မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Tuesday, December 6, 2016

ဘင်ဖီကာကို ၂ ဂိုး ၁ ဂိုးဖြင့် နိုင်ပြီး နာပိုလီ ချန်ပီယံလိဂ် နောက်တဆင့်တက် (ရုပ်သံဟိုက်လိုက်)




ချန်ပီယံလိဂ် အုပ်စု ဘီ နောက်ဆုံး ပွဲစဉ် မှာတော့ နာပိုလီက ဘင်ဖီကာကို ၂ ဂိုး ၁ ဂိုးနဲ့နိုင်ပြီး အုပ်စုဗိုလ် အဖြစ်နဲ့ နောက် တဆင့်ကို တက်ရောက် သွားပါတယ်။

ဒီဇင်ဘာ ၆ ရက်ညက ယှဉ်ပြိုင်တဲ့ ဒီပွဲဟာ နှစ်သင်း စလုံး အတွက် အုပ်စုဗိုလ်ဖြစ်ရေး အဆုံး အဖြတ် ပွဲစဉ်လည်း ဖြစ်ပါတယ်။

အဝေးကွင်းဖြစ်ပေမယ့်လည်း နာပိုလီက ခြေစွမ်းအသာနဲ့ ကစားနိုင်ခဲ့သလို ထိုးဖောက် ကန်သွင်းခွင့်လည်း ပိုရခဲ့တာပါ။

ဒီအုပ်စုမှာ နာပိုလီက ၁၁ မှတ်ရပြီး အုပ်စုဗိုလ်၊ ဘင်ဖီကာက ၈ မှတ်ရပြီး အုပ်စုဒုတိယနဲ့ ရှုံးထွက်အဆင့်ကို တက်လှမ်းသွားပါတယ်။



From : ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/178893

No comments:

Post a Comment