မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။
Showing posts with label အလေးမ. Show all posts
Showing posts with label အလေးမ. Show all posts

Saturday, May 27, 2017

တရုတ်နိုင်ငံမှ အသက်အငယ်ဆုံး ဘီကီနီဝတ် အမျိုးသမီး ကာယဗလ မယ်




တရုတ်နိုင်ငံ အနောက် တောင်ပိုင်း စီချွမ် ခရိုင်မှာ ကျင်းပခဲ့တဲ့ အမျိုးသမီး ကာယဗလ ချန်ပီယံ ပြိုင်ပွဲမှာ အသက် ၂၀ အရွယ် တူမန်ဂလီ ဆိုတဲ့ ကောလိပ် ကျောင်းသူ တဦးဟာ အမျိုးသမီး ရေကူးဝတ်စုံနဲ့ လိုက်ဖက်မှု အရှိဆုံး ဘီကီနီဝတ် ကာယဗလ ချန်ပီယံဆုကို ရရှိ ခဲ့ပါတယ်။



Asian Federation of Bodybuilding & Fitness Championships (AFBF) အဖွဲ့ကြီးက ပြီးခဲ့တဲ့ အပတ်မှာ ကျင်းပ ခဲ့တဲ့ ၅၁ ကြိမ်မြောက် ပြိုင်ပွဲမှာ ဒီဆုကို ရရှိ ခဲ့တာဖြစ်ပြီး တူမန်ဂလီက ဒီလိုဆု ရခဲ့တာဟာ သူမရဲ့ ကျန်းမာစေတဲ့ ဘဝနေထိုင်မှု ပုံစံနဲ့ ခန္ဓာကိုယ် ကျန်းမာ သန်စွမ်းမှုကြောင့်လို့ ပြောပါတယ်။



သူက အမျိုးသားတွေသာ ကစားလေ့ရှိတဲ့ Bodybuilding ကာယဗလ အားကစားနည်းကို ကစားဖို့ ဆုံးဖြတ် ခဲ့တာပါ။ မနက်တိုင်း ၅ နာရီခွဲ ပုံမှန်ထပြီး နေ့စဉ်ပြုလုပ် ရတဲ့ သူမရဲ့ လေ့ကျင့်ခန်းတွေကို စတင် လုပ်ဆောင် ပါတယ်။



သူမရဲ့ ပြင်းပြင်းထန်ထန် လေ့ကျင့်ထားတဲ့ ခန္ဓာကိုယ်ကောက်ကြောင်းနဲ့ ပြီးပြည့်စုံမှုကို ဒိုင်တွေမြင်ပြီး အချိုးအစားကျ စွဲဆောင်မှုရှိတဲ့ ခန္ဓာကိုယ်အဖြစ် ဆုံးဖြတ်ကာ သူမကို ဒီဆုပေး ခဲ့တာလို့ ဆိုပါတယ်။

ကာယဗလမယ် တယောက်ဖြစ်ဖို့ ဦးခေါင်းသေးရမယ် ရင်အုပ်ကျယ်၊ ခါးသေးပြီး ခြေတံတွေရှည်ရမယ်လို့ တူရဲ့ နည်းပြက ပြောပါတယ်။



တရုတ်နိုင်ငံမှာ လူငယ်အများစုအကြား ခန္ဓာကိုယ် ကျန်းမာသန်စွမ်းဖို့ စိတ်ဝင်စားကြပေမယ့် ကာယဗလအားကစားနည်းကတော့ ခေတ်မစားသေးပါဘူး။

ကျောင်းသူ တူ ဆုရအောင်မြင်တဲ့အပေါ် လူမှုကွန်ရက် စာမျက်တွေထက်မှာ အကောင်းအဆိုး ဝေဖန်မှုတွေ ရောနေပေမယ့် သူမရဲ့ပြင်းထန်တဲ့ ကြိုးစား အားထုတ်မှုကိုတော့ အားလုံးက သဘောကျပြီး အသိအမှတ်ပြုကြပါတယ်လို့ စီဂျီတီအန်ရဲ့ မေလ ၂၅ ရက်နေ့ သတင်းမှာ ရေးသားထားပါတယ်။

From : ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/209029

Read More »

Thursday, August 11, 2016

အလေးမ ယှဉ်ပြိုင်စဉ် တံတောင်ဆစ်ရိုးလွဲသွားသည့် အာမေးနီးယား ကစားသမားကို ဆေးရုံပို့




ဘရာဇီး အိုလံပစ် ပြိုင်ပွဲ အလေးမ ပြိုင်ပွဲမှာ အာမေးနီးယား ကစားသမား တဦးဟာ အလေး မနေစဉ် တံတောင် ဆစ်ရိုး လွဲချော် သွားလို့ ဆေးရုံ တင်ပို့ခဲ့ ရပါတယ်။

အမျိုးသား ၇၇ ကီလို တန်းမှာ ၀င်ပြိုင်ခဲ့တဲ့ အာမေးနီးယား ကစားသမား Karapetyan ဟာ အမြန်မ ရတဲ့ အဆင့်မှာ ၁၇၄ ကီလို အထိ မနိုင် ခဲ့ပေမယ့် နှစ်ဆင့် မရတဲ့ အဆင့် မှာတော့ ၁၉၅ ကီလိုကို မနေစဉ်မှာ တံတောင် ဆစ်ရိုးက ပြောင်းပြန် ဖြစ်သွား ခဲ့ပြီး ဆေးရုံကို အမြန်ဆုံး တင်ပို့ ခဲ့ရတာပါ။

