မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Sunday, May 28, 2017

မြန်မာနိုင်ငံ တိုက်ကွမ်ဒို အဖွဲ့ချုပ် ဥက္ကဋ္ဌ ဖလားနှင့် နွေရာသီ သင်တန်းဆင်း တိုက်ကွမ်ဒို ပြိုင်ပွဲ ဆုပေးပွဲ




ရန်ကုန် မေလ ၂၈

မြန်မာ နိုင်ငံ တိုက်ကွမ်ဒို အဖွဲ့ချုပ် ဥက္ကဋ္ဌ ဖလားနှင့် သင်တန်းဆင်း တိုက်ကွမ်ဒို ပြိုင်ပွဲ ဖွင့်ပွဲ အခမ်း အနားကို ယနေ့ညနေ (၃) နာရီ အချိန် ရန်ကုန်တိုင်း ဒေသ ကြီး အောင်ဆန်း အားကစား ပြိုင်ဝင်း၊ မိုးလုံ လေလုံ အားကစားရုံ၌ ကျင်းပ ပြုလုပ်ခဲ့သည်။

အခမ်းနားတွင် အားကစားနှင့် ကာယ ပညာ သိပ္ပံ (ရန်ကုန်) ကျောင်းအုပ်ကြီးညွှန်ကြား ရေးမှူး ဦးစိုးအောင်၊ မြန်မာနိုင်ငံ တိုက်ကွမ်ဒို အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးမြဟန်၊ ဒုတိယ ဥက္ကဋ္ဌနှင့် အမှုဆောင်များ၊ မြန်မာနိုင်ငံ ဆိုင်ရာ ကိုရီးယား သံရုံးမှ ဒုတိယ သံ အမတ်နှင့် တာဝန်ရှိ ပုဂ္ဂိုလ်များ၊ ဖိတ်ကြား ထားသူများ၊ ပြိုင်ပွဲဝင် အားကစား သမားများ တက်ရောက် ကြသည်။

ယနေ့ပြိုင်ပွဲနှင့်ဗိုလ်လုပွဲများအပြီးတွင်ဆုပေးပွဲကိုဆက်လက် ကျင်းပရာ တစ်ဦးချင်း “ကကွက်” နှင့် အတွဲလိုက် ပြိုင်ပွဲများ တွင် ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိ ကြသူများ၊ တစ်ဦးချင်း “အတိုက်” အတန်းလိုက် ပြိုင်ပွဲများတွင် ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိ ကြသူများအား တက်ရောက်လာကြသည်။

တာဝန်ရှိ ပုဂ္ဂိုလ်များက ဆုများကို အသီးသီးပေးအပ် ချီးမြှင့်၍ လည်းကောင်း၊ အားကစားနှင့် ကာယပညာ သိပ္ပံ (ရန်ကုန်) ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးစိုးအောင်၊ မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယား သံရုံးမှ ဒုတိယ သံအမတ်နှင့် တာဝန်ရှိ ပုဂ္ဂိုလ်များက အသက် (၁၀)နှစ် အောက် ခါးစည်း အဖြူ အကောင်းဆုံး အားကစား သမားဆုရ အောင်မင်းဦး (D.G) ၊ အေးသဉ္ဇာဝင်း (Y.T.C) ၊ အသက်(၁၄)နှစ်အောက် ခါးစည်း အဖြူ အကောင်းဆုံး အားကစား သမား ဆုရ လင်းထက်ပိုင်(A.S)၊ သွန်းနဒီမိုး (A.S)၊ အသက် (၁၄)နှစ် အောက် ခါးစည်း ကာလာ အကောင်းဆုံး အားကစား သမားဆုရ မြတ်မင်းဟန် (A.S)၊ စံရတီမေ (Y.T.C)၊ အသက် (၁၈)နှစ်အောက် ခါးစည်း အဖြူ အကောင်းဆုံး အားကစား သမား ဆုရ နေလင်းဦး(ကယား)၊ မေမြတ်မွန် (ကယား)၊ အသက် (၁၈)နှစ် အောက် ခါးစည်း ကာလာ အကောင်းဆုံး အားကစား သမားဆုရ ကောင်းဆက်လွင် (A.S) ၊ မြင့်သီရိစိုး (သန်လျင်)၊ အသက်(၁၈)နှစ် အထက် အကောင်းဆုံး အားကစား သမားဆုရ ရဲမြင့် (Y.T.C)၊ မေသဇင်မိုး (ကယား)၊ ပြိုင်ပွဲ တစ်လျှောက် အကောင်းဆုံး ဒိုင်လူကြီးဆုကို အေးချမ်းဝေတို့အား အသီးသီး ဆုများ ပေးအပ် ချီးမြှင့်ခဲ့သည်။

မြန်မာနိုင်ငံတိုက်ကွမ်ဒို အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါက်တာ ဦးမြဟန်က ရွှေ(၃၀)ခု၊ ငွေ(၃၀)ခု၊ ကြေး(၃၀)ခုဖြင့် တံခွန်စိုက်ဆုဖလားကို ဆွတ်ခူး သွားသော (အောင်ဆန်း) အသင်း၊ ရွှေ (၈)ခု၊ ငွေ (၅)ခု၊ ကြေး (၁၅)ခုဖြင့် ဒုတိယ ဆွတ်ခူး သွားသော (သန်လျင်) အသင်း၊ ရွှေ (၁၇)ခု၊ ငွေ (၅)ခု၊ ကြေး (၇) ခုဖြင့် တတိယ ဆုဆွတ်ခူး သွားသော (ကယား) အသင်း တို့အား ဆုများကို ပေးအပ် ချီးမြှင့်ခဲ့ကြောင်း သတင်း ရရှိသည်။

From : ပြန်ကြားရေး ဝန်ကြီး ဋ္ဌာန by moi

Originally published at - moigovnews.blogspot.com

No comments:

Post a Comment