Monday, May 1, 2017
အယ်လီနှင့် ကိန်းတို့၏ သွင်းဂိုးများဖြင့် စပါးက အာဆင်နယ်ကို အနိုင်ယူ (ရုပ်သံဟိုက်လိုက်)
ပရီးမီးယားလိဂ် အမှတ်ပေး ဇယား ဒုတိယ နေရာက စပါးနဲ့ အဆင့်ငါးမှာ ရပ်တည် နေတဲ့ အာဆင်နယ်တို့ ဧပြီ ၃၀ ရက်က ယှဉ်ပြိုင်ရာ စပါးက ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရပြီး ဇယား ထိပ်က ချဲလ်ဆီးကို ဆက်လက် ဖိအားပေးနိုင် ခဲ့ပါတယ်။
အာဆင်နယ်အတွက်တော့ ဒီပွဲမှာ ရှုံးနိမ့်ခဲ့တဲ့အတွက် ရာသီကုန် အမှတ်ပေးဇယား ထိပ်ဆုံး ၄ သင်းအတွင်းဝင်ရေး မျှော်လင့်ချက် ထိခိုက်ခဲ့ရပါတယ်။
စပါးကွင်းမှာယှဉ်ပြိုင်တဲ့ ဒီပွဲမှာ ဘောလုံးပိုင်ဆိုင်မှု မတိမ်းမယိမ်းရှိခဲ့ပေမယ့် ဂိုးကန်သွင်းခွင့်မှာတော့ အိမ်ရှင်အသင်းက အပြတ် အသာစီးရခဲ့ပါတယ်။
စပါးအတွက် အနိုင်ဂိုးတွေကို ပွဲချိန် ၅၅ မိနစ်မှာ အယ်လီနဲ့ ၅၈ မိနစ်မှာ ပယ်နယ်တီမှတဆင့် ကိန်းတို့က သွင်းယူပေးခဲ့ပါတယ်။
ဒီပွဲစဉ်အပြီးမှာတော့ စပါးရော အာဆင်နယ်ပါ အမှတ်ပေးဇယားမှာ ရပ်တည်ချက် အပြောင်းအလဲမရှိဘဲ စပါးက အဆင့် ၂ နဲ့ အာဆင်နယ်က အဆင့် ၅ မှာ ဆက်လက်ရပ်တည်နေပါတယ်။
From : ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/204000
Labels:
ရုပ်သံ,
ဘောလုံးပွဲ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment