မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Wednesday, November 2, 2016

ချန်ပီယံလိဂ် အုပ်စုပွဲစဉ်(၄) ဒုတိယညပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်




>ပေါ်တို၊ စပါးနဲ့ ဒေါ့မွန်တို့က ပျော်ရွှင်ခြင်း အမှတ် တံဆိပ် သင်္ကေတတွေ ဖြစ်လာ ပါလိမ့်မယ်။

ချန်ပီယံလိဂ် အုပ်စုပွဲစဉ် (၄) ဒုတိယည ပွဲစဉ်များ ပွဲကြို သုံးသပ်ချက်

ဒီကနေ့ ည ယှဉ်ပြိုင် ကစားမယ့် ချန်ပီယံလိဂ် အုပ်စု ပွဲစဉ်တွေ မှာတော့ အုပ်စု (င) နဲ့ အုပ်စု (ဆ) တို့က ပွဲစဉ် တွေဟာ စိတ်ဝင် စားဖို့ ကောင်းလှ ပါတယ်။

မိုနာကို၊ စပါး၊ လေဗာကူဆင်နဲ့ စီအက်စ်ကေ အေမော်စကိုတို့ ပါဝင်တဲ့ အုပ်စု (င) မှာ အသင်းတိုင်းက အသက် ရှိနေသေး တာမို့ တစ်ချက် မှားတဲ့ အသင်းက
အထိနာ တော့မှာပါ။

လက်စတာ၊ ကိုပင်ဟေဂင်၊ ပေါ်တိုနဲ့ ဘရုဂေးတို့ ပါရှိတဲ့ အုပ်စု (ဆ) မှာတော့ ဘရုဂေးက လွဲရင် ကျန်တဲ့ သုံးသင်းက အပြိုင် အဆိုင် ဖြစ်နေဆဲပါ။

လက်စတာရဲ့ အနေ အထားက စိတ်ချ ရသလောက် ရှိသွားပြီ ဖြစ်ပေမယ့် ကိုပင်ဟေဂင်နဲ့ ပေါ်တိုတို့က အမှားမခံ စတမ်း ရုန်းကန် ကြရ ဦးမှာပါပဲ။

မိုနာကို - စီအက်စ်ကေအေ မော်စကို

မိုနာကိုဟာ နောက်ဆုံး ယှဉ်ပြိုင် ကစား ထားတဲ့ ပြိုင်ပွဲ အရပ်ရပ် ပွဲစဉ် လေးပွဲမှာ နိုင်ပွဲ တစ်ပွဲ တည်းသာ ရှာဖွေ ရရှိ ထားပါတယ်။ စီအက်စ်ကေ အေမော်စကို
ကလည်း နောက်ဆုံး ကစားထားတဲ့ ပြိုင်ပွဲ အရပ်ရပ် ပွဲစဉ် ရှစ်ပွဲမှာ နိုင်ပွဲဆိုလို့ တစ်ပွဲတည်းပဲ ပါရှိခဲ့တာပါ။ တစ်ဖက်နဲ့ တစ်ဖက် အကြိတ်အနယ် အားပြိုင်ပြီး
မိုနာကို ကပ်နိုင်သွားလိမ့်မယ်လို့ ယူဆမိတယ်။

စပါး - လေဗာကူဆင်

စပါးဟာ ငါးပွဲ ဆက်တိုက် နိုင်ပွဲ ပျောက်ဆုံးတဲ့ အခြေ အနေကို ကြုံဆုံ ရင်ဆိုင်နေ ရပါပြီ။ အဆိုးရွားဆုံး အချက်က စပါး တိုက်စစ်ဟာ
ဂိုး တစ်ဂိုးရဖို့ အတွက် အသည်း အသန် ရုန်းကန် လာရတာပါပဲ။ လေဗာ ကူဆင်ကလည်း သူ့နည်းတူ ဟန်ချက် ပျက်နေလို့
ဒီပွဲမှာ အိမ်ရှင် အခွင့် အရေးကို အားပြုပြီး စပါး ကံကောင်း သွားနိုင်တယ်။ စပါးကို ရွေးပါ။

ဒေါ့မွန် - စပို့တင်းလစ္စဘွန်း

ဒေါ့မွန်ဟာ အုပ်စုဗိုလ် နေရာကို ရယူနိုင်ဖို့ အတွက် ရီးရဲလ် မက်ဒရစ်နဲ့ အားပြိုင်နေ ရပါတယ်။ စပို့တင်း လစ္စဘွန်း ကတော့ ချန်ပီယံလိဂ် အုပ်စု အဆင့် ကနေ ထွက်ခဲ့ရရင် ယူရိုပါလိဂ် ပြိုင်ပွဲဆီ ဆက်လက် သွားရောက်ခွင့် ရနိုင်ရေး ကိုပဲ ဦးတည် ရတော့မှာပါ။ ဒေါ့မွန်ပဲ အောင်ပွဲ ခံသွားပါလိမ့်မယ်။

