မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Sunday, October 30, 2016

မန်ယူ သရေကျပြီး အသင်းကြီးများ ဂိုးပြတ် အနိုင်ရခဲ့သည့် ပရီးမီးယားလိဂ် ပွဲစဉ်များ (ရုပ်သံဟိုက်လိုက်)












အောက်တိုဘာ ၂၉ ရက်နေ့ညက ယှဉ်ပြိုင် ကစားခဲ့ ကြတဲ့ ပရီးမီးယားလိဂ် ပွဲစဉ်တွေမှာ အသင်းကြီးတွေ အားလုံး ဂိုးပြတ် အနိုင်ရ ခဲ့ကြပြီး မန်ယူ အသင်း ကတော့ သရေကျ သွားပါတယ်။

အသင်းကြီးတွေ ဖြစ်တဲ့ အာဆင်နယ်က အဝေးကွင်းမှာ ဆန်ဒါးလန်း အသင်းကို ၄ ဂိုး ၁ ဂိုး၊ မန်စီးတီး အသင်းကတော့ ၀က်စ်ဘရွန်း အသင်းကို ၄ ဂိုးပြတ်၊ လီဗာပူး အသင်း ကလည်း ခရစ္စတယ် ပဲလေ့စ် အသင်းကို ၄ ဂိုး ၂ ဂိုးနဲ့ အသီးသီး အနိုင်ရရှိ ခဲ့ကြပါတယ်။

မန်ယူအသင်းကတော့ အိမ်ကွင်းမှာ ဘန်လေအသင်းကို ဘောလုံးပိုင်ဆိုင်မှုအသာစီးရယူကစားနိုင်ခဲ့ပြီး ဂိုးကန်သွင်းခွင့်လည်း အကြိမ်ရေများစွာ ရရှိခဲ့ပေမယ့် ဘန်လေ ဂိုးသမား လက်စွမ်းပြကာကွယ်နိုင်ခဲ့လို့ သရေတမှတ်နဲ့ ကျေနပ်ခဲ့ပါတယ်။

ပရီးမီးယားလိဂ် အမှတ်ပေးဇယားမှာတော့ မန်စီးတီးက ရမှတ် ၂၃ နဲ့ အဆင့် ၁၊ အာဆင်နယ်က ၂၃ မှတ်နဲ့ အဆင့် ၂၊ လီဗာပူးအသင်းက ၂၃ မှတ် အဆင့် ၃ တို့ဖြင့် ဂိုးကွာချက်အရ အဆင့် အသီးသီးမှာ ရပ်တည်နေပြီး မန်ယူအသင်းကတော့ ရမှတ် ၁၅ မှတ်နဲ့ အဆင့် ၈ မှာ ရပ်တည်နေပါတယ်။

From : ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/174003

No comments:

Post a Comment