မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။
Showing posts with label မြန်မာ့ဘောလုံး. Show all posts
Showing posts with label မြန်မာ့ဘောလုံး. Show all posts

Tuesday, June 13, 2017

အာရှဖလား ခြေစစ်ပွဲ မြန်မာက မကာအိုကို ဂိုးပြတ် အနိုင်ရ


၂၀၁၇ အာရှ ဖလား ခြေစစ်ပွဲ အုပ်စု (က) ပွဲစဉ် ဒုတိယ ခြေစမ်းပွဲ အဖြစ် ဒီနေ့ည ၆ နာရီက မကာအို နိုင်ငံမှာ ကစား ခဲ့တဲ့ မြန်မာ အသင်းနဲ့ မကာအို အသင်း တို့ပွဲမှာ မြန်မာ အသင်းက အိမ်ရှင် မကာအို အသင်းကို ခြေအသာနဲ့ ကစားပြီး ၄-၀ ဂိုးနဲ့ အနိုင်ရ သွားပါတယ်။ အာရှဖလားခြေစစ်ပွဲရဲ့ အုပ်စု(က) ပထမပွဲစဉ်မှာ အိန္ဒိယအသင်းကို တစ်ဂိုးဂိုးမရှိနဲ့ ရှုံးနိမ့်ထားတဲ့ မြန်မာအသင်းက ဒီနေ့ပွဲစဉ်မှာ မကာအိုအသင်းကိုပွဲစတာနဲ့ ဖိအားပေးကစားနိုင်ခဲ့ပြီး ပွဲစစခြင်း သုံးမိနစ်မှာပဲ ဦးဆောင်ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ ပွဲစစချင်း မြန်မာအသင်းတိုက်စစ်ဆင် ကစားခဲ့တာကနေ ဒေးဗစ်ဒန်းချပေးတဲ့ ဘောလုံးကို စည်သူအောင်က မကာအိုအသင်းရဲ့ ဂိုးဧရိယာထိပ်ကနေ အပြင်းကန်သွင်းပြီး မြန်မာအသင်းအတွက် ဦးဆောင်ဂိုးသွင်းယူပေးခဲ့တာပါ။ နောက်ပိုင်းအချိန်တွေမှာလည်း မြန်မာအသင်းက ဘောလုံးပိုင်ဆိုင်မှုအသာနဲ့ မကာအိုအသင်းဘက်ကို အချိန်ပြည့် ဖိအားပေးကစားနိုင်ခဲ့ပြီး ပွဲချိန် မိနစ် ၃၀ ညတောင်ပံက အောင်သူချပေးတဲ့ ဘောလုံးကို ကျော်ကိုကိုက မြန်မာအသင်းအတွက် ဒုတိယဦးဆောင်ဂိုး သွင်းယူပေးခဲ့ပါတယ်။ ဒုတိယပိုင်းမှာလည်း မြန်မာအသင်းကပဲ မကာအိုအသင်းဘက်ကို ဦးဆောင်ဖိအားပေးကစားနိုင်ခဲ့ပြီး မကာအသင်းကလည်း ချေပဂိုးတွေရရှိဖို့ ကြိုးစားခဲ့တာကြောင့် မြန်အသင်းဂိုးပေါက်ကို ပြန်လည်ခြိမ်းခြောက်နိုင်ခဲ့ပါတယ်။ ပွဲချိန် ၆၁ မိနစ်မှာတော့ မြန်မာကွင်းလည်ကစားသမား စည်သူအောင်က ဘယ်တောင်ပံက ချပေးတဲ့ ဘောလုံးကို လွတ်လွတ်ကျွတ်ကျွတ်ဆွဲပြေးပြီး မကာအိုဂိုးသမားနဲ့ တစ်ယောက်ချင်းအတွေ့မှာ ပိုင်ပိုင်နိုင်နိုင်သွင်းယူနိုင်ခဲ့ပါတယ်။ ဒီနေ့ပွဲစဉ်မှာ မကာအိုအသင်းက မြန်မာကွင်းလယ်နဲ့ တိုက်စစ်တွေကို မထိန်းချုပ်နိုင်တဲ့အပြင် ဘောလုံးဆုံးရှုံးမှုများခဲ့လို့ မြန်မာအသင်းကို ဂိုးတွေပေးခဲ့ရတာပါ။ မြန်မာအသင်းအတွက် နောက်ဆုံးပွဲသိမ်းဂိုးကိုတော့ ပွဲချိန် ၇၃ မိနစ်မှာ ညတောင်ပံက တင်ဝင်းအောင်ချိုးပေးတဲ့ ဘောလုံးကို ကွင်းလယ်ကစားသမား မင်းမင်းသူက အသာပိတ်ပြီး သွင်းယူပေးခဲ့တာပါ။ မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းက အာရှဖလားခြေစစ်ပွဲစဉ် ခြေစစ်ပွဲအဆင့်ဝင်တွေရဲ့ အုပ်စု(က) အိန္ဒိယ၊ ကာဇက်စတန်၊ မကာအိုအသင်းတွေနဲ့အတူ ကျရောက်နေတာဖြစ်ပြီး အုပ်စုအဆင့်ကျော်ဖြတ်ဖို့အတွက် အုပ်စုအတွင်း ပွဲစဉ်တွေအားလုံးကို အနိုင်ရဖို့လိုအပ်မှာပါ။ Photo: MFF From : Duwun by KJ Originally published at - http://www.duwun.com.mm/sports/local-sports/-id6830235.html
Read More »

Sunday, June 11, 2017

မကာအိုနဲ့ မြန်မာပွဲကို မြန်မာ့ ရုပ်မြင်သံကြားက တိုက်ရိုက် ပြမယ်


မကာအိုနဲ့ မြန်မာ အသင်းတို့ ယှဉ်ပြိုင်မယ့် အာရှ ဖလား ခြေစစ်ပွဲ အုပ်စု(က) ဒုတိယ ပွဲစဉ်ကို မြန်မာ့ အသံနဲ့ ရုပ်မြင် သံကြား (MRTV) က တိုက်ရိုက် ပြသ မယ်လို့ သိရ ပါတယ်။ အဆိုပါ ပြိုင်ပွဲကို ဇွန်လ ၁၃ ရက် မြန်မာ စံတော်ချိန် ညနေ ၆ နာရီမှာ မကာအိုနိုင်ငံ အိုလံပစ် အားကစား ကွင်းမှာ ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။ မြန်မာ့ အသံနှင့် ရုပ်မြင် သံကြားမှ ပြသနိုင်ဖို့ မကာအို ဘောလုံး အဖွဲ့ချုပ်နဲ့ ညှိနှိုင်း ဆောင်ရွက်ပြီး မကာအိုနိုင်ငံက ရုပ်သံ ထုတ်လွှင့် ခွင့်ပြု ခဲ့တာကြောင့် ပြသခွင့် ရရှိ ခဲ့ကြောင်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် မီဒီယာ ဒါရိုက်တာ ဦးဇော်မင်းထိုက်က ပြောထားပါတယ်။ ‘‘အာရှဖလားပြိုင်ပွဲအတွက် ပြိုင်ပွဲမှာပါတဲ့ အသင်းတစ်သင်းချင်းစီရဲ့ အဖွဲ့ချုပ်တွေကို တိုက်ရိုက်ပြဖို့အတွက် ညှိနှိုင်းမှု ပြုလုပ်ရတယ်။ အခကြေးငွေတော့ မပေးရဘူး။ မြန်မာမှာကန်ရင် သူတို့ကို အလကားပေးရမယ်။ သူတို့ဆီမှာကန်ရင် အလကားပြန်ပေးတယ်။ တချို့အဖွဲ့ချုပ် ကျတော့ ရုပ်သံ မရိုက်ဘူး။ ဒါကြောင့် တိုက်ရိုက်ပြဖို့ အတွက် အခက် အခဲတွေ ရှိတယ်’’ လို့ ဦးဇော်မင်းထိုက်က ပြောထားကြောင်း 7Day Daily ရဲ့ သတင်း တစ်ရပ်မှာ ရေးသား ထားပါတယ်။ မြန်မာအသင်းဟာ မကာအိုအသင်းနဲ့ ပွဲမတိုင်မှီ စင်ကာပူနိုင်ငံမှာ ခြေစမ်းပွဲနှစ်ပွဲ ယှဉ်ပြိုင်ခဲ့ကာ စင်ကာပူ လက်ရွေးစင် အသင်းနဲ့ ၁-၁ ဂိုးစီ သရေ ရလဒ် ထွက်ပေါ်ခဲ့ပြီး စင်ကာပူ ကလပ် အယ်ဘီရက်ဇ်နီဂါတာ အသင်းကို ၁-၀ ဂိုးနဲ့ ရှုံးနိမ့် ခဲ့တာ ဖြစ်ပါတယ်။ မြန်မာ့လက်ရွေးစင်နည်းပြချုပ် ဂတ်ဖရိုင်းဒရစ်က မကာအို အသင်းကို ဂိုးပြတ်အနိုင်ယူဖို့ ပြင်ဆင်ထားပြီး မကာအိုအသင်းရဲ့ အားနည်းချက်တွေကို တွေ့ရှိ ထားကြောင်း လက်ထောက်နည်းပြ ဦးကြည်လွင်ကပြောကြား ထားတယ်လို့လည်း သတင်းမှာ ဖော်ပြပါတယ်။ Photos & Source: 7Day Daily, Myanmar Football Federation From : Duwun by Y Originally published at - http://www.duwun.com.mm/sports/local/-id6818407.html
Read More »

Saturday, June 3, 2017

မြန်မာ အမျိုးသား ဘောလုံးအသင်း ကမ္ဘာအဆင့် ၁၆၃ နေရာကို ရောက်ရှိ




မြန်မာ အမျိုးသား ဘောလုံး အသင်းဟာ ကမ္ဘာ့ ဘောလုံး အဖွဲ့ချုပ်ရဲ့ ဇွန်လ အတွက် အဆင့် သတ်မှတ်ချက်မှာ အဆင့် တက်လာ ခဲ့တယ်လို့ FIFA က ပြောကြား လိုက်ပါတယ်။

မြန်မာ အမျိုးသား ဘောလုံး အသင်းဟာ မေလက ကမ္ဘာ့အဆင့် သတ်မှတ်ချက် အဆင့် ၁၆၆ မှာ ရှိခဲ့ပေမယ့် ဇွန်လအတွက် အဆင့် သတ်မှတ်ချက် အဆင့် ၁၆၃ နေရာကို ရောက်ရှိခဲ့ တယ်လို့ ကမ္ဘာ ဘောလုံး အဖွဲချုပ်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြ ထားတာပါ။

