
ယူရိုပြိုင်ပွဲ အုပ်စု ဒီ နောက်ဆုံး ပွဲစဉ်မှာ တူရကီက ချက်ကို ၂ ဂိုးပြတ်နဲ့ အနိုင်ရ သွားပါတယ်။
ဒီပွဲနိုင်လို့ တူရကီက ၃ မှတ် ရပြီး ရှုံးထွက် အဆင့်ကို တက်နိုင်ရေး မျှော်လင့် ချက်တွေ ရှင်သန်သွားပါတယ်။
တူရကီ အတွက် ဦးဆောင် ဂိုးကို ပွဲအစ ၁၀ မိနစ်မှာ သွင်းယူပါတယ်။
ချက်အသင်းက ကွင်းလယ်မှာ ဘောလုံးပိုင်ဆိုင်မှု အသာစီးယူနိုင်သလို ထိုးဖောက် ကန်သွင်းခွင့်တွေလည်း ပိုရခဲ့တာပါ။
တူရကီအတွက် ဒုတိယဂိုးကို ၆၅ မိနစ်မှာ တူဖန်က သွင်းယူတာ ဖြစ်ပါတယ်။
တူရကီဟာ ပထမ အုပ်စု ၂ ပွဲမှာ ရှုံးထားပြီး အခုပွဲမှာ အနိုင်ရတာပါ။
ချက်အသင်းနည်းပြကတော့ ဘောလုံးကို အကောင်းဆုံး မကစားနိုင်ခဲ့လို့ တဘက်အသင်းက တန်ပြန်တိုက်စစ်တွေကနေ ဂိုးတွေ သွင်းသွားတာလို့ ပြောပါတယ်။
by ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/155826

No comments:
Post a Comment