မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Thursday, November 3, 2016

ဆူဇူကီးဖလား အကြို မြန်မာနှင့် အင်ဒိုနီးရှား နိုဝင်ဘာ ၄ ရက်တွင် ခြေစမ်းမည်




၂၀၁၆ ဆူဇူကီး ဖလား အတွက် အချိန်ယူ ပြင်ဆင် နေတဲ့ မြန်မာ့ လက်ရွေးစင် ဘောလုံး အသင်းဟာ နိုဝင်ဘာ ၄ ရက်နေ့ ညနေ ၅ နာရီ ရန်ကုန်မြို့ သုဝဏ္ဏ ကွင်းမှာ ဒေသတွင်း ပြိုင်ဘက် အင်ဒိုနီးရှား အသင်းနဲ့ ခြေစမ်း ကစားမှာ ဖြစ်ပါတယ်။

ဒီပွဲဟာ ဥရောပ ခရီးစဉ် အတွင်း နည်းပြချုပ် ဂတ်ဆီဇီရဲ့ ဦးဆောင်မှု အောက်မှာ စုစု စည်းစည်း လေ့ကျင့် ပြင်ဆင် ထားတဲ့ မြန်မာ့ လက်ရွေးစင် အသင်းရဲ့ မြန်မာ ပရိသတ်ရှေ့ ပထမဆုံး ကစားမယ့် ခြေစမ်း ပွဲလည်း ဖြစ်ပါတယ်။

မြန်မာ-အင်ဒိုပွဲ လက်မှတ်တွေကို နိုဝင်ဘာ ၃ ရက် ဒီနေ့ကစပြီး အောင်ဆန်းကွင်း၊ သုဝဏ္ဏကွင်း၊ ပဒုမ္မာကွင်းတွေမှာ ရောင်းချပေးသွားမှာဖြစ်သလို ပွဲကစားမယ့် မနက်ဖြန်မှာလည်း သုဝဏ္ဏကွင်းမှာ ၀ယ်ယူနိုင်တယ်လို့ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်က ကြေညာထားပါတယ်။

ဓါတ်ပုံ - အမ်အက်ဖ်အက်ဖ်

From : ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/174486

No comments:

Post a Comment