ဇွန်လ အတွက် အဆင့် သတ်မှတ်ချက် ၁၆၃ ဟာ မြန်မာဘောလုံး အသင်းရဲ့ နောက်ဆုံး ၄ လအတွင်း အဆင့် သတ်မှတ်ချက်ထွေ ထဲမှာ အမြင့်ဆုံး ဖြစ်ခဲ့တာပါ။

ဇွန်လ အတွက်အဆင့် သတ်မှတ်ချက်မှာ ဘရာဇီး ဘောလုံးအသင်းက အဆင့် ၁ နေရာမှာ ရှိနေခဲ့ပြီး အီရန်ဘောလုံး အသင်းက အာရှအသင်းတွေ ထဲမှာ အမြင့်ဆုံး နေရာမှာ ရှိနေခဲ့ ပါတယ်။

ဖိလစ်ပိုင် ထိုင်း အသင်းတို့ အရှေတောင် အာရှနိုင် ထဲတွေမှာ ကမ္ဘာအဆင့် အမြင့်ဆုံးနေရာ မှာ ရှိနေခဲ့တယ်လို့ သိရပါတယ်။

မြန်မာအမျိုးသား ဘောလုံးအသင်း ဟာ ရမှတ် ၁၃၂ မှတ် နဲ့ ကမ္ဘာအဆင့် ၁၆၃ နေရာမှာ ရှိနေခဲ့တာဖြစ်ပါတယ်။

From : Myanmar Cable News

Originally published at - http://www.mcntv.biz/news/local-news/37694/

Read More »

Monday, May 8, 2017

မျိုးဆက်သစ် လူငယ်ကစားသမား ရွေးချယ်ပွဲ မန္တလေးမြို့ ဘောလုံး အကယ်ဒမီတွင် ကျင်းပမည်




မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် လက်အောက် ရှိတဲ့ မန္တလေး၊ ရန်ကုန်၊ ပုသိမ်မြို့တွေက ဘောလုံး အကယ်ဒမီ ကျောင်းတွေမှာ အားကစားနဲ့ ပညာရေး ပေါင်းစပ် သင်ကြားဖို့ အတွက် မျိုးဆက်သစ် လူငယ် ကစားသမား ရွေးချယ်ပွဲကို မန္တလေးမြို့ ဘောလုံး အကယ်ဒမီတွင် မေလ ၇ ရက်နေ့ မနက် ၇ နာရီမှ စတင်ကာ ပြုလုပ် နေပါတယ်။

အခု လူငယ်ကစားသမားတွေကို တနိုင်ငံလုံး အတိုင်းအတာနဲ့ ရွေးချယ်ထားတဲ့ ကလေးငယ်တွေထဲက ဆန်ခါတင် ၁၀၀ ကျော်ကို အပြီးသတ် ရွေးချယ်သွားမှာ ဖြစ်ပါတယ်။

အခု ရွေးချယ်မယ့် ကလေးငယ်တွေဟာ အသက် ၁၁ နှစ်အောက် ကလေးငယ်တွေဖြစ်ပြီး အနာဂတ် မြန်မာ့ဘောလုံးအားကစားအတွက် အားထားရမယ့် လူငယ် အားကစားသမားတွေ ထွက်ပေါ်လာဖို့အတွက် လေ့ကျင်ပျိုးထောင်ပေးသွားမှာ ဖြစ်ပါတယ်။

ရွေးချယ်ခံရတဲ့ ကလေးငယ်တွေကို မန္တလေး ဘာလုံးအကယ်ဒမီမှာ အယောက် ၃၀၊ ရန်ကုန် ဘောလုံးအကယ်ဒမီမှာ ၁၅ ယောက်နဲ့ ပုသိမ်ဘောလုံး အကယ်ဒမီ မှာ အယောက် ၃၀ စီထားပြီး လေ့ကျင့်ပေး သွားမှာ ဖြစ်ပါတယ်။

အခုလို လူငယ်ဘောလုံးသမားတွေကို နှစ်စဉ် ရွေးချယ် လေ့ကျင့်သင်ကြားပေးနေတာ ဖြစ်ပါတယ်။

ဓာတ်ပုံ - Maung Myint

From : ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/205345

Read More »

Tuesday, May 2, 2017

ဗိုလ်ချုပ် အောင်ဆန်းဒိုင်း အတွက် တပ်မတော်က ကျပ်သိန်း ၃၀၀၀ ပံ့ပိုး




မေလ ၂ ရက်မှာ စတင်မယ့် ဗိုလ်ချုပ် အောင်ဆန်းဒိုင်း ပြိုင်ပွဲ အတွက် တပ်မတော် ကြည်း၊ ရေ၊ လေက ကျပ်သိန်း ၃၀၀၀ ပေးအပ် လှူဒါန်းခြင်း အခမ်း အနားကို မေလ ၁ ရက်က ကျင်းပ ခဲ့ပါတယ်။

အခမ်း အနားမှာ တပ်မတော် အားကစားနှင့် ကာယ ပညာ အုပ်ချုပ်ရေး အဖွဲ့ ဥက္ကဋ္ဌ စစ်ရေးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး စန်းဦးက ဘောလုံး အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်ထံ ကျပ်သိန်း ၃၀၀၀ ပေးအပ် ခဲ့ပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းဒိုင်းပြိုင်ပွဲမှာ တပ်မတော်အသင်းက ပထမဆုံးအကြိမ် ချန်ပီယံဖြစ်ခဲ့ကြောင်းနဲ့ မြန်မာ့ဘောလုံး လောကအတွက်လည်း တပ်မတော်ကနေ ကစားသမားကောင်းတွေ မွေးထုတ်ခဲ့တယ်လို့ စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီးစန်းဦးက ပြောပါတယ်။

တပ်မတော်အနေနဲ့ မြန်မာဘောလုံးလောကအတွက် အစဉ်တစိုက် ကူညီပေးမှုတွေ ရှိခဲ့ပြီး ဒီပြိုင်ပွဲမှာလည်း ပံ့ပိုးကူညီပေးတဲ့အတွက် ကျေးဇူးတင်တယ်လို့ ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော်က ဆိုပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ရှုံးထွက်ပြိုင်ပွဲမှာ မြန်မာနေရှင်နယ်လိဂ် ကလပ် ၁၂ သင်းနဲ့ လိဂ် ၂ ကလပ် ၁၀ သင်း စုစုပေါင်း ၂၂ သင်း ပါဝင်ယှဉ်ပြိုင်ကြမှာပါ။

ပထမအဆင့်ပွဲစဉ် ၆ ပွဲကို လာမယ့်မေလ ၂ ရက်၊ ၃ ရက်နဲ့ ၄ ရက်နေ့တွေမှာ ယှဉ်ပြိုင်ကစားမှာ ဖြစ်ပါတယ်။

ဒ်ီပြိုင်ပွဲမှာ ဆီမီးဖိုင်နယ် တက်ရောက်မယ့်အသင်း ၄ သင်းကို ဆုကြေးကျပ် ၇၅ သိန်းစီ ချီးမြှင့်မှာဖြစ်ပြီး ချန်ပီယံဖြစ်တဲ့အသင်းကို ကျပ်သိန်း ၃၀၀၊ ဒုတိယရတဲ့အသင်းကို ကျပ်သိန်း ၁၅၀ ဆုချီးမြှင့်မှာ ဖြစ်ပါတယ်။

သတင်း၊ ဓာတ်ပုံ – လွှမ်းမိုးအောင်

From : ဒီဗွီဘီ by လွှမ်းမိုးအောင်

Originally published at - http://burmese.dvb.no/archives/204232

Read More »

Saturday, April 29, 2017

အင်တာမီလန် လူငယ်အသင်းနှင့် မြန်မာလူငယ် အသင်းတို့ ခြေစမ်းပွဲ နှစ်ပွဲ ကစားရန် စီစဉ်




အီတလီ စီးရီးအေ ထိပ်သီး ကလပ် အင်တာမီလန် ယူ-၁၈ အသင်းနဲ့ မြန်မာ လူငယ် အသင်းတို့ ခြေစမ်းပွဲနှစ်ပွဲ ကစားဖို့ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်က စီစဉ်နေ ပါတယ်။

ဒီခြေစမ်းပွဲကို လာမယ့် သြဂုတ်လ ဒုတိယပတ် သုဝဏ္ဏကွင်းမှာ ယှဉ်ပြိုင်ကစားဖို့ စီစဉ်ထားတာဖြစ်ပြီး အင်တာမီလန်အသင်းနဲ့ နောက်ဆုံးအဆင့် ဆွေးနွေး မှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။

ခြေစမ်းပွဲ ကစားဖြစ်မယ်ဆိုရင် အင်တာမီလန်အသင်းက ယူ-၁၈ အသင်းနဲ့ လာရောက် ခြေစမ်းမှာဖြစ်ပြီး မြန်မာ ယူ-၁၈၊ ယူ-၂၂ အသင်းတွေနဲ့ ခြေစမ်းပွဲနှစ်ပွဲ ကစားမှာပါ။

“ခြေစမ်းပွဲဖြစ်ဖို့က ၇၅ ရာခိုင်နှုန်းလောက် လုပ်ဆောင်ပြီးပါပြီ။ အင်တာမီလန် အသင်းနဲ့က လူငယ်ဘောလုံး တိုးတက်ရေးအတွက်လည်း ပူးပေါင်းဆောင်ရွက်ဖို့ မနှစ်ကတည်းက ဆွေးနွေးထားတာပါ။ သူတို့ဘက်က ရာနှုန်းပြည့် အတည်ပြုချက် မရသေးတဲ့အတွက် သတင်းမထုတ်ပြန်သေးတာပါ။

အင်တာမီလန်လူငယ်အသင်းလာရင် ဒီမှာ တည်းခိုနေထိုင် သွားလာရေးတွေ စီစဉ်ဖို့၊ ပွဲကစားကြေး ပေးဖို့နဲ့ ခြေစမ်းပွဲ နှစ်ပွဲကို ပံ့ပိုး ကူညီမယ့် စပွန်ဆာ ကိစ္စတွေ အပြင် ခြေစမ်းမယ့် နေ့တွေကိုလည်း အတည်ပြုနိုင်ဖို့ ဆွေးနွေးနေပါတယ်။

အတည်ဖြစ်ပြီဆိုရင် တရားဝင် သတင်းထုတ်ပြန်ပေးပါ့မယ်” လို့ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် မီဒီယာဒါရိုက်တာ ဦးဇော်မင်းထိုက်က ပြောပါတယ်။

ဒီနှစ်အတွင်းမှာ မြန်မာ ယူ-၁၈အသင်းဟာ အာဆီယံ ယူ-၁၈ နဲ့ အာရှ ယူ-၁၉ ခြေစစ်ပွဲတွေ ယှဉ်ပြိုင်ကစားဖို့ရှိနေပြီး မြန်မာ ယူ-၂၂ အသင်းကလည်း ဆီးဂိမ်း ပြိုင်ပွဲနဲ့ အာရှ ယူ-၂၃ ခြေစစ်ပွဲတွေ ဝင်ရောက်ယှဉ်ပြိုင်ဖို့ ရှိနေပါတယ်။

