
ဒီဇင်ဘာ ၆ ရက် ညက ယှဉ်ပြိုင်တဲ့ ချန်ပီယံလိဂ် အုပ်စု ဒီ နောက်ဆုံး ပွဲစဉ် မှာတော့ ဘိုင်ယန် မြူးနစ်က အက်သလက် တီကို မက်ဒရစ် အသင်းကို ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရ ပေမယ့်လည်း အုပ်စု ဒုတိယ နဲ့ပဲ ရှုံးထွက် အဆင့်ကို တက်ရောက် သွားပါတယ်။
ဘိုင်ယန် အတွက် တလုံး တည်းသော အနိုင်ဂိုးကို တိုက်စစ်မှူး လီဝမ်ဒေါ့စကီးက သွင်းယူပေး ခဲ့တာပါ။
ပထမအကျော့ဆုံတုန်းက ဘိုင်ယန်က တဂိုး ဂိုးမရှိနဲ့ အက်သလက်တီကိုအသင်းကို ရှုံးထားပါတယ်။
ဒီပွဲမှာတော့ ဘိုင်ယန်က ဘောလုံးပိုင်ဆိုင်မှု အသာစီးယူနိုင်သလို ကန်သွင်းခွင့်လည်း ပိုရခဲ့ပါတယ်။
အက်သလက်တီကိုအသင်းက ဒီပွဲရှုံးပေမယ့် ၁၅ မှတ်ရပြီး အုပ်စုဗိုလ်အဖြစ်နဲ့ ရှုံးထွက်အဆင့်ကို တက်ရောက်သွားပါတယ်။
From : ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/178896

No comments:
Post a Comment