မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Saturday, May 27, 2017

လေးနှစ်အတွင်း သုံးကြိမ်မြောက် အက်ဖ်အေဖလား ချန်ပီယံ ဖြစ်ခဲ့တဲ့ အာဆင်နယ်




ဝင်ဘာလေမှာ ပရီးမီးယားလိဂ် ချန်ပီယံ ချယ်လ်ဆီးကို အာဆင်နယ် အနိုင်ယူ လိုက်ပါတယ်။

ဝင်ဘာလေ ကွင်းမှာ ကစားခဲ့တဲ့ အက်ဖ်အေ ဖလား ဗိုလ်လုပွဲမှာ အာဆင်နယ် အသင်းက ချယ်လ်ဆီးကို အနိုင်ယူပြီး လေးနှစ် အတွင်း သုံးကြိမ်မြောက် ချန်ပီယံ ဆုဖလားကို ရရှိခဲ့ ပါတယ်။

ခံစစ်ဒဏ်ရာ ပြဿနာ များပြားခဲ့တဲ့ အာဆင်နယ် အသင်းက ဒီနေ့ပွဲစဉ်မှာ နောက်တန်း သုံးဦးထားတဲ့ ကစားကွက်နဲ့ ပွဲထွက် ခဲ့တာ ဖြစ်ပါတယ်။

မာတီဆက်ကာ၊ ရော့ဘ်ဟိုးလ်ဒင်းနဲ့ မွန်ရီရဲလ်တို့ သုံးဦးဟာ ဗဟို ခံစစ်ကစားသမားတွေ ပုံစံ ကစားခဲ့ ရပြီး ချိန်ဘာလိန်နဲ့ ဘယ်လာရင်တို့ကို ဘေးတစ်ဖက် ဆီကနေ အတက် အဆင်းလုပ်ကာ ကစား ခဲ့ရပါတယ်။ ထူးခြားတာကတော့ အထောင် တိုက်စစ်နေရာမှာ ဝဲလ်ဘက်ကို ပွဲထွက် ကစားစေခဲ့တာ ဖြစ်ပါတယ်။

ချယ်လ်ဆီးအသင်းက ထုံးစံအတိုင်း ၄-၃-၃ ပုံစံနဲ့ ပွဲထွက် လာပြီး တိုက်စစ်မှာ ဟာဇက်၊ ကော်စတာ၊ ပက်ဒရို၊ တို့ကို ပွဲထုတ် ခဲ့တာ ဖြစ်ပါတယ်။ ပွဲစပြီး လေးမိနစ် အကြာမှာပဲ အာဆင်နယ်အသင်း အဖွင့်ဂိုး ရသွား ခဲ့တာ ဖြစ်ပါတယ်။

ဆန်းချက်ဇ် ဂိုးဧရိယာထဲ မ, တင်ပေးလိုက်တဲ့ ဘောလုံးကို ဒေးဗစ်လုဇ် ခေါင်းတိုက် ဖျက်ရာမှာ ဆန်းချက်ဇ်ပဲ ဘောလုံး ဆွဲပြေး ယူသွားပြီး ကန်သွင်း ယူခဲ့တာ ဖြစ်ပါတယ်။

ဒီဂိုးကို စည်းကြပ်ဒိုင်က အလံထောင်ခဲ့လို့ လူကျွံဘောလိုလို ဖြစ်ခဲ့သေးပေမယ့် ကွင်းလယ်ဒိုင်က ဂိုးအဖြစ် သတ်မှတ်ပေး ခဲ့ပါတယ်။ ဂိုးပေးလိုက်ရပြီးနောက် ချယ်လ်ဆီး အသင်းက အာဆင်နယ်ကို တရစပ် ဖိအားပြန်ပေး ခဲ့ပေမယ့် ပထမပိုင်း တစ်ပိုင်းလုံး ချေပဂိုးရဖို့ ခက်ခဲနေ ခဲ့ပါတယ်။

ချယ်လ်ဆီးအသင်းက တိုက်စစ်မှူး ကော်စတာ ပထမပိုင်းမှာ အပိုင်အခွင့်အရေးတွေ ရပေမယ့် အသုံးမချနိုင်ဖြစ်ခဲ့ရပါတယ်။