From : ဒီဗွီဘီ by လွှမ်းမိုးအောင်

Originally published at - http://burmese.dvb.no/archives/203767

Read More »

Wednesday, March 29, 2017

အာရှဖလား ခြေစစ်ပွဲတွင် မြန်မာက အိန္ဒိယကို ၁ ဂိုး ဂိုးမရှိဖြင့် ရှုံးနိမ့် (ရုပ်သံဟိုက်လိုက်)




အာရှဖလား ခြေစစ်ပွဲ အုပ်စု ပွဲစဉ် အဖြစ် မြန်မာ အသင်းနဲ့ အိန္ဒိယ အသင်းတို့ မတ်လ ၂၈ ရက် ညနေက ရန်ကုန်မြို့မှာ ယှဉ်ပြိုင် ကစားခဲ့ရာ မြန်မာ အသင်းက တဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့် ခဲ့ပါတယ်။

မြန်မာ အသင်းက ပွဲချိန် အတွင်း ဂိုးသွင်းခွင့် ၁၅ ကြိမ်လောက် ရခဲ့ပေမယ့် တိုက်စစ်ပိုင်းက ကျော်ကိုကို၊ အောင်သူ၊ ရန်နိုင်ဦးတို့ အသုံး မချနိုင် ခဲ့တာကြောင့် ရှုံးနိမ့်ခဲ့တာ ဖြစ်ပါတယ်။

မြန်မာအသင်း နည်းပြ ဂတ်ဇီဆီဟာ ဒုတိယပိုင်းမှာ မောင်မောင်လွင်နဲ့ မျိုးကိုထွန်း တို့ကို ထည့်ပြီး တိုက်စစ် အပြောင်းအလဲ လုပ်ခဲ့ပေမယ့် လိုအပ်တဲ့ အနိုင်ဂိုးတော့ ရယူနိုင်ခြင်း မရှိခဲ့ပါဘူး။

အိန္ဒိယ အတွက် အနိုင်ဂိုး ကိုတော့ ပွဲပြီးခါနီးမှာ တန်ပြန်တိုက်စစ် ကနေတဆင့် အိန္ဒိယ အသင်းခေါင်းဆောင် ဆူနေးလ်ချက်ထရီက အပိုင် ပိတ်သွင်း ခဲ့တာ ဖြစ်ပါတယ်။

မြန်မာအသင်းအနေနဲ့ အနိုင်ရသင့်ပေမယ့် ရှုံးနိမ့်ခဲ့တဲ့ အတွက် ကျေနပ်မှု မရှိဘူးလို့ နည်းပြ ဂတ်ဇီဆီက ပြောပါတယ်။

အိန္ဒိယနည်းပြ ကွန်စတန်တီနီကတော့ မြန်မာအသင်းက ခြေစွမ်းကောင်း ခဲ့ပေမယ့် အဆုံးသတ် မကောင်းလို့ ရှုံးခဲ့တာဖြစ်ပြီး သူတို့အသင်းကတော့ လူစားလဲမှု မှန်ကန်တာကြောင့် အနိုင်ရခဲ့တာလို့ ပြောပါတယ်။

မြန်မာအသင်းအနေနဲ့ ဒီပွဲမှာ ရှုံးနိမ့်ခဲ့တာကြောင့် နောက်ပွဲတွေမှာ ခြေစစ်ပွဲအောင်ဖို့ ရုန်းကန်ရတော့မှာ ဖြစ်ပါတယ်။

၂၀၁၉ အာရှဖလားခြေစစ်ပွဲ အုပ်စု က မှာ မြန်မာအသင်းဟာ အိန္ဒိယ၊ ကာဂျစ္စတန်၊ မကာအိုတို့နဲ့ တအုပ်စုတည်း ကျရောက်နေပြီး ကာဂျစ္စတန်နဲ့ မကာအိုတို့ ပွဲစဉ်မှာတော့ ကာဂျစ္စတန်က ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရသွားပါတယ်။

ဒီအုပ်စုက ပွဲစဉ်တွေကို နှစ်ကျော့ ကစား ရမှာဖြစ်ပြီး အုပ်စု ပထမနဲ့ ဒုတိယရတဲ့ နှစ်သင်းက ခြေစစ်ပွဲအောင်မြင်မှာ ဖြစ်ပါတယ်။



From : ဒီဗွီဘီ by လွှမ်းမိုးအောင်

Originally published at - http://burmese.dvb.no/archives/198171

Read More »

Wednesday, March 22, 2017

လက်ရွေးစင်နှင့် ယူ ၂၂ နှစ်သင်းစလုံး ကိုင်တွယ်ရသော်လည်း အခက်အခဲမရှိဟု ဂတ်ဇီဆီ ပြော




လက်ရွေးစင် အသင်းနဲ့ ယူ ၂၂ အသင်း နှစ်သင်း စလုံးကို ကိုင်တွယ် ရမှာ ဖြစ်ပေမယ့် အခက်အခဲ ရှိမှာ မဟုတ်ဘူးလို့ နည်းပြချုပ် ဂတ်ဇီဆီက ပြောပါတယ်။

မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်ဟာ ဆီးဂိမ်း ပြိုင်ပွဲ ဝင်မယ့် ယူ ၂၂ အသင်းကိုလည်း လက်ရွေးစင်နည်းပြအဖြစ် တာဝန်ယူနေတဲ့ ဂတ်ဇီဆီကိုပဲ နည်းပြချုပ်အဖြစ် ပူးတွဲခန့်အပ်လိုက်တာပါ။

လက်ရွေးစင်အသင်းဟာ မတ်လနဲ့ ဇွန်လအတွင်းမှာ အာရှဖလားခြေစစ်ပွဲစဉ်တွေ ယှဉ်ပြိုင်ကစားရမှာပါ။

ယူ ၂၂ အသင်းကလည်း လာမယ့်ဇူလိုင်နဲ့ သြဂုတ်လတွေမှာ အာရှ ယူ ၂၃ ခြေစစ်ပွဲ၊ ဖိတ်ခေါ်ပြိုင်ပွဲနဲ့ ဆီးဂိမ်းပြိုင်ပွဲတွေ ယှဉ်ပြိုင်ကစားဖို့ ရှိနေပါတယ်။

ဒီလို ပြိုင်ပွဲတွေ ဆက်တိုက်ရှိနေပေမယ့် နှစ်သင်းစလုံးကို တာဝန်ယူ ကိုင်တွယ်ရမှာ အခက်အခဲမရှိနိုင်ဘူးလို့ နည်းပြ ဂတ်ဇီဆီက ပြောပါတယ်။

“လက်ရွေးစင်အသင်းရဲ့ ကစားသမားအများစုက ယူ ၂၂ အသင်းက ကစားသမားတွေပါ။ ဒီလိုဖြစ်နေတာက အားသာချက်တခုပါ။ ယူ ၂၂ က ကစားသမားအများစုကလည်း ကျနော်နဲ့ နှစ်ရှည် လက်တွဲခဲ့တဲ့သူတွေဖြစ်လို့ ကျနော်လိုချင်တဲ့ ကစားပုံက ဘယ်လိုလဲဆိုတာ အားလုံးသိပြီးသားပါ။ နှစ်သင်းစလုံးက ပြိုင်ပွဲတွေ ဆက်တိုက်ဖြစ်နေပေမယ့် ယူ ၂၂ ကစားသမားတွေကို လက်ရွေးစင်ကနေ ပြန်ခွဲထုတ်ရတဲ့အခါမှာ အခက်အခဲမရှိနိုင်ပါဘူး။”

ယူ ၂၂ အသင်းဟာ ဇူလိုင်လအတွင်း ကစားရမယ့် အာရှခြေစစ်ပွဲအုပ်စုအဆင့်မှာ သြစတြေးလျ၊ စင်ကာပူ၊ ဘရူနိုင်းတို့နဲ့ တအုပ်စုတည်း တွေ့ဆုံနေပါတယ်။ နာမည်ကြီး သြစတြေးလျနဲ့ တွေ့ဆုံနေပေမယ့် အုပ်စုပထမနေရာရဖို့ပဲ ပစ်မှတ်ထား ကစားရမယ်လို့ နည်းပြ ဂတ်ဇီဆီကပြောပါတယ်။

“အသင်းတိုင်းနဲ့ ပွဲကတော့ ခက်ခဲမှာပါ။ အထူးသဖြင့် သြစတြေးလျအသင်းကိုတော့ အတောင့်တင်းဆုံးအသင်းဖြစ်လို့ သတိထားရမယ်။ စင်ကာပူကလည်း ပြင်ဆင်မှုတွေ ကောင်းတဲ့အတွက် လျှော့တွက်လို့မရပါဘူး။ ဘရူနိုင်းကတော့ ဒီလိုအဆင့်မှာ မတွေ့ဘူးတာကြာပြီဖြစ်လို့ ဘယ်လိုခြေစွမ်းရှိမလဲ မသိသေးပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် အုပ်စုခွဲဝေမှုကို ကျေနပ်ပါတယ်။ အုပ်စုပထမရမှ ခြေစစ်ပွဲအောင်ဖို့ သေချာမှာဖြစ်လို့ ပထမရဖို့ပဲ ပစ်မှတ်ထား ကစားမှာပါ။ ခြေစစ်ပွဲအောင်ဖို့လည်း အကောင်းဆုံး ကြိုးစားသွားမယ်။”

လက်ရွေးစင်အသင်းကြီးကတော့ အာရှခြေစစ်ပွဲ အုပ်စုအဆင့်မှာ အိန္ဒိယ၊ ကာဂျစ္စတန်၊ မကာအိုအသင်းတွေနဲ့ တအုပ်စုတည်း တွေ့ဆုံခဲ့တာပါ။

အာရှခြေစစ်ပွဲမှာ အုပ်စုပထမနဲ့ ဒုတိယ နှစ်သင်းစလုံး ခြေစစ်ပွဲအောင်မှာဖြစ်ပေမယ့် အာရှ ယူ ၂၃ ခြေစစ်ပွဲမှာတော့ အုပ်စုပထမတသင်းနဲ့ အကောင်းဆုံးအုပ်စုဒုတိယ ၅ သင်းပဲ ခြေစစ်ပွဲအောင်မှာ ဖြစ်ပါတယ်။

ဓာတ်ပုံ - အမ်အက်ဖ်အက်ဖ်

From : ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/196441

Read More »

Thursday, March 2, 2017

မြန်မာဘောလုံး အဖွဲ့ချုပ် နိုင်ငံတကာ ပြိုင်ပွဲများ အတွက် ဒေါ်လာ ၆ သန်းခန့် သုံးစွဲမည်




မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် (အမ်အက်ဖ်အက်ဖ်) ဟာ ၂၀၁၇ ခုနှစ် အတွင်း ယှဉ်ပြိုင် ကစားမယ့် နိုင်ငံတကာ ပြိုင်ပွဲတွေ အတွက် အမေရိကန် ဒေါ်လာ ၆ သန်းခန့် ငွေကြေး သုံးစွဲ သွားဖို့ စီစဉ် ထားပါတယ်။

မြန်မာနိုင်ငံအနေနဲ့ ၂၀၁၇ ခုနှစ်အတွင်း နိုင်ငံတကာပြိုင်ပွဲတွေနဲ့ ဖိတ်ခေါ်ပြိုင်ပွဲတွေ လက်ခံကျင်းပဖို့ စီစဉ်ထားပြီး တနှစ်စာ ဘတ်ဂျက်အနေနဲ့ အမေရိကန်ဒေါ်လာ ၆ သန်းလောက် ငွေကြေးသုံးစွဲဖို့ စီစဉ်ထားတာပါ။

စပွန်ဆာရရှိမှုအနေနဲ့ အမေရိကန်ဒေါ်လာ ၄ သန်းကျော် ရရှိထားတာကြောင့် လိုနေတဲ့ ငွေကြေးအတွက် စပွန်ဆာကုမ္ပဏီတွေနဲ့ ဆွေးနွေးနေတယ်လို့ အမ်အက်ဖ်အက်ဖ် စီအီးအို ဦးဘုန်းနိုင်ဇော်က ပြောပါတယ်။

“ကျနော်တို့ ၂၀၁၇ ခုနှစ်အတွက် ဘတ်ဂျက်ခန့်မှန်းခြေ စုစုပေါင်း အမေရိကန်ဒေါ်လာ ၆ သန်းကျော်လောက် သုံးဖို့ရှိတယ်။ အဲဒီမှာ ၄ ဒသမ ၅ သန်းလောက်က ဝင်ငွေအနေနဲ့ ရဖို့ရှိတယ်။

ဝင်ငွေအနေနဲ့ ရရှိတာမှာ ဖီဖာရဲ့ ထောက်ပံ့ငွေဖြစ်တဲ့ ဒေါ်လာ ၅ သိန်း ကျနော်တို့ ရပါတယ်။ နောက်ပြီးတော့ မြန်မာဘီယာက မိန်းစပွန်ဆာဖြစ်တဲ့အတွက် ရပါတယ်။

100 Plus ရှိပါတယ်။ FPD က ဂျာစီစပွန်ဆာရပါတယ်။ နောက် ပရီမီယာကော်ဖီ ရှိပါတယ်။ ဒါ့အပြင် ကျနော်တို့က မားကက်တင်းကို ဒါ့ထက်ပိုပြီးတော့ တိုးပြီး လုပ်နေတာ ရှိပါတယ်။ ဒါပေမယ့် Marketing Team တွေက Amount နည်းနည်းကြီးတဲ့အခါကျတော့ နည်းနည်းလေး ကြာတယ်။ အခုလက်ရှိ အနေအထား အရတော့ နှစ်ကုန်မှာ ဒေါ်လာ ၁ သန်းခွဲလောက် ကျနော်တို့ လိုနေတယ်။”

ဒီနှစ်အတွင်းမှာ အာရှဖလားခြေစစ်ပွဲ၊ အာရှ ယူ-၂၃ ခြေစစ်ပွဲနဲ့ အာဆီယံ ယူ-၁၈ ပြိုင်ပွဲတွေနဲ့အတူ ကမ္ဘောဇဘဏ် ယူ-၂၂ ဖိတ်ခေါ်ပြိုင်ပွဲတွေကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်အနေနဲ့ ပြီးခဲ့တဲ့နှစ်တွေအတွင်း အိမ်ရှင်အဖြစ် လက်ခံကျင်းပတဲ့ ပြိုင်ပွဲတွေမှာ အိမ်ကွင်းပိတ်ပြစ်ဒဏ်တွေနဲ့ ဒဏ်ငွေချမှတ်ခံရတာတွေလည်း ရှိခဲ့ပါတယ်။

“အိမ်ကွင်းပိတ်ခံရတယ်ဆိုတာက နစ်နာမှုက တအားကြီးတယ်။ ကျနော်တို့ ၂၀၁၁ မှာ အိုမန်နဲ့ပွဲမှာဖြစ်တဲ့ အဖြစ်အပျက်ကြောင့် ၂၀၁၄ ကမ္ဘာ့ဖလား ခြေစစ်ပွဲအားလုံး ယိုးဒယားမှာ ကျင်းပတယ်။ စပွန်ဆာဘက်ကပဲကြည့်ကြည့်၊ အသင်းဘက်ကပဲကြည့်ကြည့်၊ ပရိသတ်ဘက်ကပဲ ကြည့်ကြည့် အစစအရာရာ ဆုံးရှုံးတယ်။

ဆိုတော့ ဆူဇူကီးမှာ ကျနော်တို့ အကောင်းဆုံးဥပမာ ပြပြီးသွားပြီ။ ဒါလေးကို ဆက်ပြီး ထိန်းသွားပြီးတော့ အားပေးသွားမယ်ဆိုရင်၊ ကျနော်တို့အသင်း အခုကျနေတဲ့ အုပ်စုကလည်း အုပ်စုချောင်တယ်လို့ ပြောလို့ရတယ်။ ကာဂျစ်စတန်၊ အိန္ဒိယ၊ မြန်မာနဲ့ မကာအို ဆိုတော့။ အာရှဖလားကို မရောက်တာ နှစ် ၅၀ လောက်ရှိသွားပြီ။

ကျနော်တို့နဲ့ လက်တကမ်းပဲ ကွာတော့တယ်ဆိုတော့ အားလုံးဝိုင်းပြီးတော့ ပံ့ပိုးလိုက်မယ်ဆိုရင် အသင်းကလည်း ကစားရတာ အဆင်ပြေမယ်။

ပရိသတ်လည်း ပျော်ရွှင်မှုရမယ်။ ကျနော်တို့အသင်းလည်း သမိုင်းတွင်မယ့် ဒီအာရှဖလားပွဲကို ဝင်ပြိုင်နိုင်မယ်ပေါ့နော်။ အဲဒီတော့ ပရိသတ်တွေအနေနဲ့ အားပေးပါ။

ပြီးတော့ စည်းကမ်းရှိရှိ အားပေးပါပေါ့နော်” လို့ ဦးဘုန်းနိုင်ဇော်က ဆက်ပြောပါတယ်။

မြန်မာနိုင်ငံအနေနဲ့ ဒီနှစ်အတွင်းမှာ ပထမဆုံး နိုင်ငံတကာပွဲစဉ်အဖြစ် အာရှဖလား ခြေစစ်ပွဲစဉ်တွေကို လက်ခံကျင်းပရမှာ ဖြစ်ပါတယ်။

အုပ်စုအဖွင့်ပွဲစဉ်အဖြစ် မြန်မာ့လက်ရွေးစင်အသင်းက အိန္ဒိယအသင်းနဲ့ မတ်လ ၂၈ ရက်မှာ ယှဉ်ပြိုင်ကစားရမှာပါ။

From : ဒီဗွီဘီ by လွှမ်းမိုးအောင်

Originally published at - http://burmese.dvb.no/archives/192361


Read More »

အကယ်ဒမီ ၃ခုအတွက် အသက် ၁၂ နှစ် အောက် ကစားသမား၂၀၀ ဦး ကို ဘောလုံး အဖွဲ့ချုပ် ရွေးချယ်မည်။




ရန်ကုန်၊ မတ်လ ၁

မြန်မာ နိုင်ငံ ဘောလုံး အဖွဲ့ချုပ်က ဘောလုံး အကယ်ဒမီ ၃ ခု အတွက် အသက် ၁၂ နှစ်အောက် ပဏာမ ကစားသမား အယောက် ၂၀၀ ကို ရွေးချယ် သွားမယ်လို့ သိရ ပါတယ်။

“အခု ပညာ သင်နှစ် အစမှာ ကစားသမား အသစ်တွေ လိုပြီ ဆိုတော့ တနိုင်ငံလုံး အတိုင်း အတာ အနေနဲ့ ကျယ်ကျယ် ပြန့်ပြန့် စုစုပေါင်း ၅၂ မြို့နယ် တိုင်းဒေသကြီး အလိုက်ပေါ့ အခု ကတော့ အကျယ်ပြန့် ဆုံးနဲ့ ကျွန်တော်တို့ ဘောလုံး သမိုင်းမှာ တစ်ခါမှ မလုပ်ခဲ့ ဘူးတဲ့ စုပေါင်းခြင်း တစ်မျိုးပါ ” လို့ မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် ရဲ့ မီဒီယာ ဒါရိုက်တာ ကိုဇင်မင်းထိုက် က ပြောပါတယ်။

မြန်မာနိုင်ငံမှာဆိုရင် မန္တလေးဘောလုံး အကယ်ဒမီ၊ ပုသိမ်ဘောလုံး အကယ်ဒမီ၊ ရန်ကုန် ဘောလုံး အကယ်ဒမီ အကယ်ဒမီ သုံးခုရှိပြီး အရင်က မန္တလေးနဲ့ ပုသိမ် အတွက်ကို ကျောင်းအုပ်တွေက နယ်မှာပဲ လူရွေးချယ်လေ့ ရှိတယ်။ အခုကျတော့ နောက်ဆုံးဖွင့် လှစ်လိုက်တဲ့ ရန်ကုန် ဘောလုံး အကယ်ဒမီက နိုင်ငံတကာ အဆင့်မှီ ဖြစ်လို့ အခုလို စုပေါင်းရွေးချယ်ဖို့ ဖိတ်ခေါ် လိုက်တာ ဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါဘောလုံးအကယ်ဒမီ သုံးခု အတွက် လူရွေးချယ်ခြင်းကို မတ်လ ၁၄ရက်ကနေ ဧပြီလ ၁၀ ရက်နေ့ အထိ ပြုလုပ်သွားမှာ ဖြစ်တယ်။ အစောပိုင်း အနေနဲ့ ကစားသမား အယောက် ၂၀၀ ကို ရွေးချယ်မှာ ဖြစ်တယ်လို့ သိရပါတယ်။

ရွေးချယ်ရေး အနေနဲ့ အဖွဲ့ လေးဖွဲ့ ခွဲထားပြီး ကော်မတီတွေက အဖွဲ့တွေ ပေါ်မှာ ရှိတယ်။ ကော်မတီတွေ ကနေ အဖွဲ့ လေးဖွဲ့ ရွေးထားတဲ့ လူတွေရဲ့ အရည် အချင်းတွေ
ပြန်လေ့လာမယ်။ ကလေးတွေရဲ့ အရည်အသွေး တွေကို ဗီဒီယိုတွေ ရိုက်ထား မယ်လို့ သိရပါတယ်။

