
မနေ့ ညက ယှဉ်ပြိုင် ကစားတဲ့ ဂျာမန် ဘွန်ဒစ် လီဂါ ပွဲစဉ် မှာတော့ ဘိုင်ယန် မြူးနစ်အသင်းက အဝေးကွင်းမှာ ၀ုဖ်စ်ဘတ်ကို ၆ ဂိုးပြတ် အနိုင်ရရှိ သွားပြီး ချန်ပီယံ ဖြစ်သွား ပါတယ်။
ဘိုင်ယန် အသင်းဟာ အဝေး ကွင်းမှာ ယှဉ်ပြိုင် ကစားခဲ့ ရတာ ဖြစ်ပေမယ့် ဘောလုံး ပိုင်ဆိုင်မှု အသားစီးနဲ့ ဂိုးပြတ် အနိုင်ရရှိ ခဲ့တာဖြစ်ပါတယ်။
ဘိုင်ယန်အသင်းအတွက် အနိုင်ဂိုးတွေကိုတော့ လီဝန်ဒေါ့စကီးက ၂ ဂိုးနဲ့ ဒေးဗစ်အယ်လ်ဘာ၊ ရော်ဘင်၊ မူလာ၊ ကင်မစ်ခ်ျတို့က ၁ ဂိုးစီ အသီးသီး သွင်းယူခဲ့ကြတာ ဖြစ်ပါတတယ်။
ဘိုင်ယန်မြူးနစ်ဟာ ဂျာမန်ဘွန်ဒစ်လီဂါ အမှတ်ပေးဖလား ပွဲစဉ်တွေမပြီးဆုံးသေးပေမယ့် ဒုတိယနေရာက လိုင်ဇစ်ကို ၁၀ မှတ်အသာနဲ့ ချန်ပီယံဖလား ရရှိသွားပြီ ဖြစ်ပါတယ်။
From : ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/203899

No comments:
Post a Comment