
မန်ယူနဲ့ ချဲလ်ဆီး အသင်းတို့ဟာ အင်တာ မီလန် အသင်း ကွင်းလယ် ကစားသမား ပါရီဆစ်ကို အပြိုင် ခေါ်ယူဖို့ စီစဉ်နေ ပါတယ်။
အသက် ၂၈ နှစ်ရှိ ခရိုအေးရှား လက်ရွေးစင် ပါရီဆစ်ဟာ အင်တာမီလန်နဲ့ ခရိုးအေးရှား အသင်းတွေမှာ ခြေစွမ်းပြ နေတာကြောင့် ပရီးမီးယားလိဂ် ပြိုင်ဘက် နှစ်သင်းက ခေါ်ယူ လိုနေတာပါ။
ကွင်းလယ် ကစားသမား ပါရီဆစ် အတွက် အင်တာမီလန် အသင်းက ပြောင်းရွှေ့ကြေး ပေါင် ၄၈ သန်း သတ်မှတ် ထားပါတယ်။
ဂျာမန် ကလပ်တွေဖြစ်တဲ့ ဒေါ့မွန်၊ ဝုဖ်ဘက် အသင်းတွေမှာ ကစားခဲ့တဲ့ အိုင်ဗန်ပါရီဆစ်ဟာ ၂၀၁၅ ခုနှစ်က အင်တာမီလန် အသင်းဆီ ပြောင်းရွှေ့ခဲ့တာပါ။
လက်ရှိအချိန်အထိ အင်တာမီလန်အသင်းအတွက် စုစုပေါင်း ၇၉ ပွဲမှာ ဂိုး ၂၀ သွင်းထားပြီး ဒီနှစ်ရာသီမှာတော့ ၁၁ ဂိုး သွင်းယူထားပါတယ်။
From : ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/209511

No comments:
Post a Comment