” တကယ် သမာသမတ် ရှိရှိနဲ့ ကလေးတွေကို ရွေးချယ် သွားမှာ ဖြစ်ပါတယ် ကစားသမား ရွေးချယ်မှု အပိုင်းကို ပွင့်လင်း မြင်သာမှု အရှိဆုံးနဲ့ စစ်မှန်တဲ့ ကစား သမားတွေ ရွေးချယ် သွားမယ် ကျွန်တော်တို့မှာ ဘက်လိုက်မှု မရှိစေရဘူး ” လို့ ကိုဇင်မင်းထိုက် က ပြောပါတယ်။

အနယ်နယ်အရပ်ရပ်မှ ရွေးချယ်ခံရတဲ့ ကလေးများကို ဘောလုံး ပညာ အပြင် အတန်း ပညာများ အင်္ဂလိပ်စာ အရည်အသွေး များပါ တိုးတက်အောင် ပြုလုပ် သွားမှာ ဖြစ်ပါတယ်။

မြစ်ကြီးနား မိုးညှင်း ဗန်းမော် အပါအဝင် မြန်မာနိုင်ငံရဲ့ အချက်အချာ အကျဆုံး မြို့တွေမှာ ရွေးချယ်သွားမှာ လို့ သိရပါတယ်။

ဘောလုံး အကယ်ဒမီ အတွက် ရွေးချယ်ခံမယ့် ကစားသမားတွေဟာ မြို့နယ် အသီးသီးမှာ ရှိတဲ့ အားကစားနဲ့ ကာယပညာ ရုံးများမှာ ဆက်သွယ် စာရင်းပေး သွင်းနိုင် တယ်လို့ သိရ ပါတယ်။

photo MFF

From : ကုမုဒြာဂျာနယ် by အောင်လေး

Originally published at - http://www.kumudranews.com

Read More »

Friday, February 17, 2017

ရွှေတိဂုံ စေတီမှာ အလှူငွေ ဆယ်သိန်း လှူဒါန်းခဲ့တဲ့ ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် ဥက္ကဌ


ဖီဖာ ဥက္ကဌက ဦးဇော်ဇော်နဲ့ အတူ ရွှေတိဂုံ စေတီသို့ ဖူးမြော်ခဲ့စဉ်


အမျိုးသား ဘောလုံး အကယ်ဒမီ (ရန်ကုန်) ဖွင့်ပွဲ အခမ်း အနား တက်ရောက်ဖို့ မြန်မာနိုင်ငံ ရောက်ရှိ နေတဲ့ ကမ္ဘာ့ ဘောလုံး အဖွဲ့ချုပ် ဥက္ကဌ အင်ဖန်တီနိုဟာ ဒီကနေ့ ရွှေတိဂုံ စေတီကို သွားရောက် ဖူးမြော် ခဲ့ကြောင်း သိရ ပါတယ်။

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဌ ဦးဇော်ဇော်နဲ့အတူ ရွှေတိဂုံဘုရားသွားရောက်ဖူးမျှော်ခဲ့တဲ့ ဖီဖာဥက္ကဌ အင်ဖန်တီနိုဟာ ရွှေတိဂုံဘုရားမှာ အလှူငွေကျပ်ဆယ်သိန်း လှူဒါန်းခဲ့ကြောင်း သိရပါတယ်။ ဥက္ကဌ အင်ဖန်တီနိုဟာ ဖေဖော်ဝါရီလ ၁၇ ရက်နေ့ (ယနေ့)မနက် အစောပိုင်းမှာ ရန်ကုန်လေဆိပ်ကို ရောက်ရှိလာခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ အဲဒီနောက် နေ့လည်ပိုင်းမှာ ရွှေတိဂုံစေတီကို သွားရောက်ဖူးမျှော်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ရွှေတိဂုံစေတီမှာ ဖီဖာဥက္ကဌ အင်ဖန်တီနိုက သူ့ရဲ့မွေးနေ့ထောင့်ဖြစ်တဲ့ တနင်္လာထောင့်မှာ ရေသပ္ပါယ်ခဲ့ပြီး အောင်မြေနင်းကာ အလှူငွေလှူဒါန်းခဲ့တာဖြစ်တယ်လို့ 7Day TV သတင်းဌနာက ဖော်ပြထားပါတယ်။

အင်ဖန်တီနိုဟာ ဖီဖာဥက္ကဌအဖြစ် ရွေးကောက်ခံရပြီးနောက်ပိုင်း မြန်မာနိုင်ငံကို ပထမဆုံးအကြိမ် ရောက်ရှိလာတာဖြစ်ပါတယ်။ အမျိုးသားဘောလုံးအကယ်ဒမီ (ရန်ကုန်) ဖွင့်ပွဲအခမ်းအနားကို ဖေဖော်ဝါရီ ၁၇ ရက်နေ့က ကျင်းပခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

အမျိုးသားဘောလုံးအကယ်ဒမီဟာ မန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ရုံးအနီး ဝေဇယန္တာလမ်း၊ သင်္ဃန်းကျွန်းမြို့နယ်မှာ တည်ရှိတာဖြစ်ပါတယ်။

အင်ဖန်တီနိုမတိုင်ခင်က ဖီဖာဥက္ကဌဟောင်းတစ်ဦးဖြစ်တဲ့ ဘလ္လတာ လာရောက်ခဲ့ဖူးပြီး အဲဒီတုန်းက မန္တလေးဘောလုံးအကယ်ဒမီဖွင့်ပွဲအခမ်းအနားကို တက်ရောက်ဖွင့်လှစ်ပေးခဲ့ပါတယ်။

ဖီဖာဥက္ကဌသစ် အင်ဖန်တီနိုလက်ထက်မှာ ကမ္ဘာ့ဖလား ပြိုင်ပွဲကို အသင်းအရေအတွက် တိုးပွားလာအောင် အတည်ပြုပေးနိုင်ဖို့ ကြိုးပမ်းလျှက် ရှိကြောင်း သိရပါတယ်။

ဆွစ်ဇာလန်နိုင်ငံသားဖြစ်တဲ့ အင်ဖန်တီနိုဟာ ဖီဖာကော်မတီ အဖွဲ့ဝင်အဖြစ် ကနေ ယူအီးအက်ဖ်အေရဲ့ ထောက်ခံမှုနဲ့ ဖီဖာဥက္ကဌ အဖြစ် ရွေးကောက် တင်မြှောက် ခံရသူ ဖြစ်လာ တာပါ။

ှSource : 7Day TV

Photos : Myanmar Football Federation

From : Duwun by KK

Originally published at - http://www.duwun.com.mm/sports/-id6239991.html

Read More »

Saturday, January 28, 2017

ဖူဆယ်ဗိုလ်လုပွဲ အဖွဲ့ချုပ်မှ လက်မှတ် ၅၀၀ အခမဲ့ ဝေမည်




ရန်ကုန်။ ဇန်နဝါရီ ၂၈

လာမည့် ဇန်နဝါရီ ၂၉ ရက်တွင် ကစားမည့် မြန်မာ ဖူဆယ် အသင်းနှင့် ထိုင်း ဖူဆယ် အသင်း တို့၏ အာဆီယံ ဖူဆယ် ချန်ပီယံရှစ် ဗိုလ်လု ပွဲကို အားပေးနိုင်ရန် မြန်မာ ပရိသတ်များကို မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်မှ လက်မှတ်များ အခမဲ့ ဝေပေးမည် ဖြစ်သည်။

အာဆီယံဖူဆယ် ချန်ပီယံရှစ် ပြိုင်ပွဲကို ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် ကျင်းပနေခြင်း ဖြစ်ပြီး ထိုင်းနိုင်ငံမှ မြန်မာ ပရိသတ်များ အတွက် ပွဲကစားမည့် နေ့တွင် ကွင်းရှေ့၌လက်မှတ် စောင်ရေ ၅၀၀ ဝေမည်ဖြစ်သည်။

မြန်မာဖူဆယ်အသင်းနှင့် ထိုင်းဖူဆယ်အသင်းတို့ ဗိုလ်လုပွဲကို မြန်မာစံတော်ချိန် ညနေ ခြောက်ရာရီခွဲ၌ ဘန်ကောက်မြို့ Indoor Stadium Huamark တွင် ကျင်းပမည်ဖြစ်ပြီး မြန်မာ့ရုပ်မြင်သံကြား(MRTV) ကလည်း တိုက်ရိုက် ထုတ်လွှင့်ပြသမည်ဖြစ်သည်။

မြန်မာဖူဆယ်အသင်းမှာ အာဆီယံဖူဆယ်ချန်ပီယံရှစ်ပြိုင်ပွဲသမိုင်းတစ်လျှောက်ပထမဆုံးအကြိမ် ဗိုလ်လုပွဲတက်နိုင်ခဲ့ခြင်းဖြစ်ပြီး ယခုတစ်ကြိမ်မတိုင်မှီ အမြင့်ဆုံးအောင်မြင်မှုမှာ ၂၀၀၆ခုနှစ်က ဆီမီးဖိုင်နယ် တက်နိုင်ခဲ့ခြင်းဖြစ်သည်။

မြန်မာအသင်းမှာ အုပ်စုအဆင့်တွင် လာအိုကို ၆-၁ ဂိုး၊ အင်ဒိုနီးရှားကို ၆-၃ဂိုး၊ မလေးရှားကို ၅-၃ဂိုး တို့ဖြင့် နိုင်ပြီး အုပ်စုပထမနှင့် ဆီမီးဖိုင်နယ် တက်နိုင်ခဲ့ကာ ဆီမီးတွင် တီမောကို ၈-၃ ဂိုးဖြင့်နိုင်ပြီး ဗိုလ်လုပွဲ တက်နိုင်ခဲ့ခြင်းဖြစ်သည်။

From : မဇ္ဈိမ မီဒီယာ by ရဲရင့်ဌေး

Originally published at - http://mizzimaburmese.com/article/22890


Read More »

Friday, December 23, 2016

မြန်မာ့လက်ရွေးစင်ဘောလုံးအသင်း နည်းပြချုပ် ဂတ်ဇီဆီကို စာချုပ်သက်တမ်း ၂ နှစ်ထပ်တိုး




မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် (အမ်အက်ဖ်အက်ဖ်) က လက်ရွေးစင် အသင်း နည်းပြချုပ် ဂတ်ဇီဆီကို ဒီဇင်ဘာ ၂၂ ရက်နေ့က စာချုပ် သက်တမ်း ၂ နှစ် တိုး လိုက်ပါတယ်။

