Monday, May 1, 2017
အဲဗာတန်ကို ၃ ဂိုးပြတ်ဖြင့်နိုင်ပြီး ချဲလ်ဆီး အမှတ်ပေးချန်ပီယံဖြစ်ရန် နီးစပ်လာ (ရုပ်သံဟိုက်လိုက်)
မနေ့ညက ယှဉ်ပြိုင်တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ အမှတ်ပေး ဇယားထိပ်မှ ချဲလ်ဆီးက အဲဗာတန်ကို ၃ ဂိုးပြတ်နဲ့ နိုင်ပြီး ဒီရာသီ ချန်ပီယံဖြစ်ရေး ပိုမိုနီးစပ် လာပါတယ်။
အဲဗာတန် ကွင်းမှာ ယှဉ်ပြိုင်တဲ့ ဒီပွဲစဉ် ပထမပိုင်းမှာ အပြန် အလှန် ထိုးဖောက် ကစားခဲ့ ကြပေမယ့် ဂိုးသွင်း ယူနိုင်ခြင်းတော့ မရှိခဲ့ပါဘူး။
ချဲလ်ဆီးအတွက် အဖွင့်ဂိုးကို ပွဲချိန် ၆၆ မိနစ်မှာ အဲဗာတန်ဂိုးဧရိယာအစပ်ကနေ ပက်ဒရိုက လှလှပပကန်သွင်းပြီး ရယူပေးခဲ့ပါတယ်။
ဒီပွဲစဉ်မှာ နှစ်ဘက် ဘောလုံးပိုင်ဆိုင်မှုရော ထိုးဖောက်ကန်သွင်းခွင့်တွေမှာပါ မတိမ်းမယိမ်းရှိခဲ့ပါတယ်။
ဒီ့နောက် ချဲလ်ဆီးအတွက် အနိုင်ဂိုးတွေကို ပွဲချိန် ၇၉ မိနစ်မှာ ကာဟေးလ်နဲ့ ၈၆ မိနစ်မှာ လူစားဝင်ကစားသမား ဝီလျံတို့က အသီးသီး သွင်းယူပေးခဲ့ပါတယ်။
ဒီပွဲအနိုင်ရတဲ့ ချဲလ်ဆီးအသင်းဟာ ၃၄ ပွဲကစား၊ ရမှတ် ၈၁ မှတ်နဲ့ အမှတ်ပေးဇယား ဒုတိယနေရာက စပါးကို ၄ မှတ်အသာနဲ့ ထိပ်က ဦးဆောင်ထားနိုင်ပါတယ်။
အဲဗာတန်ကတော့ ရမှတ် ၅၈ မှတ်နဲ့ အဆင့် ၇ မှာ ရပ်တည်နေပါတယ်။
From : ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/203986
Labels:
ရုပ်သံ,
ဘောလုံးပွဲ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment