
အာဆင်နယ် တောင်ပံ ကစားသမား ဆန်းချက်ဇ်ဟာ အခွန် တိမ်းရှောင်မှုနဲ့ ထောင်ဒဏ် အပြစ်ပေး ခံရဖို့ ရှိနေ ပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၂၊ ၂၀၁၃ ခုနှစ် စပိန် ဘာစီလိုနာ အသင်းမှာ ကစား ခဲ့စဉ် ပုံအသုံးပြုခနဲ့ ပတ်သက်ပြီး ၀င်ငွေခွန် ပေးဆောင်ခဲ့ခြင်း မရှိကြောင်း စစ်ဆေး တွေ့ရှိခဲ့ တာပါ။
အသက် ၂၇ နှစ်အရွယ် ချီလီနိုင်ငံသား ဆန်းချက်ဇ်ဟာ ပုံအသုံးပြုခနဲ့ပတ်သက်ပြီး သူပိုင်ဆိုင်တဲ့ မော်လ်တာအခြေစိုက် နူမီဒီယာကုမ္ပဏီအနေနဲ့ တဆင့်ခံ လုပ်ဆောင်ခဲ့တာပါ။
သူ့အနေနဲ့ ကြားခံကုမ္ပဏီနာမည်ကို အသုံးပြုပြီး ပုံအသုံးပြုခတွေကို တဘက်လှည့်နဲ့ ရယူခဲ့တာကြောင့် အခွန်တိမ်းရှောင်မှုနဲ့ တရားစွဲဆိုခြင်း ခံခဲ့ရတာပါ။
စပိန်တရားရုံးရဲ့ ထုတ်ပြန်ချက်အရ ဆန်းချက်ဇ်ဟာ ဘာစီလိုနာအသင်းမှာ ကစားစဉ်ကာလက ပေါင် ၉ သိန်းအထိ အခွန်ပေးဆောင်ဖို့ ကျန်ရှိနေပါတယ်။
စပိန်ဥပဒေအရ ထောင်ဒဏ်ပြစ်ဒဏ်အစား သတ်မှတ်ဒဏ်ငွေ ပေးဆောင်နိုင်ရင်တော့ ထောင်ဒဏ်ပြစ်ဒဏ်ကို ချေဖျက်နိုင်ပါတယ်။
ဓာတ်ပုံ - ရိုက်တာ
From : ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/174504





No comments:
Post a Comment