အကောင်းဆုံး စွမ်းဆောင်မှုတွေ ရအောင် ပြင်းပြင်းထန်ထန် ကြိုးစားပြီး စိန်ခေါ်မှု တွေကို ရင်ဆိုင်ဖို့ အတူဆောင်ရွက် သွားမယ်လို့ နည်းပြ ဂတ်ဇီဆီက ပြောကြောင်း
ဘောလုံး အဖွဲ့ချုပ်က သတင်း ထုတ်ပြန် ထားပါတယ်။

ဂတ်ဇီဆီဟာ မြန်မာယူ-၂၀ အသင်းကို ၂၀၁၅ ဖီဖာ ယူ-၂၀ ကမ္ဘာ့ဖလား ပြိုင်ပွဲကို ရောက်အောင် ပို့ဆောင်ပေးနိုင် ခဲ့ပါတယ်။

အဲဒီနောက်မှာ လက်ရွေးစင် အသင်းကို ကိုင်တွယ်ခွင့် ရခဲ့ပြီး ဆူဇူကီးဖလား ပြိုင်ပွဲမှာ ဆီမီးဖိုင်နယ်အထိ ရောက်အောင် လုပ်ဆောင်ပေး ထားပါတယ်။

ဓာတ်ပုံ - အမ်အက်ဖ်အက်ဖ်

From : ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/180893

Read More »

Friday, December 2, 2016

မြန်မာ့ဘောလုံးလောက တိုးတက်ရန် နိုင်ငံတော်ပံ့ပိုးမှု လိုအပ်ကြောင်း ဦးဇော်ဇော်ပြော




မြန်မာ့ ဘောလုံး လောက တိုးတက် လာဖို့ နိုင်ငံတော်ရဲ့ ပံ့ပိုးကူညီမှု လိုအပ်ပေမယ့် အခြား အရေးကြီးတဲ့ ကဏ္ဍတွေ ရှိနေ တာကြောင့် ဘောလုံး အားကစားနဲ့ ပတ်သက်ပြီး ဆွေးနွေးမှု မလုပ် ရသေးဘူးလို့ ဘောလုံး အဖွဲ့ချုပ် ဥက္ကဋ္ဌက ပြောဆို လိုက်ပါတယ်။

အားကစားကို ကျန်းမာရေးအရတင် မဟုတ်ဘဲ နိုင်ငံ့ဂုဏ်သိက္ခာအတွက် ယှဉ်ပြိုင်လို့ရတဲ့အထိ ပံ့ပိုးပေးဖို့လိုတယ်လို့လည်း ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော်က ပြောပါတယ်။

“လက်ရှိအနေအထားကတော့ ဘာမှ ကျနော်တို့ သီးခြားဆွေးနွေးတာ မရှိသေးဘူး။ ကျနော်လုပ်နေတဲ့ ပုံမှန် ပလန်အတိုင်းကို ကျနော်တို့ ရောက်အောင်သွားနေတယ်။ ဒီနှစ်ဆိုရင် ဆူဇူကီးက ကိုယ်အိမ်ရှင် လုပ်တယ်။ အမျိုးသမီးလိဂ်ကို ပထမဦးဆုံး ကျနော်တို့ စနိုင်အောင် ကြိုးစားတယ်။ ကျနော်တို့အနေနဲ့ ထပ်ပြီးတော့ ယူ-၁၉ ပွဲကို ကျင်းပလို့ရအောင်လုပ်မယ်။ လက်ရှိအနေအထားကတော့ သိနေတာပဲ။ ဒါပေမယ့် ဒါ့ထက် အရေးကြီးတဲ့ ကဏ္ဍတွေကို သွားနေတယ်လို့ ကျနော့်အနေနဲ့ ထင်တယ်။ မသိတာတော့ မဟုတ်ဘူးပေါ့နော်။ ဒါပေမယ့် သူတို့ ဘယ်အချိန်မှာ လုပ်ပေးနိုင်မလဲဆိုတာကတော့ နိုင်ငံတော်အပိုင်းကပဲ သိမှာပါ။ ကျနော်တို့ကတော့ တတ်နိုင်သမျှလည်း တိုက်တွန်းမယ်။ ဘာလို့လဲဆိုတော့ အားကစားကို ကျန်းမာရေးလောက်ပဲ မဟုတ်ဘဲနဲ့ နိုင်ငံ့ရဲ့ဂုဏ်သိက္ခာအတွက် ယှဉ်ပြိုင်လို့ရတဲ့ အနေအထားမျိုးဖြစ်အောင်တော့ ဆောင်ရွက်သွားသင့်တယ်လို့ ထင်ပါတယ်။”

မြန်မာနိုင်ငံမှာ ပြိုင်ပွဲကျင်းပလို့ရတဲ့ ဘောလုံးကွင်းတွေ ရှားပါးတဲ့အတွက် အခြေခံအဆောက်အအုံပိုင်းကို နိုင်ငံတော်ဘက်က အကုန်ကျခံ ပြင်ဆင်ဖို့ လိုအပ်နေပါတယ်။

ဒီလိုအခြေအနေတွေကြောင့် ဘောလုံးကွင်းတွေအတွက် နိုင်ငံတော်ရဲ့ ဘတ်ဂျက်ရှိဖို့ လိုအပ်တယ်လို့ ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌက ပြောပါတယ်။

“ကျနော့်အနေနဲ့ မြို့တိုင်းမှာရှိတဲ့ကွင်းတွေကို နိုင်ငံတော်ဘတ်ဂျက်အနေနဲ့ ပြန်ပြင်သင့်တယ်ပေါ့နော်။ ပြင်သင့်ပြီးတော့ ပြိုင်ပွဲကျင်းပလို့ရတဲ့ အဆင့်အထိ လုပ်သင့်တယ်။ အဓိကကတော့ စီးပွားရေးအခက်အခဲအရ ဒီကွင်းတွေပြုပြင်ဖို့ ထိန်းသိမ်းဖို့ ပြိုင်ပွဲဝင်တဲ့ အသင်းတွေအတွက် ကုန်ကျစရိတ်တွေရော ကျနော်တို့အနေနဲ့ ပံ့ပိုးဖို့ခက်တယ်။ ဒီမှာက စားဝတ်နေရေးက ပိုအရေးကြီးနေတဲ့အခါကျတော့ ဒီဘက်ကို မလှည့်နိုင်ဘူးပေါ့။ ကျနော့်အနေနဲ့ကတော့ နိုင်ငံတော်ရဲ့ဘတ်ဂျက်ထဲကနေပြီးတော့ တတ်နိုင်သမျှ မြို့နယ်ကွင်းတွေ အကုန်လုံးကို ပြန်ပြင်စေချင်တယ်။ ရှိနေတဲ့ကွင်းတွေကိုလည်း ပြိုင်ပွဲကျင်းပလို့ရတဲ့အထိ အဆင့်မြှင့်ပေးစေချင်တယ်။

ကျနော်တို့ ဘောလုံးအဖွဲ့ချုပ် အနေနဲ့က နိုင်ငံတော်ဘတ်ဂျက်လည်း မရှိဘဲနဲ့ ဒီလိုမျိုး တနှစ်ကို ဒေါ်လာ ၅ သန်း၊ ၆ သန်း အကုန်ခံပြီးတော့ လုပ်ပေးနေတော့ ဒါ့ထက်လည်း ကျနော်တို့ ပိုလုပ်ဖို့ အခက်အခဲရှိတယ်။ တတ်နိုင်သမျှ Infra ပိုင်းကိုတော့ နိုင်ငံတော်ပိုင်းက လုပ်ပေးစေချင်တယ်။ ကျနော်တို့အနေနဲ့ သွားပြိုင်တဲ့စရိတ်တို့၊ လေ့ကျင့်စရိတ်တို့ နည်းပြရှာတာတို့ ဒါတွေတော့ ကျနော်တို့ဘက်က လုပ်ပေးလို့ရမယ်။ ကျနော့်အနေနဲ့ ပြောရရင်တော့ ဟန်ချက်ညီဖို့ ပြုပြင်ပြောင်းလဲလာမှုနဲ့အတူတူ ဒါတွေကို ထည့်သွင်းစဉ်းစားပေမယ်ဆိုရင်တော့ ရှေ့လျှောက် ဒါ့ထက်ပိုပြီးတော့ ဘောလုံးလောက တိုးတက်လာနိုင်တဲ့ အနေအထား ရှိပါတယ်။”

မြန်မာနိုင်ငံမှာ နိုင်ငံတကာအဆင့် ဘောလုံးပြိုင်ပွဲ လက်ခံကျင်းလို့ရတဲ့ ကွင်း ၄ ကွင်း ရှိပေမယ့် အဓိကကျတဲ့ နိုင်ငံတကာ ဘောလုံးပွဲတွေ လက်ခံကျင်းပနေတဲ့ ရန်ကုန်မြို့မှာတော့ သုဝဏ္ဏဘောလုံးကွင်း ၁ ကွင်းပဲရှိတာ ဖြစ်ပါတယ်။

From : ဒီဗွီဘီ by လွှမ်းမိုးအောင်

Originally published at - http://burmese.dvb.no/archives/178265

Read More »

Saturday, November 26, 2016

မလေးရှားကိုနိုင်ပြီး မြန်မာ ဆီမီးဖိုင်နယ် တက်


မြန်မာအသင်းကို အားပေးနေသည့် ပရိသတ်များ (ဓါတ်ပုံ - မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်)


၂၀၁၆ အာဆီယံ ဆူဇူကီး ဖလား ဘောလုံးပွဲ မှာတော့ အိမ်ရှင် မြန်မာ အသင်းဟာ အုပ်စု နောက်ဆုံးပွဲမှာ အနိုင်ရပြီးတော့ ဆီမီးဖိုင်နယ်ကို တက်သွားပြီ ဖြစ်ပါတယ်။

ရန်ကုန်မြို့ သုဝဏ္ဏအားကစား ကွင်းမှာ မြန်မာ အသင်း နဲ့ မလေးရှား အသင်းတို့ အုပ်စု နောက်ဆုံးပွဲစဉ် အဖြစ် နဲ့ ဒီကနေ့ ညနေက ကစားကြတာမှာ မြန်မာအသင်းက မလေးရှား အသင်းကို ၁ ဂိုး ဂိုးမရှိ နဲ့ အနိုင်ရ သွားခဲ့တာဖြစ် ပါတယ်။

မြန်မာအသင်း အတွက် ၁ လုံးတည်းသော အနိုင်ဂိုး ကိုတော့ မြန်မာကွင်းလယ်လူ ဒေးဗစ်ထန်းက ပွဲပြီးခါနီး မိနစ် ၉၀ အရောက်မှာ ပယ်နယ်တီ ဧရိယာအစပ် ကနေ ဘယ်ခြေ နဲ့ ကန်သွင်း သွားခဲ့တာ ဖြစ်ပါတယ်။

