
အခု ရာသီမှာ ချန်ပီယံလိဂ် ပြိုင်ပွဲ ၀င်ခွင့် ရရှိခဲ့တဲ့ ပရီးမီးယားလိဂ် အသင်း ၄ သင်းထဲမှာ လက်စတာ အသင်းဟာ ၀င်ငွေ အများဆုံး ရရှိ ခဲ့ပြီး စုစုပေါင်း ပေါင် ၆၆ သန်းအထိ ရရှိ ခဲ့ကြောင်း ဗြိတိန် သတင်းစာ ဒေးလီမေးလ်က ဖော်ပြပါတယ်။
ပြီးခဲ့တဲ့ ရာသီက ပရီးမီးယားလိဂ် ဖလား ဆွတ်ခူးခဲ့တဲ့ လက်စတာ အသင်းဟာ ချန်ပီယံလိဂ် ပြိုင်ပွဲကို ပထမဆုံး အကြိမ် ၀င်ရောက် ယှဉ်ပြိုင်ခွင့် ရရှိခဲ့ပြီး ကွာတား ဖိုင်နယ်မှာ အက်သလက် တီကို အသင်းကို ရှုံးနိမ့်ကာ ပြိုင်ပွဲမှ ထွက်ခဲ့ ရတာပါ။
လက်စတာ အသင်းမှာ အခုရာသီ ချန်ပီယံလိဂ် ၀င်ခွင့်ရ ပရီးမီးယားလိဂ် အသင်းတွေ ထဲမှာ အမြင့်ဆုံး အဆင့်သို့ ရောက်ရှိ ခဲ့တာ ဖြစ်ပြီး မန်စီးတီးနှင့် အာဆင်နယ် တို့မှာ ရှုံးထွက် ၁၆ သင်း၊ စပါးအသင်းမှာ အုပ်စု အဆင့်မှ ထွက်ခဲ့ ရပါတယ်။
လက်စတာ အသင်းမှာ ဆုကြေး၊ ရုပ်သံ ထုတ်လွှင့်ခ အပါ အ၀င် ၀င်ငွေ ရရှိမှုမှာ ကျန်သည့် အသင်းများထက် ပိုမိုများပြား ခဲ့ခြင်းဖြစ်ကြောင်း ဒေးလီမေးလ်က ဖော်ပြ ခဲ့ပါတယ်။
ချန်ပီယံလိဂ်ပြိုင်ပွဲတွင် ဆုကြေးခွဲဝေသောစနစ်မှာ ရှုပ်ထွေးမှုရှိပြီး ပြီးခဲ့သည့်ရာသီ ပြည်တွင်းလိဂ် ပြိုင်ပွဲ၌ ရပ်တည်မှုအပေါ် မူတည်ပြီး ခွဲဝေပေးတာပါ။
ပြီးခဲ့တဲ့ဘောလုံးရာသီက ပရီးမီးယားလိဂ်မှာ အဆင့် ၂ နေရာရရှိခဲ့တဲ့ အာဆင်နယ်အသင်းမှာ ပေါင် ၁၆ သန်းကျော်သာ ရရှိခဲ့သလို၊ စပါးအသင်းက ပေါင် ၁၁ သန်း နီးပါးနှင့် မန်စီးတီးအသင်းက ပေါင် ၅ ဒသမ ၄ သန်းသာ ရရှိခဲ့ကြောင်း သိရပါတယ်။
လက်စတာ အသင်းဟာ ရှုံးထွက် ၁၆ သင်း အဆင့်သို့ တက်ရောက် ခဲ့တဲ့ အတွက် ရုပ်သံ ထုတ်လွှင့်ခ ပေါင် ၁၇ သန်း ထပ်မံ ရရှိခဲ့ပြီး ရုပ်သံထုတ်လွှင့်ခ တစ်ခုတည်း မှာပင် ပေါင် ၃၈ ဒသမ ၇၂ သန်း ရရှိခဲ့ ပါတယ်။
ဓာတ်ပုံ - ဒေးလီးမေးလ်
From : ဒီဗွီဘီ By လွှမ်းမိုးအောင်
Originally published at - http://burmese.dvb.no/archives/205333

No comments:
Post a Comment