
ဘာစီလိုနာ အသင်းဟာ အသင်း နည်းပြချုပ် ရာထူး အတွက် ဘီဘာအိုလ် နည်းပြဟောင်း ဗယ်လ်ဗာဒီကို တရားဝင် ခန့်အပ် လိုက်ပါတယ်။
ဘာစီလိုနာ အသင်းဟာ အောင်မြင်မှု မရခဲ့တဲ့ နည်းပြ လူးဝစ် အင်နရီကေးနဲ့ နှစ်ဦး သဘောတူ လမ်းခွဲ ခဲ့ပြီး စပိန် နည်းပြ တဦးဖြစ်တဲ့ ဗယ်လ်ဗာဒီကို ခန့်အပ် လိုက်တာပါ။
ဗယ်လ်ဗာဒီနဲ့ ဘာစီလိုနာ အသင်းတို့ ၂ နှစ် စာချုပ်နဲ့ ချုပ်ဆို လိုက်တာ ဖြစ်ပါတယ်။ ကစား သမားဟောင်း jဖစ်တဲ့ အသက် ၅၃ နှစ်ရှိ ဗာယ်လ်ဗာဒီဟာ တိုက်စစ်မှူး အဖြစ် ဘာစီလိုနာ အသင်းမှာ ၁၉၈၈ ကနေ ၁၉၉၀ အထိ ကစား ခဲ့ဖူး ပါတယ်။
၂၀၀၁ ခုနှစ်က နည်းပြ ဘဝကို စတင်ခဲ့ပြီး ဘီဘာအိုလ်၊ အက်စပန်ညို၊ ဗီလာရီးယဲလ်၊ အိုလံပီယာကော့စ်၊ ဗင်လင်စီယာ အသင်းတွေမှာ နည်းပြ ခဲ့သူပါ။
၂၀၁၃ ခုနှစ်က စပြီး ဘီဘာအိုလ် အသင်းဆီ ပြန်လည် ပြောင်းရွှေ့ခဲ့ပြီး ဒီနှစ် ဘောလုံး ရာသီ အကုန်မှာ ရာထူးက နုတ်ထွက် ခဲ့တာ ဖြစ်ပါတယ်။
ဗာယ်လ်ဗာဒီ အနေနဲ့ ဘာစီလိုနာ အသင်းကို ကစာသမား ပြုပြင်ပြောင်းလဲ မှုတွေ ပြုလုပ် သွားဖွယ် ရှိတယ်လို့ စပိန် အခြေစိုက် သတင်းစာ တွေမှာ ဖော်ပြ ကြပါတယ်။
From : ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/209464

No comments:
Post a Comment