ဒီပွဲမှာ မြန်မာအသင်းဟာ ပထမပိုင်းမှာ ဂိုးသွင်းခွင့်တွေ အများအပြား ရခဲ့ပြီး ဂိုးတိုင် ထိ ထွက်ခဲ့တာကြောင့် ဂိုးမရ ခဲ့သလို၊ ပထမပိုင်းမှာ ပယ်နယ်တီ တလုံးရတာကို မလေးရှား ဂိုးသမား ကာကွယ် သွားခဲ့လို့ ဂိုးမရ ခဲ့ပါဘူး။

မြန်မာအသင်းဟာ ဒီပွဲနိုင် လိုက်တဲ့ အတွက် ၂ ပွဲ နိုင် ၆ မှတ် နဲ့ ဆီမီးဖိုင်နယ်ကို တက်သွား ခဲ့ပါတယ်။

မြန်မာအသင်း အနိုင်ဂိုး သွင်းခဲ့သည့် ဒေးဗစ်ထန်း


ဒါ့အပြင် ဗီယက်နမ် အသင်းကလည်း ကမ္ဘောဒီးယား အသင်းကို ၂ ဂိုး ၁ ဂိုး နဲ့ နိုင် သွား တာကြောင့် ဗီယက်နမ် အသင်းက အုပ်စုဗိုလ် အနေနဲ့ ဆီမီး ဖိုင်နယ်ကို တက် သွား ခဲ့ပြီး ၊ မြန်မာအသင်း ကတော့ အုပ်စု ဒုတိယနဲ့ ဆီမီး ဖိုင်နယ် တက်သွား ပါတယ်။

မြန်မာ အသင်းဟာ ဆီမီးဖိုင်နယ်မှာတော့ ထိုင်းအသင်း နဲ့ တွေ့မှာ ဖြစ်ပြီး၊ ဗီယက်နမ် နဲ့ အင်ဒိုနီးရှားတို့ တွေ့မှာပါ။

ဆီမီးဖိုင်နယ်ကိုတော့ ပထမအကျော့၊ ဒုတိယအကျော့ ၂ ပွဲ ကစားရမှာဖြစ်ပြီး၊ ပထမအကျော့ကိုတော့ ဒီဇင်ဘာ ၃ ရက် နဲ့ ၄ ရက်နေ့တွေမှာ ကစားရမှာဖြစ်ပြီး၊ ဒုတိယအကျော့ ကိုတော့ ဒီဇင်ဘာ ၇ ရက် နဲ့ ၈ ရက်နေ့တွေမှာ ကစား ရမှာဖြစ်ပါတယ်။

ဒီဇင်ဘာ ၄ ရက်နေ့မှာတော့ မြန်မာအသင်းက ထိုင်း မြန်မာ နိုင်ငံမှာ ပထမအကျော့ ကစားမှာဖြစ်ပါတယ်။

အသံဖိုင်နားဆင်ရန်

From : ဗွီအိုအေမြန်မာသတင်းဋ္ဌာန

Originally published at - http://burmese.voanews.com

Read More »

Monday, November 21, 2016

ဆိုးသွမ်းပရိသတ်တွေကို ချက်ချင်းအရေးယူမယ်လို့ ထုတ်ပြန်လိုက်တဲ့ ဘောလုံးအဖွဲ့ချုပ်




မြန်မာနိုင်ငံမှာ အိမ်ရှင် အဖြစ် လက်ခံ ကျင်းပမယ့် ၂၀၁၆ အာဆီယံ ဆူဇူကီး ဖလား ပြိုင်ပွဲမှာ ကွင်းအတွင်း အလွန် အကျုး အားပေးမယ့် ဆိုးသွမ်း ပရိသတ်တွေ ရှိလာရင် ချက်ချင်း အရေး ယူမယ်လို့ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်က ကြေငြာ လိုက်ပါတယ်။

ဆိုးသွမ်း ပရိသတ်တွေကို ဘယ်လို အရေးယူမှာလဲ၊ လုံခြုံရေး အတွက်ရော ဘာတွေ ပြင်ဆင် ထားသလဲ စတာတွေကို သတင်း အယ်ဒီတာ ကိုရဲရင့်ဌေးကပဲ စုစည်းပေး ထားပါတယ်။



From : Mizzima Channel

Originally published at - https://www.youtube.com/channel/UCk9f0cLiMmtchQySOogzoig

Read More »

Monday, November 14, 2016

အိုမန်နှင့် ခြေစမ်းပွဲတွင် ပိုကောင်းသည့် ခြေစွမ်းရဖို့ ပြင်ဆင်ထားဟု မြန်မာနည်းပြ ပြော




အိုမန်နဲ့ ခြေစမ်းပွဲမှာ ပိုကောင်းတဲ့ ခြေစွမ်းရဖို့ ပြင်ဆင် ထားတယ်လို့ မြန်မာ နည်းပြ ဂတ်ဆီဇီက ပြောပါတယ်။

မြန်မာ့ လက်ရွေးစင် ဘောလုံး အသင်းဟာ ဒီနေ့မှာ အိုမန် အသင်းနဲ့ ခြေစမ်းပွဲ ယှဉ်ပြိုင် ကစားမှာ ဖြစ်ပါတယ်။

နိုဝင်ဘာ ၄ ရက်က ကစားခဲ့တဲ့ အင်ဒို နီးရှားနဲ့ ဂိုးမရှိ သရေ ကျတဲ့ပွဲမှာ မြန်မာအသင်း ခြေစွမ်းပြသနိုင်ခြင်း မရှိခဲ့ပေမယ့် အိုမန်နဲ့ ခြေစွမ်း ပွဲမှာတော့ ပိုကောင်းတဲ့ ကစားပုံရဖို့ ပြင်ဆင် ထားတယ်လို့ မြန်မာ့ လက်ရွေးစင် အသင်းနည်းပြချုပ် ဂတ်ဆီဇီက ပြောဆို လိုက်တာပါ။

“အိုမန်နဲ့ပွဲက ဆူဇူကီးဖလားအတွက် တကယ်ကောင်းမွန်တဲ့ ပြင်ဆင်မှုပါ။ နောက်ဆုံးခြေစမ်းပွဲလည်းဖြစ်လို့ ဒီပွဲမှာ ရလဒ်ကောင်းရဖို့ အရေးကြီးပါတယ်။

အိုမန်အသင်းက တဦးချင်းရော၊ အသင်းလိုက်ပါ ခြေစွမ်းကောင်းတဲ့အသင်းဖြစ်လို့ တောင့်တင်းတဲ့အသင်းပါ။ ဒီအချိန်က ဘောလုံးကိုပဲ အာရုံစိုက် ကစား ရတော့မယ့်အချိန်ဖြစ်လို့ ကစားသမားတွေကို အကောင်းဆုံးယှဉ်ပြိုင်ကြဖို့ ပြောထားပါတယ်။ အိုမန်နဲ့ပွဲမှာ အင်ဒိုနီးရှားနဲ့ပွဲကထက် မတူတဲ့ ကစားပုံကို မြင်တွေ့ရမှာပါ။”

အိုမန်နဲ့ပွဲမှာ ကစားပုံကောင်းရဖို့ထက် အနိုင်ရဖို့ပဲ ကြိုးစားကစားမယ်လို့လည်း အသင်းခေါင်းဆောင် ရန်အောင်ကျော်က ပြောပါတယ်။

“ကျနော့်အနေနဲ့ ပြောချင်တာကတော့ ပွဲရဲ့ရလဒ်ပေါ့နော်။ မြန်မာပရိသတ်တွေ လက်မခံနိုင်တာက ကျနော်တို့ ဒီလိုမျိုး သရေကျတာတို့၊ ရှုံးတာတို့ လက်မခံနိုင်ဘူး။ အသင်းတသင်းက နိုင်နေရင် အားလုံး အကုန်အဆင်ပြေတယ်။

ကစားပုံကောင်းတာ၊ မကောင်းတာထက် ရလဒ်ဦးတည်ကစားနေတော့ သရေရလဒ် ဖြစ်လာတော့ ကစားပုံ ကောင်းတယ်၊ မကောင်းဘူးဆိုတာ ပရိသတ် ဝေဖန်မှုတွေ ရှိတယ်ပေါ့။ ကျနော်တို့အနေနဲ့ မနက်ဖြန် အိုမန်နဲ့ပွဲကိုတော့ အကောင်းဆုံး ရင်ဆိုင်သွားမယ်၊ အကောင်းဆုံး အနိုင်ရလဒ်ရအောင်လို့ စွမ်းဆောင်သွားမယ် လို့ ပြောချင်ပါတယ်။”

အိုမန်နည်းပြ ဂျူအမ်ရာမို့ကတော့ မြန်မာအသင်းဟာ နည်းစနစ်ပိုင်းနဲ့ ကြံ့ခိုင်မှုအပိုင်းတွေမှာ ကောင်းတဲ့ ကစားသမားတွေ ရှိပေမယ့် အကောင်းဆုံးကစားပြီး အနိုင်ယူမယ်လို့ ဆိုပါတယ်။

အိုမန်အသင်းဟာ နောက်ဆုံးကစားခဲ့တဲ့ အိုင်ယာလန်နဲ့ ဂျပန်အသင်းတွေကို ၄ ဂိုး၊ ဂိုးမရှိနဲ့ နှစ်ပွဲစလုံး ရှုံးခဲ့ပါတယ်။

မြန်မာနဲ့ အိုမန်အသင်းတို့ဟာ ၂၀၁၁ ခုနှစ်မှာ ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်အဖြစ် ၂ ပွဲ ကစားခဲ့ရာမှာ မြန်မာအသင်းက ၂ ဂိုး ဂိုးမရှိ ရလဒ်တွေနဲ့ နှစ်ပွဲစလုံး ရှုံးနိမ့်ခဲ့ပါတယ်။

From : ဒီဗွီဘီ by လွှမ်းမိုးအောင်

Originally published at - http://burmese.dvb.no/archives/176007

Read More »

Friday, November 11, 2016

ဆူဇူကီးဖလား လုံခြုံရေးတင်းကျပ်မည်၊ ကွင်းအတွင်း စီစီတီဗွီကင်မရာ ၅၀ တပ်ဆင်




ဆူဇူကီး ဖလား ပြိုင်ပွဲမှာ လုံခြုံရေး တင်းကျပ်မှာ ဖြစ်ပြီး ကွင်းအတွင်း မှာလည်း စီစီတီဗွီ ကင်မရာ အလုံး ၅၀ တပ်ဆင် ထားတယ်လို့ မြန်မာ နိင်ငံ ဘောလုံး အဖွဲ့ချုပ် စီအီးအိုက ပြောပါတယ်။

