မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Monday, October 31, 2016

ယခုနှစ် မကျင်းပဖြစ်သည့် အာဆီယံဖူဆယ်ပြိုင်ပွဲကို လာမည့်နှစ်ဆန်းတွင် ထိုင်းနိုင်ငံ၌ ပြန်လည် ကျင်းပမည်


မြန်မာ့ လက်ရွေးစင် ဖူဆယ်အသင်း လေ့ကျင့်နေစဉ် (ဓာတ်ပုံ − MFF)


ယခုနှစ် အတွင်း ကျင်းပ ရန် ပျက်ပြယ် ခဲ့သည့် အာဆီယံ ဖူဆယ် ချန်ပီယံရှစ် (အမျိုးသား) ပြိုင်ပွဲကို ထိုင်းနိုင်ငံက ၂၀၁၇ ဇန်န၀ါရီ အတွင်း ပြန်လည် ကျင်းပ မည် ဖြစ်ကြောင်း အာဆီယံဘောလုံး အဖွဲ့ချုပ်က သတင်း ထုတ်ပြန်သည်။

၂၀၁၆ အာဆီယံဖူဆယ် ပြိုင်ပွဲကို မူလက အောက်တိုဘာ ၃၁ ရက်မှ နိုဝင်ဘာ ၇ ရက်အထိ ထိုင်းနိုင်ငံတွင် လက်ခံကျင်းပရန် သတ်မှတ်သော်လည်း ထိုင်းဘုရင်မင်းမြတ် နတ်ရွာစံသွား၍ ထိုင်းနိုင်ငံက လက်ခံမကျင်းပ တော့ဟု သတ်မှတ်ခဲ့ပြီးနောက် ယခုအခါ ၂၀၁၇ နှစ်ဆန်း၌ ပြန်လည် ကျင်းပမည်
ဖြစ်သည်။

အောက်တိုဘာ ၂၉ ရက်က ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ ပြုလုပ်ခဲ့သည့် (၇)ကြိမ်မြောက် အာဆီယံဘောလုံးအဖွဲ့ချုပ်ကောင်စီ အစည်းအဝေးတွင် ယင်းကဲ့သို့ ဆုံးဖြတ်ခြင်းဖြစ်သည်။

အဆိုပါ အစည်းအဝေးသို့ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးကို ကိုသိန်းလည်း တက်ရောက်ပြီး လက်ရှိတွင် ယင်းပြိုင်ပွဲ ပြန်လည် ကျင်းပမည့်ရက်ကို သတ်မှတ်ရ ခြင်းမရှိသေးကြောင်း ဆိုသည်။

‘‘ထိုင်းနိုင်ငံကပဲ ၂၀၁၆ ပြိုင် ပွဲကို ၂၀၁၇ နှစ်ဆန်းပိုင်းမှာအစား ပြန်ပြီးကျင်းပမှာပါ။ ပြိုင်ပွဲကျင်းပ မယ့်ရက်ကို မသတ်မှတ်ရသေး ဘူး’’ ဟု ဦးကိုကိုသိန်းက ပြော သည်။

ထို့ပြင် အဆိုပါအစည်းအ ဝေးတွင် ၂၀၁၇ အာဆီယံဖိတ်ခေါ်ဖူဆယ်ကလပ် ချန်ပီယံရှစ်ပြိုင်ပွဲကို ထိုင်းနိုင်ငံက ဧပြီ၌လည်း ကောင်း၊ ၂၀၁၇ အာဆီယံဖူဆယ် ချန်ပီယံရှစ်ပြိုင်ပွဲကို ဗီယက်နမ် နိုင်ငံက နိုဝင်ဘာတွင်လည်း ကောင်း လက်ခံကျင်းပရန် သ ဘောတူဆုံးဖြတ်ခဲ့ကြောင်း သတင်းရရှိသည်။

From : 7 day daily By : ဘိုဘိုမင်း

Originally published at - http://www.7daydaily.com/story/79541

No comments:

Post a Comment