
မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် လက်အောက် ရှိတဲ့ မန္တလေး၊ ရန်ကုန်၊ ပုသိမ်မြို့တွေက ဘောလုံး အကယ်ဒမီ ကျောင်းတွေမှာ အားကစားနဲ့ ပညာရေး ပေါင်းစပ် သင်ကြားဖို့ အတွက် မျိုးဆက်သစ် လူငယ် ကစားသမား ရွေးချယ်ပွဲကို မန္တလေးမြို့ ဘောလုံး အကယ်ဒမီတွင် မေလ ၇ ရက်နေ့ မနက် ၇ နာရီမှ စတင်ကာ ပြုလုပ် နေပါတယ်။
အခု လူငယ်ကစားသမားတွေကို တနိုင်ငံလုံး အတိုင်းအတာနဲ့ ရွေးချယ်ထားတဲ့ ကလေးငယ်တွေထဲက ဆန်ခါတင် ၁၀၀ ကျော်ကို အပြီးသတ် ရွေးချယ်သွားမှာ ဖြစ်ပါတယ်။
အခု ရွေးချယ်မယ့် ကလေးငယ်တွေဟာ အသက် ၁၁ နှစ်အောက် ကလေးငယ်တွေဖြစ်ပြီး အနာဂတ် မြန်မာ့ဘောလုံးအားကစားအတွက် အားထားရမယ့် လူငယ် အားကစားသမားတွေ ထွက်ပေါ်လာဖို့အတွက် လေ့ကျင်ပျိုးထောင်ပေးသွားမှာ ဖြစ်ပါတယ်။
ရွေးချယ်ခံရတဲ့ ကလေးငယ်တွေကို မန္တလေး ဘာလုံးအကယ်ဒမီမှာ အယောက် ၃၀၊ ရန်ကုန် ဘောလုံးအကယ်ဒမီမှာ ၁၅ ယောက်နဲ့ ပုသိမ်ဘောလုံး အကယ်ဒမီ မှာ အယောက် ၃၀ စီထားပြီး လေ့ကျင့်ပေး သွားမှာ ဖြစ်ပါတယ်။
အခုလို လူငယ်ဘောလုံးသမားတွေကို နှစ်စဉ် ရွေးချယ် လေ့ကျင့်သင်ကြားပေးနေတာ ဖြစ်ပါတယ်။
ဓာတ်ပုံ - Maung Myint
From : ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/205345

No comments:
Post a Comment