
တရုတ်နိုင်ငံ အနောက် တောင်ပိုင်း စီချွမ် ခရိုင်မှာ ကျင်းပခဲ့တဲ့ အမျိုးသမီး ကာယဗလ ချန်ပီယံ ပြိုင်ပွဲမှာ အသက် ၂၀ အရွယ် တူမန်ဂလီ ဆိုတဲ့ ကောလိပ် ကျောင်းသူ တဦးဟာ အမျိုးသမီး ရေကူးဝတ်စုံနဲ့ လိုက်ဖက်မှု အရှိဆုံး ဘီကီနီဝတ် ကာယဗလ ချန်ပီယံဆုကို ရရှိ ခဲ့ပါတယ်။

Asian Federation of Bodybuilding & Fitness Championships (AFBF) အဖွဲ့ကြီးက ပြီးခဲ့တဲ့ အပတ်မှာ ကျင်းပ ခဲ့တဲ့ ၅၁ ကြိမ်မြောက် ပြိုင်ပွဲမှာ ဒီဆုကို ရရှိ ခဲ့တာဖြစ်ပြီး တူမန်ဂလီက ဒီလိုဆု ရခဲ့တာဟာ သူမရဲ့ ကျန်းမာစေတဲ့ ဘဝနေထိုင်မှု ပုံစံနဲ့ ခန္ဓာကိုယ် ကျန်းမာ သန်စွမ်းမှုကြောင့်လို့ ပြောပါတယ်။

သူက အမျိုးသားတွေသာ ကစားလေ့ရှိတဲ့ Bodybuilding ကာယဗလ အားကစားနည်းကို ကစားဖို့ ဆုံးဖြတ် ခဲ့တာပါ။ မနက်တိုင်း ၅ နာရီခွဲ ပုံမှန်ထပြီး နေ့စဉ်ပြုလုပ် ရတဲ့ သူမရဲ့ လေ့ကျင့်ခန်းတွေကို စတင် လုပ်ဆောင် ပါတယ်။

သူမရဲ့ ပြင်းပြင်းထန်ထန် လေ့ကျင့်ထားတဲ့ ခန္ဓာကိုယ်ကောက်ကြောင်းနဲ့ ပြီးပြည့်စုံမှုကို ဒိုင်တွေမြင်ပြီး အချိုးအစားကျ စွဲဆောင်မှုရှိတဲ့ ခန္ဓာကိုယ်အဖြစ် ဆုံးဖြတ်ကာ သူမကို ဒီဆုပေး ခဲ့တာလို့ ဆိုပါတယ်။
ကာယဗလမယ် တယောက်ဖြစ်ဖို့ ဦးခေါင်းသေးရမယ် ရင်အုပ်ကျယ်၊ ခါးသေးပြီး ခြေတံတွေရှည်ရမယ်လို့ တူရဲ့ နည်းပြက ပြောပါတယ်။

တရုတ်နိုင်ငံမှာ လူငယ်အများစုအကြား ခန္ဓာကိုယ် ကျန်းမာသန်စွမ်းဖို့ စိတ်ဝင်စားကြပေမယ့် ကာယဗလအားကစားနည်းကတော့ ခေတ်မစားသေးပါဘူး။
ကျောင်းသူ တူ ဆုရအောင်မြင်တဲ့အပေါ် လူမှုကွန်ရက် စာမျက်တွေထက်မှာ အကောင်းအဆိုး ဝေဖန်မှုတွေ ရောနေပေမယ့် သူမရဲ့ပြင်းထန်တဲ့ ကြိုးစား အားထုတ်မှုကိုတော့ အားလုံးက သဘောကျပြီး အသိအမှတ်ပြုကြပါတယ်လို့ စီဂျီတီအန်ရဲ့ မေလ ၂၅ ရက်နေ့ သတင်းမှာ ရေးသားထားပါတယ်။
From : ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/209029

No comments:
Post a Comment