
ဧပြီ ၃၀၊ လီဗာပူးလ်
အင်္ဂလန် တိုက်စစ်မှူး စတာရစ်ခ်ျ အနေဖြင့် နွေရာသီတွင် အန်ဖီးလ်မှ ထွက်ခွာရန် ဆုံးဖြတ် ဖြစ်ပါက လီဗာပူးလ် အသင်းက ပြောင်းရွှေ့ကြေး ပေါင်သန်း ၄၀ သတ်မှတ်မည် ဖြစ်သည်။
စတာရစ်ခ်ျကို ပီအက်စ်ဂျီ အသင်းက ဆွဲဆောင်နေသည့် အပြင် ဝက်စ်ဟမ်းအသင်းနည်းပြ ဘီလစ်ကလည်း စိတ်ဝင်စား သည်ဟု ပြောဆို ထားသည်။
သို့သော် ၎င်းသည်နည်းပြကလော့ပ်လက်ထက်တွင် ပုံမှန်ပွဲထွက်ခွင့်အတွက်ရုန်းကန်နေရပြီး ရာသီအစပိုင်းက တင်ပါးဒဏ်ရာနှင့် ဗိုင်းရပ်စ်ကြောင့် အနားယူခဲ့ရသည်။
အသင်းအတွက် ၁၁၅ ပွဲကစား ၅၉ သွင်းထားပြီး ကမ္ဘာ့ဖလားခြေစစ်ပွဲတွင် အင်္ဂလန်အတွက် ရှစ်ဂိုးသွင်းထားသည့် စတာရစ်ခ်ျအတွက် အပြိုင်အဆိုင်များစွာရှိလာလိမ့်မည်ဟု လီဗာပူးလ်အသင်းက ယူဆထားသည်။
မာဆေးဆိုက်ဒ်ကလပ်အနေဖြင့် တိုက်စစ်မှူးများရောင်းချရာမှပြောင်းရွှေ့ကြေးများစွာရသည့် အစဉ်အလာများရှိခဲ့ဖူးသည်။
တောရက်စ်ကို ချယ်လ်ဆီးသို့ ပေါင်းငန်း ၅၀၊ ဆွာရက်ဇ်ကို ဘာစီလိုနာသို့ ပေါင် ၇၅ သန်း၊ ဘန်တီကီကို ပဲလေ့စ်သို့ပေါင် ၃၂ သန်းဖြင့် ရောင်းချ ခဲ့ခြင်းဖြစ်သည်။
Ref; Daily Mail
From : မဇ္ဈိမ မီဒီယာ by ဝေဘုန်းလူ
Originally published at - http://www.mizzimaburmese.com/article/26399





No comments:
Post a Comment