မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Wednesday, November 2, 2016

ဂျာမနီအသင်း ဂန္ထဝင်တိုက်စစ်မှူး ကလိုဆေး ဘောလုံးလောကမှ အနားယူ




ဂျာမနီ အသင်းရဲ့ ဂန္ထဝင် တိုက်စစ်မှူး ကလိုဆေး ဘောလုံး လောက ကနေ အနားယူ သွားပြီ ဖြစ်ပါတယ်။

အသက် ၃၈ နှစ် အရွယ် ကလိုဆေးဟာ ၂၀၁၅-၁၆ ခုနှစ် ဘောလုံး ရာသီ လာဇီယို အသင်း နဲ့ သက်တမ်း ကုန်သွား ခဲ့ပြီးနောက်မှာ အမေရိကန် မေဂျာလိဂ် အသင်းတွေက ဆက်သွယ်မှု ရှိခဲ့ပေမယ့် အနားယူဖို့ ဆုံးဖြတ် လိုက်တာ ဖြစ်ပါတယ်။

၁၉၉၈ ခုနှစ်မှာ ဟမ်ဘာ့ဂ်အသင်းနဲ့ သူ့ရဲ့ ပရော်ဖက်ရှင်နယ် ဘောလုံးသမားဘဝကို စတင်ခဲ့ပါတယ်။ ၉၉ ကနေ ၂၀၀၄ အထိ ကိုင်ဇာစလော့တန်၊ ၂၀၀၄ ကနေ ၂၀၀၇ မှာ ဝါဒါဘရီမင်၊ ၂၀၀၇ ကနေ ၂၀၁၁ ကို ဘိုင်ယန်မြူးနစ်တွေမှာ ကစားခဲ့ပါတယ်။

ဘိုင်ယန်ကစားသမားဘဝမှာ သူရဲ့ အအောင်မြင်ဆုံးအချိန် ဖြစ်ပြီး ဘွန်ဒစ်လီဂါ ၂ ကြိမ်၊ ဂျာမန် ရှုံးထွက်ဖလား ၂ ကြိမ် ရရှိခဲ့တာပါ။ အဲ့ဒီနောက် ၂၀၁၁ မှာ လာဇီယိုအသင်းကို ပြောင်းရွှေ့ခဲ့ပါတယ်။

ဂျာမနီလက်ရွေးစင်အသင်းအတွက် ၂၀၀၁ ခုနှစ်အတွက် အရွေးခံခဲ့ရပြီး ၂၀၁၄ အထိ နိုင်ငံအသင်းအတွက် ၁၃၇ ပွဲ ကစား ၇၁ ဂိုး သွင်းယူပေးထားပြီး ဂိုးအများဆုံး သွင်းသူအဖြစ် ရပ်တည်နေပါတယ်။

ကမ္ဘာ့ဖလား ၄ ကြိမ် နဲ့  ဥပရောပဖလား ၃ ကြိမ် ပါဝင်ကစားထားသူပါ။

၂၀၁၄ ကမ္ဘာ့ဖလားမှာ ဗိုလ်စွဲခဲ့သလို ၂၀၀၂ ခုနှစ်မှာ ဒုတိယဆုတွေကို ဂျာမနီအသင်းနဲ့ အတူ ရရှိခဲ့သူပါ။ ကမ္ဘာ့ဖလားပြိုင်ပွဲတွေမှာ ၁၆ ဂိုးသွင်းထားပြီး သမိုင်းတလျှောက် ဂိုးအများဆုံး သွင်းထားသူအဖြစ် မှတ်တမ်းဝင်နေသူ ဖြစ်ပါတယ်။

သူ့အနေနဲ့ အနာဂတ်မှာ နည်းပြအဖြစ် ဆောင်ရွက်ဖို့ ဆန္ဒရှိပြီး ဂျာမနီ လက်ရွေးစင် နည်းပြ ဂျိုအာချင်းလိုနဲ့ အားကစားဒါရိုက်တာ ဟန်ဆီဖလစ်တို့ဆီမှာ နည်းပြပညာတွေကို သင်ယူသွားဖို့ ရှိပါတယ်။

From : ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/174366

No comments:

Post a Comment