
မန်စီးတီး အသင်း ဂိုးသမား ဂျိုးဟတ်က အီတလီ ကလပ် တိုရီနို အသင်းဆီ အငှား ပြန်ကစား တော့မှာ မဟုတ်တော့ ဘူးလို့ ကြေညာ လိုက်ပါတယ်။
အသက် ၃၀ ရှိ အင်္ဂလန် လက်ရွေးစင် ဂိုးသမား ဂျိုးဟတ်ဟာ နည်းပြ ဂွါဒီယိုလာ မန်စီးတီး အသင်းကို ရောက်ရှိ လာပြီးနောက် တိုရီနိုအသင်းဆီ အငှားချခဲ့တာပါ။
တိုရီနိုအသင်းမှာ အတွေ့အကြုံ ကောင်းတွေ ရခဲ့ပြီး အမြဲတမ်း အမှတ်ရ နေမှာ ဖြစ်ပေမယ့် ပြန်မသွား တော့မှာ မဟုတ်ဘူးလို့ ဂျိုးဟတ်က ပြောပါတယ်။
မန်စီးတီးနည်းပြ ဂွါဒီယိုလာအနေနဲ့ ဂျိုးဟတ်ရဲ့လက်စွမ်းကို ကျေနပ်မှုမရှိတဲ့ အတွက် ပေါ်တူဂီကလပ် ဘင်ဖီကာ ဂိုးသမား အန်ဒါဆင်ကို ချိတ်ဆက်နေပါတယ်။
မန်စီးတီး အသင်း အနေနဲ့ ဝါရင့် ဂိုးသမား ကာဘယ်လီယိုကိုလည်း ထွက်ခွာခွင့် ပေးလိုက် တာကြောင့် ဂိုးသမား တဦး သေချာပေါက် ခေါ်ယူဖို့ ရှိပါတယ်။
အသင်းဆီ ပြန်လာတဲ့ ဂျိုးဟတ်ကိုတော့ ပေါင် သန်း ၂၀ လောက်နဲ့ ရောင်းချဖို့ စီစဉ် ထားပြီး အဲဗာတန်၊ လက်စတာနဲ့ ဆောက်သမ်တန် အသင်းတွေက ခေါ်ယူ လိုနေ ပါတယ်။
From : ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/209464





No comments:
Post a Comment