လုံခြုံရေး အင်အား ၂၅၀၀ ခန့် အသုံးပြုမှာ ဖြစ်ပြီး ဆူဇူကီး ဖလားမှာ ပရိသတ် ဆိုးသွမ်း မှုတွေ ထပ်ဖြစ်ခဲ့ရင် နိုင်ငံတကာ ပွဲတွေ လက်ခံ ကျင်းပခွင့် ရတော့ မဟုတ်တော့ ဘူးလို့ သိရ ပါတယ်။



ဆူဇူကီးဖလားပြိုင်ပွဲမှာ ကွင်းအတွင်းအရာဝတ္ထုတွေနဲ့ ပစ်ပေါက်တာ၊ ခုံတွေချိုးတာတွေနဲ့ မလိုလားအပ်တဲ့ အပြုအမှုတွေလုပ်တဲ့ ပရိသတ်တွေကို ရဲတပ်ဖွဲ့က ချက်ချင်းအရေးယူဖမ်းဆီးမှာ ဖြစ်ပြီး နောက်ထပ် ကျင်းပမယ့်ပွဲတွေမှာလည်း ပွဲကြည့်ခွင့် ပိတ်ပင်သွားမှာ ဖြစ်တယ်လို့ ဘောလုံးအဖွဲ့ချုပ် စီအီးအို ဦးဘုန်းနိုင်ဇော်က ပြောပါတယ်။

မြန်မာနိုင်ငံအနေနဲ့ အိမ်ရှင်အဖြစ် ကျင်းပတဲ့ နိုင်ငံတကာပြိုင်ပွဲတွေမှာ ပရိသတ် သောင်းကျန်းမှုတွေ ရှိခဲ့တာကြောင့် အာရှဘောလုံးအဖွဲ့ချုပ်နဲ့ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်တွေကနေ အရေးယူမှုတွေ ပြုလုပ်ခဲ့ပြီး အိမ်ကွင်း ကျင်းပခွင့်တွေ ပိတ်ပင်ခံခဲ့ရပါတယ်။



ဒါ့အပြင် နှစ်နှစ်အတွင်း ပရိသတ် သောင်းကျန်းတဲ့ ဖြစ်ရပ်တွေ ထပ်ဖြစ်မယ်ဆိုရင် အခုထက်ပိုတဲ့ ပြစ်ဒဏ်တွေနဲ့ အရေးယူမှာဖြစ်တယ်လို့ သတိပေးခံထားရပါတယ်။

ဆူဇူကီးဖလားပြိုင်ပွဲ အုပ်စု (ခ) ပွဲစဉ်တွေကို လာမယ့် နိုဝင်ဘာ ၂၀ ရက်မှာ စတင်ကျင်းပမှာ ဖြစ်ပြီး လက်မှတ်ဈေးနူန်းတွေအဖြစ် အထူးတန်း ၅ ထောင်ကျပ်၊ ရိုးရိုးတန်း ၃ ထောင်ကျပ်အဖြစ် သတ်မှတ်ထားပြီး ညနေ ၃ နာရီ ပွဲနဲ့ ၆ နာရီပွဲ နှစ်ပွဲ ကြည့်ရှုခွင့်ရမှာပါ။

လက်မှတ်တွေကို နိုဝင်ဘာ ၁၇ ရက်မှာ စတင်ရောင်းချမှာဖြစ်ပြီး သုဝဏ္ဏကွင်း၊ အောင်ဆန်းကွင်းနဲ့ ပဒုမ္မာကွင်းတွေမှာ ဝယ်ယူနိုင်မှာပါ။ လက်မှတ်ဝယ်ယူရာမှာ မှတ်ပုံတင် တခုလျှင် လက်မှတ်နှစ်စောင်သာ ဝယ်ယူခွင့် ရမှာပါ။ ပရိသတ်တွေအတွက် ဘတ်စ်ကားများလည်း စီစဉ်ပေးမယ်လို့ သိရပါတယ်။

From : ဒီဗွီဘီ by လွှမ်းမိုးအောင်

Originally published at - http://burmese.dvb.no/archives/175582

Read More »

Friday, November 4, 2016

ပရိသတ် ဆိုးသွမ်းသည့် ဖြစ်ရပ်များကြောင့် အမ်အက်ဖ်အက်ဖ်ကို အာရှဘောလုံး အဖွဲ့ချုပ် သတိပေး




ပရိသတ် ဆိုးသွမ်းတဲ့ ဖြစ်ရပ် တွေကြောင့် မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် (အမ်အက်ဖ်အက်ဖ်) ကို အာရှဘောလုံး အဖွဲ့ချုပ်က ပြင်းပြင်း ထန်ထန် သတိပေး ထားပါတယ်။

မြန်မာနိုင်ငံက အိမ်ရှင် အဖြစ် လက်ခံ ကျင်းပတဲ့ ပွဲစဉ် တချို့မှာ ပရိသတ်တွေက ကွင်းထဲကို အရာ ဝတ္ထုတွေနဲ့ ပစ်ပေါက် ခဲ့တာတွေ ရှိတာကြောင့် အာရှဘောလုံး အဖွဲ့ချုပ်ကနေ မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်ကို အရေးယူ မှုတွေ ပြုလုပ်ခဲ့ပြီး နောက်ထပ် မဖြစ်ဖို့လည်း သတိပေးထားတာပါ။

မြန်မာနိုင်ငံအနေနဲ့ နိုဝင်ဘာ ၁၉ ရက်မှာ စတင်မယ့် အာဆီယံ ဆူဇူကီးဖလားပြိုင်ပွဲကိုလည်း အိမ်ရှင်အဖြစ် လက်ခံကျင်းပမှာဖြစ်ပြီး ပရိသတ်တွေအနေနဲ့ မလိုလား အပ်တဲ့ အပြုအမူတွေ ထပ်လုပ်မယ် ဆိုရင် နိုင်ငံတကာ ပွဲတွေကို လက်ခံ ကျင်းပခွင့်ရတော့မှာ မဟုတ်ဘူးလို့ ဘောလုံး အဖွဲ့ချပ် အထွေထွေ အတွင်းရေးမှူး ဦးကိုကိုသိန်းက ပြောပါတယ်။

“အာရှ ယူ-၁၉ ခြေစစ်ပွဲတွေဖြစ်တဲ့ ဗီယက်နမ်နဲ့ တိုင်ပေပွဲတွေမှာ ပစ္စည်းတွေနဲ့ပေါက်လို့ တပွဲ ကွင်းပိတ်ကစားဖို့ ပြစ်ဒဏ်ချထားတယ်။ နောက် ၂ နှစ်အတွင်း ထပ်မဖြစ်ဖို့လည်း သတိပေးထားတယ်။ အမျိုးသမီးပွဲမှာ ထပ်ဖြစ်တဲ့ အတွက် ဘယ်လို အရေးယူမလဲ မသိသေးဘူး။ ဆူဇူကီးမှာ ထပ်ဖြစ်ရင်တော့ ဘောလုံး အဖွဲ့ချုပ် အတွက် မကောင်းတော့ပါဘူး။

“မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဟာ အာရှဘောလုံးအဖွဲ့ချုပ်ရဲ့ အရေးယူမှုတွေ ခံခဲ့ရသလို ကမ္ဘာ့ဘာလုံးအဖွဲ့ချုပ်ကလည်း ၂၀၁၁ ခုနှစ် အိုမန်နဲ့ပွဲက ဖြစ်ရပ်တွေ အတွက် ၂၀၁၈ ကမ္ဘာ့ဖလား ခြေစစ်ပွဲစဉ်တွေကို အိမ်ကွင်းကစားခွင့် ပိတ်ခဲ့လို့ ထိုင်းနိုင်ငံမှာ သွားရောက် ကစားခဲ့ ရပါတယ်။

လာမယ့် ဆူဇူကီးဖလားပြိုင်ပွဲမှာတော့ ပရိသတ်တွေရဲ့ အပြုအမူကို ထိန်းကျောင်းနိုင်မယ် ထင်တယ်လို့ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော်က ပြောပါတယ်။

“ပရိသတ်စစ်စစ်နဲ့ပဲ အားပေးစေချင်တယ်။ ရှုံးလို့ ပစ်တာခတ်တာ မဖြစ်စေချင်ဘူး။ ကျနော်တို့လူမျိုးရဲ့ ဂုဏ်သိက္ခာနဲ့ဆိုင်တယ်။”

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့တဲ့ ၂ဝ၁၃ ဆီးဂိမ်း၊ ၂ဝ၁၅ အာရှယူ-၁၉ ခြေစစ်ပွဲ၊ ၂ဝ၁၆ အာဆီယံအမျိုးသမီးပြိုင်ပွဲ၊ ၂ဝ၁၆ အာရှယူ-၁၉
ခြေစစ်ပွဲစဉ်တွေမှာ ပရိသတ်တချို့က ကွင်းထဲကို အရာဝတ္ထုတွေနဲ့ ပစ်ပေါက်ခဲ့ကြတာကြောင့် ဒဏ်ကြေးငွေဆောင်ခဲ့ရပြီး ကွင်းပိတ်ပြစ်ဒဏ်တွေလည်း ချမှတ်ခံထားရပါတယ်။

ဒီလိုဖြစ်ရပ်တွေကြောင့် လာမယ့် ဆူဇူကီးဖလားပြိုင်ပွဲမှာ အရင်ပြိုင်ပွဲတွေထက်ပိုပြီး လုံခြုံရေး တင်းကျပ်ဖို့ ဘောလုံးအဖွဲ့ချုပ်က စီစဉ်နေပါတယ်။

ဓာတ်ပုံ-အမ်အက်ဖ်အက်ဖ်

From : ဒီဗွီဘီ By လွှမ်းမိုးအောင်

Originally published at - http://burmese.dvb.no/archives/174755

Read More »

Monday, September 26, 2016

၂၀၁၇ ဆီးဂိမ်း အသင်းကို နည်းပြချုပ်အဖြစ် တာဝန်ယူမယ့် ဦးကြည်လွင်




မလေးရှား နိုင်ငံမှာ ကျင်းပမယ့် ၂၀၁၇ ဆီးဂိမ်း ပြိုင်ပွဲဝင် မြန်မာယူ - ၂၃ အသင်းကို နည်းပြချုပ် အဖြစ် ဦးကြည်လွင် တာဝန်ယူ ကိုင်တွယ်မှာ ဖြစ်ပါတယ်။

ဦးကြည်လွင်ဟာ ၂၀၁၅ ဆီးဂိမ်းမှာ မြန်မာယူ - ၂၃ အသင်းကို ငွေတံဆိပ် ရအောင် စွမ်းဆောင် ပေးနိုင် ခဲ့ပါတယ်။



From: Mizzima Channel - YouTube

Original link - https://www.youtube.com/channel/UCk9f0cLiMmtchQySOogzoig

Read More »