
ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် ဖီဖာက သတ်မှတ်တဲ့ ၂၀၁၆ နှစ်ကုန် အတွက် နောက်ဆုံး ထုတ်ပြန်တဲ့ ကမ္ဘာ့ဘောလုံး အဆင့်မှာ မြန်မာ အသင်းက အဆင့် ၇ ဆင့် တက်သွား ပါတယ်။
မြန်မာအသင်းဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလက ဖီဖာအဆင့် ၁၆၆ ရှိရာကနေ ဆူဇူကီးဖလားပြိုင်ပွဲမှာ ဆီမီးဖိုင်နယ်အဆင့်ထိ တက်သွားပြီးနောက် အခု ဒီဇင်ဘာ ၂၂ ရက် ဖီဖာက ထုတ်ပြန်တဲ့ အဆင့်သတ်မှတ်ချက်မှာ အဆင့် ၁၅၉ ကို တက်လာခဲ့တာ ဖြစ်ပါတယ်။
ဆူဇူကီးဖလားချန်ပီယံ ထိုင်းအသင်းကတော့ ၃ ဆင့်တက်လာပြီး မလေးရှားနဲ့ ဗီယက်နမ်တို့က ၅ ဆင့်စီ ကျသွားပါတယ်။
ဖီဖာရဲ့ အဆင့်သတ်မှတ်ချက်အရ အာဂျင်တီးနားအသင်းက အဆင့် ၁ နဲ့ ထိပ်ဆုံးမှာရှိနေပြီး ဘရာဇီးက အဆင့် ၂၊ ဂျာမနီက အဆင့် ၃၊ ချီလီက အဆင့် ၄ နဲ့ ဘယ်ဂျီယံက အဆင့် ၅ မှာ ရပ်တည်နေပါတယ်။
နည်းပြ ခရစ် ကိုးလ်မန်းရဲ့ ဝေးလ်အသင်းဟာ အင်္ဂလန်ရဲ့အထက် ကမ္ဘာ့အဆင့်သတ်မှတ်ချက် ၁၂ မှာ ရှိနေပြီး အင်္ဂလန်ကတော့ အဆင့် ၁၃ မှာ ရပ်တည်နေပါတယ်။
ဝေးလ်ဟာ ပြီးခဲ့တဲ့ ယူရိုပြိုင်ပွဲမှာ ဆီမီးဖိုင်နယ်အဆင့်ထိ ရောက်ခဲ့ပေမယ့် အင်္ဂလန်ကတော့ ရှုံးထွက်အဆင့်ပဲ ရောက်ခဲ့ပါတယ်။
အိုင်ယာလန်နိုင်ငံက အဆင့် ၂၃၊ မြောက်အိုင်ယာလန်က အဆင့် ၃၂ နဲ့ စကော့တလန်က အဆင့် ၆၇ မှာ အသီးသီး ရှိနေပါတယ်။
From : ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/180896

No comments:
Post a Comment