမှာ ဆုတံဆိပ်ရဖို့ မျှော်မှန်းထားပါတယ်'ဟု နည်းပြ ဒီလန်းက မဇ္ဈိမသို့ ပြောသည်။

Squash ကစာနည်းသည် အင်္ဂလန်နိုင်ငံမှ စတင်ခဲ့သော ကစားနည်းဖြစ်ပြီး ကြက်တောင်ကစားနှင့် ဆင်တူသော ကစားနည်းဖြစ်သည်။

Squash ကစားနည်းတွင် တစ်ဦး ချင်း ပြိုင်ပွဲနှင့် နှစ်ယောက်တွဲ ပြိုင်ပွဲဟူ၍ အမျိုးအစား နှစ်မျိုးကွဲခြားထားသည်။

မြန်မာ့လက်ရွေးစင် Squash အားကစား အဖွဲ့သည် ၂၀၁၅ စင်ကာပူဆီးဂိမ်းပြိုင်ပွဲမှ စတင်ကာ နိုင်ငံတကာပြိုင်ပွဲ ၀င်ပြိုင်ခဲ့ပြီး စင်ကာပူဆီးဂိမ်းပြိုင်ပွဲတွင် ဆုတံဆိပ် ရယူနိုင်ခဲ့ခြင်း မရှိပေ။

မဇ္ဈိမသတင်း by mizzima

Originally published at - http://mizzimaburmese.com/article/8889


Read More »

Monday, November 16, 2015

မြန်မာနိုင်ငံက အိမ်ရှင် အဖြစ် လက်ခံ ကျင်းပမယ့် စကွက်ရှ်ပြိုင်ပွဲ




၂၀၁၆ အရှေ့တောင်အာရှ စကွက်ရှ် ပြိုင်ပွဲကို မြန်မာ နိုင်ငံမှာ အိမ်ရှင် အဖြစ် လက်ခံ ကျင်းပဖို့ ရှိပါတယ်။ စကွက်ရှ် ကစားနည်းဆိုတာ ဘာလဲ၊ မြန်မာ ကစားသမားတွေ ဘယ်လို လေ့ကျင့်နေလဲ စတာတွေကို သတင်းထောက် သောကြာက တင်ဆက်ပေးမှာပါ။



From : Mizzima Channel

Original link - https://www.youtube.com/channel/UCk9f0cLiMmtchQySOogzoig

ဒီပို့စ်လေးကို သဘောကျရင်
လုပ်ပေးခဲ့နော်။

Read More »