
မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် (အမ်အက်ဖ်အက်ဖ်) က လက်ရွေးစင် အသင်း နည်းပြချုပ် ဂတ်ဇီဆီကို ဒီဇင်ဘာ ၂၂ ရက်နေ့က စာချုပ် သက်တမ်း ၂ နှစ် တိုး လိုက်ပါတယ်။
အကောင်းဆုံး စွမ်းဆောင်မှုတွေ ရအောင် ပြင်းပြင်းထန်ထန် ကြိုးစားပြီး စိန်ခေါ်မှု တွေကို ရင်ဆိုင်ဖို့ အတူဆောင်ရွက် သွားမယ်လို့ နည်းပြ ဂတ်ဇီဆီက ပြောကြောင်း
ဘောလုံး အဖွဲ့ချုပ်က သတင်း ထုတ်ပြန် ထားပါတယ်။
ဂတ်ဇီဆီဟာ မြန်မာယူ-၂၀ အသင်းကို ၂၀၁၅ ဖီဖာ ယူ-၂၀ ကမ္ဘာ့ဖလား ပြိုင်ပွဲကို ရောက်အောင် ပို့ဆောင်ပေးနိုင် ခဲ့ပါတယ်။
အဲဒီနောက်မှာ လက်ရွေးစင် အသင်းကို ကိုင်တွယ်ခွင့် ရခဲ့ပြီး ဆူဇူကီးဖလား ပြိုင်ပွဲမှာ ဆီမီးဖိုင်နယ်အထိ ရောက်အောင် လုပ်ဆောင်ပေး ထားပါတယ်။
ဓာတ်ပုံ - အမ်အက်ဖ်အက်ဖ်
From : ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/180893

No comments:
Post a Comment