Monday, May 8, 2017
အသင်းပေါင်း ၇၄ သင်းပါဝင်သည့် အပျော်တမ်း ဘောလုံးပြိုင်ပွဲ ကျင်းပမည်
အသင်းပေါင်း ၇၄ သင်း ပါဝင်တဲ့ အပျော်တမ်း ဘောလုံး ပြိုင်ပွဲကို လာမယ့် မေ ၁၃ ရက်နေ့မှာ စတင် ကျင်းပ သွားမှာ ဖြစ်ပါတယ်။
ဒီပြိုင်ပွဲကို ဘောလုံး အဖွဲ့ချုပ်၊ အားကစားနဲ့ ကာယပညာ ဦးစီးဌာန၊ Pocari Sweat တို့ရဲ့ ပံ့ပိုးမှုနဲ့ မြန်မာ စပယ်ရှယ် မီဒီယာနဲ့ အားကစား အေဂျင်စီတို့က စီစဉ် ကျင်းပတာ ဖြစ်ပါတယ်။
ဒီပြိုင်ပွဲဟာ အသင်းအရေအတွက် အများဆုံး အပျော်တမ်း ပြိုင်ပွဲဖြစ်ပြီး အပျော်တမ်း ကစားသမားတွေအတွက် ပြိုင်ပွဲတွေ မရှိသေးတာကြောင့် ကျင်းပရတာ ဖြစ်တယ်လို့ ပွဲစီစဉ်သူ ဦးရဲနိုင်ဝင်းက ပြောပါတယ်။
ဒီပြိုင်ပွဲမှာ အသင်းပေါင်း ၇၄ သင်းကို ၄ သင်းပါတဲ့အုပ်စုနဲ့ ၆ သင်းပါတဲ့အုပ်စု စုစုပေါင်း ၁၆ အုပ်စု ခွဲဝေထားပါတယ်။
အသင်းတစ်သင်းက ပွဲစဉ် ၂ ပွဲပဲ ကစားရမှာဖြစ်ပြီး အမှတ်အများဆုံးအသင်းတစ်သင်းက ၁၆ သင်းအဆင့် တက်ရောက်ခွင့်ရမှာ ဖြစ်ပါတယ်။
အပျော်တမ်းပြိုင်ပွဲမှာ ထိပ်ဆုံး ၂ သင်း စာရင်းဝင်တဲ့အသင်းတွေအနေနဲ့ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်က ကျင်းပနေတဲ့ရှုံးထွက်ပြိုင်ပွဲမှာ ဝင်ပြိုင်ခွင့်ရဖို့အထိ တောင်းဆိုထားတယ်လို့ သိရပါတယ်။
From : ဒီဗွီဘီ By လွှမ်းမိုးအောင်
Originally published at - http://burmese.dvb.no/archives/205320
Subscribe to:
Post Comments (Atom)
No comments:
Post a Comment