အာဆင်နယ်အသင်း ခံစစ်ကလည်း မာတီဆက်ကာ အပါအဝင် ကစားသမားတွေခြေစွမ်းပြခဲ့လို့ ချယ်လ်ဆီး တိုက်စစ် အခက်တွေ့ခဲ့ရတာ ဖြစ်ပါတယ်။

ဒုတိယပိုင်းမှာ ချယ်လ်ဆီးအသင်းရဲ့ တိုက်စစ်ဆင်မှုကို အာဆင်နယ် ပိုမို ခံစားခဲ့ရပြီး ၅၃ မိနစ်မှာ နောက်ခံလူ ဟိုးလ်ဒင်း အဝါကတ်ပြခံ လိုက်ရပါတယ်။ ချယ်လ်ဆီးက ဖြတ်တင် ဘောတွေနဲ့ရော တွဲလုံး တွေနဲ့ပါ အာဆင်နယ်ကို ပိုမို ဖိအားပေး ကစားခဲ့တာ ဖြစ်ပါတယ်။

တစ်ဂိုးပေး ထားရတဲ့ ချယ်လ်ဆီးအသင်း အတွက် ချေပဂိုးရဖို့ ပိုပြီး ခက်ခဲစေမယ့် ဖြစ်ရပ်တစ်ခု ၆၈ မိနစ်မှာ ဖြစ်ပွား ခဲ့ပါတယ်။

ဂိုးဧရိယာထဲမှာ ဟန်ဆောင် လှဲချတယ်လို့ ယူဆတဲ့ အတွက် မော့ဆက်ကို ဒိုင်လူကြီးက ဒုတိယ အဝါကတ်ပြပြီး ထုတ်လိုက် တာပါ။ အဲဒီနောက် ချယ်လ်ဆီး အတွက် ပက်ဒရိုအစား ဝီလျံဝင်ရောက် လာပါတယ်။

ဗိုလ်လုပွဲရဲ့ စိတ်လှုပ်ရှားစရာ အကောင်းဆုံးအချိန်က ပွဲချိန် ၇၀ ကျော်မှာ မြင်တွေ့ခဲ့ရတာဖြစ်ပါတယ်။ လူစားဝင် ကစားသမား ဝီလျံက ဂိုးဧရိယာထဲ ဖြတ်တင်ပေးလိုက်တဲ့ဘောလုံးကို ကော်စတာက သွင်းယူလိုက်တာဖြစ်ပါတယ်။

ဒါပေမယ့် နှစ်မိနစ်အကြာမှာပဲ အာဆင်နယ်က ဦးဆောင်ဂိုး ပြန်ရသွားပါတယ်။ တိုက်စစ်မှူး ဂျီရုဒ်က လူစားဝင်လာပြီး တစ်မိနစ်အကြာမှာပဲ ရမ်ဆေးကို ဖန်တီးပေးလိုက်လို့ ဂိုးရ သွားခဲ့ တာပါ။

မိနစ် ၈၀ ကျော်လာတဲ့အချိန်မှာ အာဆင်နယ်အသင်း နောက်ထပ်ဂိုးရဖို့ ဘယ်လာရင် အခွင့်အရေး ရခဲ့သလို ကော်စတာရဲ့ အပိုင်အဆုံးသတ်မှုကိုလည်း အာဆင်နယ်ဂိုးသမား အော်စပီနာ ကာကွယ်သွားခဲ့တယ်လို့ သိရပါတယ်။

ဒီနိုင်ပွဲကြောင့် အာဆင်နယ်အသင်းရဲ့ အက်ဖ်အေဖလား အောင်မြင်မှုဟာ ၁၃ ကြိမ်အထိ ရှိလာခဲ့သလို နည်းပြအာစင်ဝင်းဂါးလည်း အက်ဖ်အေဖလား သမိုင်းမှာ အောင်မြင်မှုအ ရဆုံး နည်းပြဖြစ်လာခဲ့ပါတယ်။


From : Duwun by KK

Originally published at - http://www.duwun.com.mm

No comments:

Post a Comment