
မတ် ၂၅ ရက် ညပိုင်းက ယှဉ်ပြိုင်ကစားတဲ့ ဘရာဇီးနဲ့ ဥရုဂွေးတို့ရဲ့ ကမ္ဘာ့ဖလား ခြေစစ် ပွဲစဉ်ဟာ ဘာစီလိုနာ အသင်းရဲ့ ကြယ်ပွင့် ကစားသမားနှစ်ယောက် ထိပ်တိုက် ပြန်ဆုံတွေ့မှု ဖြစ်တာကြောင့် ဘောလုံး ပရိသတ်တွေ အထူး စိတ်ဝင်စား ခဲ့ပါတယ်။
ဇီကာဗိုင်းရပ်စ် ကူးစက်မှုအတွက် စိုးရိမ်မှုတွေ ရှိနေပေမယ့် ဘရာဇီးနိုင်ငံ၊ ရီဆီဖေးမြို့က ပါနမ်ဘူကို ကွင်းကြီးအပြည့် ပရိသတ်တွေ လာအားပေးခဲ့ကြပြီး နေမာနဲ့ လူးဝစ်ဆွာရက်ဇ်တို့ရဲ့ ပြိုင်ဘက်အသွင် ရင်ဆိုင်မှုကို စောင့်ကြည့်ခဲ့ကြတယ်။
ဒီပွဲဟာ ပရိသတ်အကြိုက် ဖျော်ဖြေမှုတွေ ပေးနိုင်ခဲ့ပြီး ၂ ဂိုးစီ သရေရလဒ်နဲ့ ပြီးဆုံး ခဲ့ပါတယ်။ အိမ်ရှင် ဘရာဇီးက နှစ်ဂိုး အသာနဲ့ ဦးဆောင်ခဲ့ပြီးမှ ဥရုဂွေးက ချေပဂိုးတွေ သွင်းခဲ့တာပါ။
From : 7DayDaily - YouTube
Original link - https://www.youtube.com/channel/UCKhJYsH3mZp4zGPNKUWRNzQ






No comments:
Post a Comment