
AYA Bank Cup 2016 လေးနိုင်ငံ ဖိတ်ခေါ် ဖလားပြိုင်ပွဲ ဒုတိယ ဆီမီး ဖိုင်နယ်ပွဲစဉ် အဖြစ် မြန်မာအသင်း နှင့် စင်ကာပူ အသင်းတို့ ယှဉ်ပြိုင် ကစားခဲ့ရာ စင်ကာပူ အသင်းက အိမ်ရှင်မြန်မာ အသင်းကို (၁-၀) ဂိုးဖြင့် အနိုင် ရရှိပြီး ဗိုလ်လုပွဲသို့ တက်ရောက် သွားခဲ့ပါတယ်။
မြန်မာအသင်းဟာ မလေးရှားနှင့် ပွဲစဉ် လူစာရင်းမှ တိုက်စစ်မှူး ကျော်ကိုကို အစား သန်းပိုင်ကို ပွဲထွက်စေခဲ့ပြီး အဓိက ကစားသမား အစုံအလင်ဖြင့် ပွဲထွက်ကစား ခဲ့ပါတယ်။
မြန်မာအသင်းဟာ ပွဲချိန်တစ်လျှောက် လုံးဘောလုံး ပိုင်ဆိုင်မှု အသာစီးနဲ့ ကစားနိုင် ခဲ့ပေမဲ့လည်း အဆုံးသတ် ဂိုးသွင်းယူမှု အပိုင်းမှာ အားနည်း မှုနဲ့ စင်ကာပူ နောက်ခံလူ တွေရဲ့ဘောလုံး ရှင်းထုတ်ပုံ ကောင်းမွန်မှုတို့ကြောင့် ဂိုးသွင်း ယူနိုင်ခဲ့ခြင်း မရှိတာ ဖြစ်ပါတယ်။
Eleven Burma
Original link - https://www.youtube.com/channel/UCzoPb9sKVAHd-pIzv9RGGRA






No comments:
Post a Comment