မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Monday, May 1, 2017

မန်ယူနှင့်ဆွမ်ဆီး ၁ ဂိုးစီ သရေကျ (ရုပ်သံဟိုက်လိုက်)


ဧပြီ ၃၀ ရက်က ယှဉ်ပြိုင်တဲ့ မန်ယူနဲ့ ဆွမ်ဆီး တို့ရဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ တဘက် ၁ ဂိုးစီနဲ့ သရေကျ သွားပါတယ်။ အိုးလ်ထရက် ဖို့ဒ်မှာ ယှဉ်ပြိုင်တဲ့ ဒီပွဲမှာ ဆွမ်ဆီးရဲ့ မာမာ ထန်ထန် တုံ့ပြန် ကစားမှုကြောင့် မန်ယူတို့ အခက်တွေ့ ခဲ့ရသလို အဓိက ကစား သမားတွေ ဒဏ်ရာကြောင့် မပါဝင်နိုင်တဲ့ အတွက်လည်း မန်ယူ ကစားပုံ အားနည်း ချက်တွေ ရှိခဲ့ ပါတယ်။ မန်ယူအတွက် ဦးဆောင်ဂိုးကို ပထမပိုင်း ပြီးခါနီးမှာ အသင်း aခါင်းဆောင် ရွန်နီက ပယ်နယ်တီမှ တဆင့် သွင်းယူပေး ခဲ့ပါတယ်။ မန်ယူဟာ ဒီပွဲမှာ ဘောလုံး ပိုင်ဆိုင်မှု အနည်းငယ် အသာစီး ယူနိုင်ပေမယ့် ဂိုးကန်သွင်းခွင့် မှာတော့ မတိမ်း မယိမ်းပဲ ရှိခဲ့ပါတယ်။ ဆွမ်ဆီးအတွက် ချေပဂိုးကိုတော့ ပွဲချိန် ၇၉ မိနစ်မှာ ဆီဂတ်ဆန်က ပြစ်ဒဏ်ဘောကတဆင့် လှလှပပ ကန်သွင်းသွားခဲ့ပါတယ်။ ဒီပွဲသရေကျတဲ့အတွက် မန်ယူဟာ အမှတ်ပေးဇယားမှာ အပြောင်းအလဲမရှိဘဲ ရမှတ် ၆၅ မှတ်နဲ့ အဆင့် ၅ မှာ ဆက်လက်ရပ်တည်နေပြီး ဆွမ်ဆီးကတော့ ရမှတ် ၃၂ မှတ်နဲ့ တန်းဆင်းဇုန် အဆင့် ၁၈ မှာ ရှိနေပါတယ်။
From : ဒီဗွီဘီ Originally published at - http://burmese.dvb.no/archives/203983

No comments:

Post a Comment