မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Sunday, March 27, 2016

ဆွန်လမန်၏ မျက်လုံးဒဏ်ရာ ပြင်းထန်မှုမရှိ



မြန်မာ့ လက်ရွေးစင် တိုက်စစ်မှူး ဆွန်လမန်။ (ဓာတ်ပုံ- MFF)

မတ် ၂၇၊ ရန်ကုန်

မတ်လ ၂၄ရက်က ကစား ခဲ့သော စင်ကာပူနှင့် ခြေစမ်းပွဲတွင် မျက်လုံး ဒဏ်ရာ ရခဲ့သော မြန်မာ့ လက်ရွေးစင် တိုက်စစ်မှူး ဆွန်လမန်၏ ဒဏ်ရာ အခြေအနေမှာ ပြင်းထန်မှု မရှိဟု မြန်မာ အသင်း မီဒီယာ တာဝန်ခံ ကိုဇော်မင်းထိုက်က ပြောသည်။

ဆွန်လမန်မှာ ယင်းဒဏ်ရာကို စင်ကပူအသင်းဘက်သို့ ချေပဂိုးသွင်းယူခဲ့ချိန်တွင် စင်ကာပူဂိုးသမားနှင့် ထိခိုက်မိကာရခဲ့ခြင်းဖြစ်သည်။ ဆွန်လမန်ရဲ့မျက်လုံးဒဏ်ရာက မပြင်းထန်ပါဘူး။

လက်ဘနွန်နဲ့ပွဲမှာ ဝင်ကစားနိုင်မှာပါ။ ဒဏ်ရာရကာစ တစ်ရက်ပဲနားပြီး ပုံမှန်လေ့ကျင့်ခန်းတွေလုပ်နေပါတယ်။

လက်ဘနွန်နဲ့ ပွဲမှာ ပွဲထွက်ခွင့်ရမရကတော့ နည်းပြအပေါ်ပဲမူတည်ပါတယ်။ ဟု ကိုဇော်မင်းထိုက်ကပြောသည်။

ချင်းယူနိုက်တက်တိုက်စစ်မှူး ဆွန်လမန်မှာ ၂၀၁၄ ဆူဇူကီးဖလားပြိုင်ပွဲမှစတင်ကာ မြန်မာ့လက်ရွေးစင်အသင်း တွင်ကစားခဲ့သြူုဖစ်ပြီး နိုင်ငံတကာပွဲသွင်းဂိုးများအဖြစ် လာအိုနှင့်ကစားခဲ့သော ကမ္ဘာ့ဖလားခြေစစ်ပွဲ၊ စင်ကာပူနှင့်ကစားခဲ့သော ခြေစမ်းပွဲများတွင် သွင်းယူထားနိုင်သည်။

မဇ္ဈိမသတင်း by - ရဲရင့်ဋ္ဌေး

Originally published at - http://mizzimaburmese.com/article/12838


No comments:

Post a Comment