လီဂီယာဝါဆော - ရီးရဲလ်မက်ဒရစ်

ရီးရဲလ် မက်ဒရစ်သာ အဓိက ကစားသမား အစုံအလင်ကို ပွဲထုတ်ပြီး အင်ပြည့်အားပြည့် ကစားသွားမယ်ဆိုရင် သုံးဂိုးပြတ် အနိုင်ရလဒ် ဆိုတာက မဖြစ်နိုင်
လောက် စရာ အခြေအနေ တစ်ရပ် မဟုတ်ပါဘူး။ လီဂီယာ ဝါဆောဟာ အိမ်ရှင် အခွင့် အရေးကို ပိုင်ဆိုင် ရရှိထားတာက လွဲရင် ကျန်တဲ့ အကန့်တွေမှာ ရီးရဲလ်မက်ဒရစ်ကို ဘာတစ်ခုမှ ယှဉ်နိုင်စွမ်း မရှိပါဘူး။ ရီးရဲလ်မက်ဒရစ်ကို အားပေးလိုက်ကြရအောင်။

ကိုပင်ဟေဂင် - လက်စတာ

လက်စတာဟာ နောက်တစ်ဆင့် တက်ရောက်ဖို့ အတွက် နိုင်ပွဲ တစ်ပွဲ တည်းသာ လိုအပ် ပါတော့တယ်။ ကိုပင်ဟေဂင် ကတော့ ဒီပွဲကို အနိုင်ရမှသာ ရှုံးထွက် အဆင့် တစ်နေရာ စာကို စိတ်ကူးယဉ်နိုင်မှာပါ။ သရေကျဖို့ ရာခိုင်နှုန်း များပါတယ်။ လက်စတာနဲ့ပဲ စွန့်စားခန်း ဖွင့်ကြည့်လိုက်ကြရအောင်။

ပေါ်တို - ဘရုဂေး

ကိုပင်ဟေဂင်က လက်စတာနဲ့ ပွဲကျပ်ကြုံနေချိန်မှာ ဘရုဂေးကို အနိုင်ကစားပြီး ပေါ်တို အမှတ် စုဆောင်း ပါလိမ့်မယ်။ ကစားခဲ့ပြီးတဲ့ ပွဲစဉ် သုံးပွဲလုံးမှာ အရှုံးရလဒ်တွေနဲ့ချည်း ကြုံဆုံ ရင်ဆိုင်ခဲ့ရတဲ့ ဘရုဂေးအတွက်ကတော့ မျှော်လင့်ချက် ကုန်သလောက် ရှိသွားခဲ့ပါပြီ။ ပေါ်တိုနဲ့ပဲ လက်တွဲ ထားလိုက် ကြရအောင်။

ဆီဗီလာ - ဒိုင်နမိုဇာဂရက်

ဒီပွဲကိုသာ အနိုင်ရအောင် စွမ်းဆောင်နိုင် ခဲ့မယ်ဆိုရင် ဆီဗီလာ အတွက် ရှုံးထွက် အဆင့် တက်ရောက် ခွင့်က သေချာလု နီးပါး ဖြစ်သွား ပါလိမ့်မယ်။ ဒိုင်နမို ဇာဂရက်က အဝေးကွင်း ပွဲစဉ်တွေ ဆိုရင် ခံစစ်ကို ပိတ်ဆို့ပြီး အချိန် ကုန်တတ်လေ့ ရှိတဲ့ အသင်းပါ။ ဆီဗီလာကိုပဲ အားပေးလိုက် ကြရအောင်လား။

ဂျူဗင်တပ် - လိုင်ယွန်

လိုင်ယွန်ရဲ့ အထည်ဝါ အတောက်ပဆုံးသော ချန်ပီယံလိဂ် နေ့စွဲတွေဟာ လွန်ခဲ့တဲ့ ဆယ်စုနှစ် တစ်ခုလောက်ဆီမှာ အိပ်မောကျ ကျန်နေရစ် ခဲ့ပါပြီ။ အီတလီ စီးရီးအေ အသင်းတွေရဲ့ ထုံးစံ အတိုင်း ဂျူဗင်တပ်ဟာ အိမ်ရှင် အခွင့် အရေးကို အပြည့်အဝ အသုံးချပြီး လိုင်ယွန်ကို တိုက်စစ် အားပြုတဲ့ ကစားဟန်နဲ့
ပွဲစကတည်းက ဖိအားပေး သွားမှာပါ။ ဂျူဗင်တပ်ကိုပဲ ရွေးထား လိုက်ပါရစေ။





From : The Voice Myanmar

Originally published at - http://thevoicemyanmar.com/sports/3239-cpl

No comments:

Post a Comment