
မနေ့ညက ယှဉ်ပြိုင်ထိုးသတ်ခဲ့ကြကတဲ့ World Lethwei Championship 2 ပြိုင်ပွဲမှာ အဓိကပွဲစဉ်အဖြစ် ထိုးသတ်တဲ့ စိုးလင်းဦး တဦးတည်းသာ ရှုံးနိမ့်ခဲ့ပြီး တူးတူး၊ ဖိုးသော်တို့က အနိုင်ရရှိခဲ့ပါတယ်။
ဒီပွဲမှာ စိုးလင်းဦးအနေနဲ့ ဗြိတိန် k1 ချန်ပီယံနဲ့ အရပ်အမောင်း ကွာပေမယ့် အကောင်းဆုံး ထိုးသတ်နိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ပွဲပြီးတဲ့အထိ အနိုင် အရှုံး မထွက်ပေါ်တဲ့အတွက် ဒိုင်အမှတ်ပေးနဲ့ အာသာဆာလာဒိုက်ခ်က အနိုင်ရခဲ့တာ ဖြစ်ပါတယ်။
ဒုတိယအဓိကပွဲစဉ်ဖြစ်တဲ့ တူးတူးနဲ့ ဂျိမ်းစ်ဘီနယ်လ်တို့ပွဲစဉ်မှာတော့ တူးတူးဟာ ထိုးပေါက်အသာနဲ့ အကောင်းဆုံး ထိုးသတ်သွားခဲ့ပြီးတော့ ဒိုင်အမှတ်ပေးနဲ့ပဲ အနိုင်ရရှိခဲ့တာပါ။

ပရိသတ်အားပေးမှုအပြည့် ရရှိထားတဲ့ ဖိုးသော်နဲ့ ဂျော့ခ်ျဖစ်ဇရီတို့ ပွဲစဉ်မှာတော့ ဖိုးသော်ကပဲ ၄ ချီမြောက် ၂ မိနစ် ၂၀ စက္ကန့်မှာ လှလှပပ အလဲထိုး အနိုင်ယူနိုင်ခဲ့ပါတယ်။
ကျန်ပွဲစဉ်တွေမှာတော့ သွေးသစ်ဝင်းလှိုင်က ရွှေရာမာန်ကို ဒိုင်အမှတ်ပေးနဲ့ လည်းကောင်း၊ ကျားပေါက်က ထက်အောင်ဦးကို ဒုတိယအချီမှာတင် အနိုင်ရခဲ့ပါတယ်။

နောက်ထပ်ပွဲစဉ်တွေမှာ ဖိုးလပြည့်က စိန်မျိုးအောင်ကို အနိုင်ရရှိခဲ့ပြီး ပိုက်ထွေးက ရဲရင့်အောင်ကို လည်းကောင်း၊ စည်သူက ရှမ်းလေးကို လည်းကောင်း အသီးသီး အနိုင်ရရှိခဲ့ပါတယ်။
မနေ့ကပွဲမှာ ကြယ်လင်းအောင်နဲ့ ဘရန့်ဘိုလ်စတာတို့ ပွဲစဉ်ကတော့ ထိုးသတ်ခြင်း မရှိခဲ့ပါဘူး။
ကမ္ဘာ့လက်ဝှေ့ချန်ပီယံရှစ်ပြိုင်ပွဲ ၂ ကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပြီးတော့ လာမယ့် ကမ္ဘာ့လက်ဝှေ့ချန်ပီယံရှစ် ၃ ပြိုင်ပွဲကိုလည်း ဒီထက်မက ပရိသတ် စိတ်ဝင်စားအောင် ကျင်းပသွားဖို့ ရှိတယ်လို့လည်း သိရပါတယ်။
From : ဒီဗွီဘီ by ထက်လူ
Originally published at - http://burmese.dvb.no/archives/211783

No comments:
Post a Comment