
မန်စီးတီးနဲ့ အင်္ဂလန် လက်ရွေးစင် ဂိုးသမား ဂျိုးဟတ်ဟာ ဝက်စ်ဟမ်း အသင်းဆီ ပြောင်းရွှေ့ဖို့ နီးစပ်နေ ပါတယ်။
ဝက်စ်ဟမ်း အသင်းဟာ ဂျိုးဟတ်ကို ခေါ်ယူဖို့ အတွက် မန်စီးတီး အသင်း တာဝန် ရှိသူတွေနဲ့ ဆွေးနွေး နေပြီး အဆင်ပြေဖွယ် ရှိနေ ပါတယ်။
မန်စီးတီး အသင်းဟာ ဘင်ဖီကာ ဂိုးသမား အီဒါဆန်ကို ခေါ်ယူ ထားပြီး ပွဲထွက် ဂိုးသမား ဘရာဗိုလည်း ရှိနေတဲ့ အတွက် ဂျိုးဟတ်ကို ရောင်းချဖို့ ဆုံးဖြတ် ထားတာပါ။
အသက် ၃၀ ရှိ အင်္ဂလန်လက်ရွေးစင် ဂျိုးဟတ်ဟာ မန်စီးတီးအသင်းကို နည်းပြ ဂွာဒီယိုလာ ရောက်ရှိလာပြီးနောက် အီတလီကလပ် တိုရီနိုအသင်းဆီ အငှား သွားရောက် ကစားခဲ့ရတာပါ။
လက်ရှိအချိန်မှာတော့ မန်စီးတီးအသင်းဆီ ပြန်လည်ရောက်ရှိနေပြီး ပုံမှန်ပွဲထွက်ခွင့်ရမယ့် အသင်းတသင်းကို ရှာဖွေနေတာ ဖြစ်ပါတယ်။
From : ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/217673

No comments:
Post a Comment