အသက် ၂၀ ရှိ Karapetyan ဟာ ကြေးတံဆိပ်ဆု အတွက် ယှဉ်ပြိုင်နေစဉ် တံတောင်ဆစ် ပြောင်းပြန် ဖြစ်သွား ရတာ ဖြစ်ပြီး ပြိုင်ပွဲကနေ နုတ်ထွက် ခဲ့ရပါတယ်။

အမျိုးသား ၇၇ ကီလိုတန်း အလေးမပြိုင်ပွဲမှာ ကာဇက်စတန်က ရာဟီမော့က ရွှေတံဆိပ်ရခဲ့ပြီး တရုတ်ကစားသမား လျူက ဒုတိယ၊ အီဂျစ် အလေးမသမား မာမွတ်က တတိယ အသီးသီး ရယူနိုင်ခဲ့ကြပါတယ်။

ဓာတ်ပုံ - Getty Images

by ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/163328

Read More »

Monday, August 8, 2016

အိုလံပစ်ပြိုင်ပွဲတွင် မြေးဖြစ်သူ ယှဉ်ပြိုင်နေပုံ ကြည့်ရင်း အဖွား သေဆုံး


ဆင်ဖက်ခရေသောင်။ (ဓာတ်ပုံ - ရိုက်တာ)


ထိုင်း နိုင်ငံသား အလေးမ ချန်ပီယံ ဆင်ဖက် ခရေသောင်ရဲ့ အဖွား ဖြစ်သူဟာ သူ့ရဲ့ ပြိုင်ပွဲ ရုပ်သံ တိုက်ရိုက် ထုတ်လွှင့်မှုကို ကြည့်ရှု နေချိန်မှာ လဲကျပြီး ရုတ်တရက်
သေဆုံး သွားခဲ့ တယ်လို့ ဘန်ကောက်ပို့စ် သတင်းမှာ ဒီကနေ့ ဖော်ပြ ပါတယ်။

ဆင်ဖက်ဟာ လက်ရှိ ကျင်းပနေတဲ့ ၂၀၁၆ ခုနှစ် ရီယိုအိုလံပစ် ကမ္ဘာ့ ချန်ပီယံ ပြိုင်ပွဲမှာ ကြေးတံဆိပ်ဆုကို ဆွတ်ခူး ရရှိခဲ့ တာပါ။

ဒေသခံပရိသတ်ပေါင်းများစွာ ပါဝင်တဲ့ လူအုပ်စုကြီးဟာ ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်း ချန်ဖွန်ဘူရီခရိုင်၊ ဘန်ဖွန်မောင်ဒေသမှ သူ့ရဲ့အိမ်ရှေ့ကို အားပေးဖို့ စုရုံး ရောက် ရှိလာခဲ့ကြချိန်မှာ အိမ်ထဲမှာ ဆင်ဖက်ရဲ့ ဖခင်ဖြစ်သူ အသက် ၅၆ နှစ်အရွယ် သွန်ဒန်ခရေသောင်၊ မိခင်ဖြစ်သူ အသက် ၄၈ နှစ်အရွယ် ချန်ခရေသောင်နဲ့ အဖွားဖြစ်သူ အသက် ၈၂ နှစ်အရွယ် ဆူဘင်ခေါင်သက်တို့ဟာ အတူတကွ ရှိနေခဲ့ကြတယ်လို့ ဆိုပါတယ်။

ဘရာဇီးနိုင်ငံ၊ ရီယိုဒီဂျနေးယိုးမြို့ကနေ တိုက်ရိုက်ထုတ်လွှင့်နေတဲ့ ၅၆ ကီလိုတန်း အလေးမ ပြိုင်ပွဲမှာ မြေးဖြစ်သူ ယှဉ်ပြိုင်နေ ခဲ့တာကို ကြည့်ရှုရင်း စိတ်လှုပ်ရှားကာ လဲကျ သွားခဲ့တာလို့ သတင်းမှာ ဖော်ပြပါတယ်။

သူ့ကို ချန်ဖွန်ဘူရီခရိုင်ဆေးရုံကို အလျင်အမြန် ခေါ်ဆောင်သွားခဲ့ကြပြီး ဆေးရုံရောက်လို့ ၁ နာရီအကြာမှာတော့ သေဆုံးသွားခဲ့ပြီလို့ ကြေညာလိုက်တာပါ။

သူဟာ မြေးဖြစ်သူ ဆုရရှိတာကိုတောင် မမြင်ခဲ့လိုက်ရဘူးလို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။

ဆင်ဖက်ရဲ့ မိခင်ဖြစ်သူ ချန်ကတော့ အခုလို သူမရဲ့မိခင် သေဆုံးခဲ့ရမှုအတွက် ၀မ်းနည်း ပူဆွေး ရတာနဲ့ တပြိုင်နက် တည်းမှာပဲ သားဖြစ်သူ ရရှိခဲ့တဲ့ ဆုတံဆိပ် အတွက် ၀မ်းသာ ခဲ့ရ တယ်လို့ ပြောပါတယ်။

by ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/162728

Read More »